အပိုင်း ( ၅ ) ( Zawgyi )

Start from the beginning
                                    

အင်း ... ဒီတစ်ခေါက်လည်း သူ ဘယ်သူလဲဆိုတာကို ကိုကို သတိမထားမိသေးဘူးပဲ။

ကျောင်းကိုရောက်ဝောာ့ နည်းနည်းစောနေသေးသည့်အတွက် ကန်တင်းရှေ့က သစ်ပင်အုတ်ခုံတန်းပေါ်မှာ ဈာန်ရောင်ခ ထိုင်ကာ ဖုန်းသုံးပြီး ကိုကို့ကို စောင့်နေလိုက်သည်။ အချိန်တစ်ခဏအကြာ ကိုကို့တို့သူငယ်ချင်းအုပ်စု ကျောင်းထဲ ဝင်လာတာကို တွေ့လိုက်ရတော့ ဈာန်ရောင်ခရဲ့လည်ပင်းက ဆန့်သွားကာ ကိုကို့ကို လှမ်းမျှော်ကြည့်လိုက်သည်။

ကိုကိုတို့ ISH ဆောင်ထဲ ဝင်သွားသည်အထိ ကြည့်နေပြီးမှ ဈာန်ရောင်ခလည်း Popular Wall နားသွားကာ ရပ်စောင့်နေလိုက်သည်။ အင်္ဂလိပ်ဒီပလိုမာတန်းအတွက် ဖောင်ဖြည့်ရမဲ့နေရာက ISH ဆောင်ထဲမှာဆိုတာ ဈာန်ရောင်ခ ကြိုတင်သိနှင့်နေပြီးသားဖြစ်သည်။

ISH ဆောင်ကနေ ကိုကိုတို့ ပြန်ထွက်လာတာနဲ့ သူ့ကို တန်းမြင်ရအောင် တမင်သက်သက် ဒီ Popular Wall နားမှာ ဈာန်ရောင်ခ ဖုန်းသုံးနေသလိုလိုနဲ့ လာ‌ရပ်စောင့်နေရခြင်းဖြစ်သည်။

တကယ်ပါ။ ကိုကို့ကို ချစ်နေရတာက လုံးဝမလွယ်ဘူး။

ISH ဆောင်ကနေ ဘယ်အချိန်ထွက်လာမည်မှန်းမသိရတဲ့ ချစ်ရသူလေးကို စောင့်ဆိုင်းနေရသည်မှာ တစ်ကမ္ဘာလောက်ကြာမြင့်သည်ဟု ဈာန်ရောင်ခ ခံစားနေရသည်။

ကိုကို့မျက်နှာလေးကို တစ်ခဏလောက်မြင်လိုက်ရမည်ဆိုလျှင်တော့ ဈာန် အမောပြေသွားလိမ့်မည်ထင်ပါရဲ့။ ဟန်‌ဆောင်ပြီး ဖုန်းသုံးနေရပေမဲ့ အတွေးတွေကတော့ ကြောင်ပေါက်စလေးဆီမှာပဲ တဝဲလယ်လယ် ကပ်ငြိနေသည်။

ဖုန်းသုံးနေရင်း ခဏ‌အကြာ စိတ်ထဲတစ်မျိုးဖြစ်လာတာနဲ့ ဘေးပတ်ဝန်းကျင်ကို တစ်ချက်လှည့်ကြည့်မိတော့ သူ့ကို စိုက်ကြည့်နေတဲ့ ကြောင်ပေါက်စလေး။ ကိုကိုနှင့် အကြည့်ချင်းဆုံနေရသည့်အတွက်လည်း ဈာန်ရောင်ခတစ်ယောက် စိတ်ထဲမှာ တော်တော်ပျော်မြူးမိသွားသည်။

ဟန်မဆောင်နိုင်တော့ဘဲ လူက လက်လှမ်းပြမိကာ ကိုကိုရှိရာဘက်သို့ ခြေလှမ်းလိုက်တော့ ကိုကိုက မယုံသလိုလိုနဲ့ အနောက်ကိုတစ်ချက်လှည့်ကြည့်လိုက် သူ့ကိုပြန်ကြည့်လိုက် ဖြစ်နေရှာသည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now