အပိုင်း ( ၄ ) ( Zawgyi )

Start from the beginning
                                    

“ အေးနော် ... နင် ပြောတာလည်း ဟုတ်သားပဲ ... ဒါဆို သူက ကျောင်းတက်ချိန်လည်းမဟုတ်သေးဘဲ ကျောင်းကို ဘာလာလုပ်တာလဲ ... တစ်ယောက်ယောက်ကို အဖော်လိုက်လာပေးတာလား ”

“ ဈာန်ရောင်လိုလူက ဘယ်သူ့ကို အဖော်လိုက်ပေးမှာမို့လို့လဲ ... ဒါနဲ့ သူ့အပေါင်းအသင်းနှစ်‌ယောက်လည်းမပါဘူးနော် ... သူ တစ်ယောက်တည်း ကျောင်းကိုလာတာလားမသိဘူး ”

“ နင်ကလည်း ... သူက တာရာလေးနဲ့ လာချိန်းတွေ့နေတာနေမှာပေါ့ ... အဟိ ... ဟိုဝတ္ထုထဲမှာလည်း သူတို့က ချစ်သူတွေဖြစ်သွားကြ‌ပြီလေ ”

“ အပြင်မှာလည်း တကယ်ကြီးချစ်သူတွေဖြစ်သွားကြရင် ကောင်းမယ်ဟယ် ... စာရေးဆရာကိုယ်တိုင်က ဘာတစ်ခွန်းမှမပြောထားပေမဲ့ အပြင်မှာတော့ အဲ့ဝတ္ထုက တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပြီး သတင်းတွေပြန့်နေတာဟ ”

“ ဒါဆို ဈာန်နဲ့ တာရာလေးကလည်း တကယ့်ချစ်သူတွေဖြစ်နိုင်ချေများတာပဲ ”

“ ငါတို့ မပြန်သေးဘဲ စောင့်ကြည့်ရအောင် ... တာရာလေးရောက်လာရင် ဓာတ်ပုံခိုးရိုက်မယ် ... အဟိ ... ပြီးရင် ဖေ့စ်ဘုတ်ပေါ်တင်ပြီး ကြွားပစ်မယ် ”

“ ငါတို့ အတူတူစောင့်ကြည့်ကြတာပေါ့ဟာ ”

လေးဆက်တစ်ယောက်ကတော့ ကောင်မလေးတစ်သိုက်ထံမှ ကြားလိုက်ရသည့် ဈာန်တို့ တာရာတို့ဆိုသည့် အသံများကြောင့် မသိမသာတံတွေးမျိုချမိလိုက်သည်။ ပြဿနာသောင်းခြောက်ထောင်တက်တော့မည်ဟု ထင်ထားသော်ငြား ယခုချိန်ထိ ဘာမုန်တိုင်းမှ မတိုက်သေးဘဲ ငြိမ်သက်နေသည့်‌ လေးဆက်၏ဝတ္ထုအကြောင်း၊ ဇာတ်ကောင်တွေအကြောင်း ပြောနေကြသည်ကိုး။

အခုတလော လေးဆက်ကို မကြာခဏဒုက္ခပေးလေ့ရှိသည်က ဈာန်ရောင်ခဆိုသည့်အမည်နာမပင်ဖြစ်သည်။ ထိုအမည်ကို ကြားလိုက်သည်နှင့် လူက ကျောထဲစိမ့်သွားကာ အလိုလိုသတိကပ်ပြီးသားဖြစ်နေခဲ့သည်။ ဆင်ဖြူ့မျက်နှာ ဆင်မည်း မကြည့်ဝံ့ဆိုသည်မှာ လေးဆက်ကို ရည်ညွှန်းထားတာပင်ဖြစ်ရမည်။

အမှန်ပြောရမည်ဆိုလျှင် လေးဆက်မှာ အခုထိ ဈာန်ရောင်ခကို မမြင်ဖူးသေးပေ။ ဝတ္ထုထဲမှာ ထည့်ရေးထားသည့် ဈာန်ရောင်ခ၏ရုပ်ဆင်းသွင်ပြင်ကိုတော့ ဥဥပြောပြသည့်အချက်တွေနှင့် လေးဆက်ရဲ့စိတ်ကူးအတွေးတွေ ပေါင်းစပ်ကာ ဖန်တီးထားခြင်းဖြစ်သည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now