"နေပါစေ Tae ဘာသာ သွားပါ့မယ် "
ပြောပြီး ထရပ်တော့ ကိုယ်လေးမှာ ယိုင်ခနဲ...Jimin လှမ်းဖမ်းမိတော့ ရင်ခွင်ထဲပြိုကျလာတဲ့ကိုယ်လေးဆီက နို့ပေါင်ဒါနံ့လေးမှာသင်းခနဲ
သဘောကျစွာပြုံးမိရင်း....
"Tae တဲ့လား Hyg ကိုမလိမ်နဲ့ နာရင်နာတယ် အဆင်မပြေရင် အဆင်မပြေဘူး Hyg လို့သာပြောလိုက် အားမနာပါနဲ့ "
Jimin ကောင်လေးအားကြည့်ကာ ပြောတော့ ရင်ခွင်ထဲကရုန်းထွက်နေသောကိုယ်လေး..
အသာလေးလွှတ်ပေးလိုက်ရင်း စိတ်မချနိုင်စွာလက်မောင်းလေးအားကိုင်ထားမိသေးသည်
"ဟုတ်... အဲ့တာဆို Tae ခြေထောက်နာတယ် "
အားနာနေတဲ့မျက်နှာလေးနဲ့ ကောင်လေးရယ်ပါ
"ဒီလိုမှပေါ့ ဒါနဲ့ Tae ကို Hyg တောင်းပန်ပါတယ် Hyg ကားကိုအမြန်မောင်းမိလို့ Tae ထိခိုက်ရတာ "
"ရပါတယ်.. ဟို "
"Hyg လို့ပဲခေါ်ပါ Hyg နာမည်က Park Jimin "
"ဟုတ် Hyg...Tae နာမည်က Kim Taehyung "
"အာ့ဆို Tae စက်ဘီးပါ Hyg ကားပေါ်တင်ခဲ့မယ်နော် Hyg တို့သွားရအောင် "
"ဟုတ်"
................
"Wow...."
Park Jimin တစ်ယောက် မာနကြီးလွန်းလို့ ဘယ်သူမှတောင်ခေါ်မတင်ဘူးတဲ့ ပြိုင်ကားအဝါလေးပေါ်ကနေ ကောင်လေးတစ်ယောက်ကိုတွဲဆင်းလာတော့ တစ်ကျောင်းလုံး Wow ...
Jungkook မှာ Hoseok နဲ့ Jimin ရဲ့ပူပူနွေးနွေးရည်းစား ကျောင်းရဲ့ Queen Yuki နဲ့ ထိုင်နေရင်း ကျောင်းသားတွေရဲ့အသံကြောင့် ကြည့်မိတော့
သကောင့်သားက ကောင်လေးတစ်ယောက်ကိုတွဲထားရင်း မျက်နှာကိုကြည့်နေတဲ့အကြည့်တွေမှာများ ရွှန်းလဲ့လို့ရယ်
"ဟင် "
Jimin တွဲထားတဲ့ကောင်လေးကိုကြည့်မိတော့ ဟိုကောင်လေး Jungkook ဘယ်သူမှဂရုမစိုက်ပဲ Jimin တို့နားသွားမိကာ
"Kim Taehyung "
ခေါ်သံကြောင့် Jimin ရော Taehyung ပါလှည့်ကြည့်လာသည်..Jungkook ကိုလည်းမြင်ရော
"အော် အစ်ကိုလေး "
Jimin က အသိတွေလားဆိုတဲ့ပုံစံမျိုး Taehyung ကိုမျက်နှာရိတ်မျက်နှာကဲဖြင့်မေးတော့.. Jungkook က Jimin တွဲထားတဲ့ Taehyung ကို သူ့ဘက်ဆောင့်ဆွဲကာ
"Park Jimin မင်းသူနဲ့ပတ်သတ်စရာမလိုဘူး... သူကငါ့အပိုင် "
"အဟက် "
Jimin က အဟက်ခနဲရယ်ကာ Jungkook လက်ထဲက Taehyung ကိုပြန်ဆွဲလိုက်ပြီး
"Tae ကိုအခု ငါ့ကားနဲ့တိုက်မိလာလို့ Tae ခြေထောက်ပျောက်တဲ့အထိ ငါတာဝန်ယူမှာမလို့ မင်းငါတို့ကြားဝင်ပါစရာမလိုဘူး မင်းဘာသာ Yuki နဲ့နေပါ "
စကားအဆုံး နှစ်ယောက်ကြားမှာ အူကြောင်ကြောင်လေးနဲ့ကြည့်နေသော Taehyung မျက်နှာလေးအားကြည့်ကာ
"လာ Hyg ဆေးထည့်ပေးမယ် Tae သွားရအောင် "
တရွေ့ရွေ့ထွက်သွားသော ကျောပြင်နှစ်ခုအားကြည့်ပြီး Jungkook ဒေါသပုန်ထနေကာ
"တောက်...."
ခံရခက်စွာ တောက်ခေါက်မိတော့ ခုနကဝိုင်းကြည့်နေကြသော ကျောင်းသားကျောင်းသူများမှာ လူစုခွဲသွားကြသည်...
...ဘာလဲ Park Jimin ကိုဒေါသထွက်အောင် Yuki နဲ့မနက်စာအတူစားရေး Hoseok ကိုပါအကူအညီတောင်းထားတာလေ အခုတော့ သူကဒေါသထွက်နေရတဲ့အဖြစ်...
"Kim Taehyung ... မင်းကြောင့် အဲ့ဒါ...."
Unicode....
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-3
Start from the beginning
