"တောက် ..."
Jimin ဒီနေ့သူ့ရည်းစားပူပူနွေးနွေး Queen အလှပဂေးက Jungkook တို့ Hoseok တို့နဲ့အတူတူ ထိုင်ရင်းမနက်စာစားနေတာကို ကျောင်း Group ထဲကပုံကနေတဆင့်သိရသည်...
Jungkook အကြံဆိုတာသိသိချင်း ကျောင်းကိုအမြန်ရောက်အောင် မောင်းရင်း လမ်းမှာစက်ဘီးတစ်စီးနဲ့ချိတ်မိတော့ စိတ်ညစ်ညူးစွာတောက်ခေါက်မိရင်း...
ပုံမှန်ဆိုဂရုမစိုက်ပဲ ဆက်မောင်းသွားပေမယ့် အခုနောက်ကြည့်မှန်ထဲကတဆင့်မြင်နေရတဲ့ ခြေထောက်လေးကိုင်ကာ ညည်းညူနေတဲ့မျက်နှာနုနုကောင်လေးတစ်ယောက်ကိုတွေ့တော့ Jimin စိတ်တွေက ပစ်မထားသွားဖို့အချက်ပြနေသလို...
"ကောင်လေး "
အနားသွားကာ လဲကျနေတဲ့ကောင်လေးရဲ့စက်ဘီးအားထူပေးရင်း ခေါ်မိတော့....
...တစ်ဆိတ် ဒါယောကျာ်းလေးတဲ့လား ...
မော့ကြည့်လာတဲ့ မျက်ရည်တို့ပြည့်နေတဲ့မျက်ဝန်းဝိုင်းလေးတွေ နာကျင်မှုကြောင့်တဆတ်ဆတ်တုန်နေတဲ့နှုတ်ခမ်းသားရဲရဲလေးတွေနဲ့ မို့ဖောင်းဖောင်းပါးပြင်လေးနှစ်ဖက်မှာ သွေးကြောမျှင်နီနီလေးတွေကအစမြင်နေရကာ.. နှာတံစင်းစင်းလေးထိပ်မှာ မှဲ့နက်ကလေးတစ်လုံးကထင်းလင်းစွာ...
Park Jimin တို့ရင်ခုန်သံတွေတောင်မမှန်ချင်တော့
"......."
Jimin ကောင်လေးအားသတိလတ်လွတ်ငုံ့ကြည့်နေရင်း အခုမှသတိရကာ
"ခြေထောက် ထောက်လို့ရရဲ့လား လာလာ Hyg တွဲကူမယ် "
"ရပါတယ် .. ရမှာပါ "
Jimin တွဲကူမယ်ဆိုတာကို လက်လေးတကာကာနဲ့ငြင်းရင်း ထွက်လာတဲ့အသံသြရှရှလေး ....
...ဒုတ်.. ဒုတ်...
"ကျစ် ဒီနှလုံးသားကတော့ကွာ "
"ဗျာ "
"အာ မဟုတ်ပါဘူး... ဒါနဲ့ ကျောင်းက Uniform နဲ့ပဲ ကောင်လေးနဲ့ Hyg ကျောင်းတူတူပဲ လာပါ Hyg ကားနဲ့လိုက်ခဲ့"
Jimin လှုတ်ခတ်နေသော နှလုံးသားအားအသံတိတ်ဆဲမိရင်း ကျောင်းတူပုံရသော ကောင်လေးအားခေါ်နေမိသည်...
ESTÁS LEYENDO
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-3
Comenzar desde el principio
