Jungkook ခေါ်သံကြောင့်ကြည့်မိတော့ လှေကားခြေရင်းနားမှာ သူတို့ကျောင်းရဲ့ Uniform နဲ့မတ်တပ်ရပ်နေတဲ့ကောင်လေး..
"ဘာလဲ "
"ဟို Tae လေ ကျောင်းကိုလမ်းမသိလို့ အဲ့တာ "
"အဟက် မင်းကိုငါက ငါ့ကားနဲ့ခေါ်သွားမယ်လို့ထင်နေတာလား "
"ဟို မဟုတ်ပါဘူး... လမ်းမေးမလို့ပါ "
လက်လေးတကာကာနဲ့ရှင်းပြလာသော ကောင်လေးအား မဲ့ပြုံးနဲ့ပြန်ကြည့်ရင်း
"မင်းဘာသာ မင်းဖုန်းကနေမြေပုံထဲကကြည့်လေ ဒါလေးတောင်မရှာတတ်ဘူးလား "
Jungkook ပြောလိုက်တော့ မျက်ဝန်းဝိုင်းလေးတွေမှာ အနည်းငယ်ဖျော့တော့သွားသယောင်
"Tae မှာ ... ph မရှိဘူး"
Jungkook တစ်ခုခုပြောရန်ပြင်လိုက်စဉ်
"You got the smile...."
"Hello Hoseok ပြော..."
"........"
"လာပြီ..အခုပဲ လာမလို့ကွ မင်းကလည်း .."
Ph ချပြီးထွက်သွားတော့မယ့် Jungkook လက်မောင်းအား ဆုပ်ကိုင်လာတဲ့လက်လေးတစ်ဖက်
"ကျစ် ဘာလဲကွာ "
"Tae လမ်းမသိလို့ပါ "
"ကျစ် ပြသနာပဲ မင်းဘာသာလာတော့ကွာ မေးမြန်းပြီး ငါအရေးကြီးကိစ္စရှိတယ် ငါ့အချိန်ကိုမင်းကြောင့်မပုတ်စေနဲ့ကောင်လေး "
Taehyung သူ့အားရင့်သီးစွာပြောနေသော Jungkook မျက်နှာအား မယုံနိုင်သလိုလေးကြည့်ကာ ဆုပ်ကိုင်ထားမိသော သန်မာကျစ်လစ်နေတဲ့လက်မောင်းအားလွှတ်လိုက်ရင်း
"တောင်းပန်ပါတယ်အစ်ကိုလေး "
Taehyung စကားဆုံးတာနဲ့ တစ်ချက်ပင်ပြန်လှည့်မကြည့်ပဲ ထွက်သွားတော့သည်..
.................
Taehyung အားကျောင်းသွားရန် အန်တီကြီးက စက်ဘီးတစ်စီးဝယ်ပေးထားသည်...စက်ဘီးလေးစီးရင်း သူတက်ရမည့်ကျောင်းကိုလမ်းညွှန်ပေးတဲ့ဦးလေးကြီးတစ်ယောက်ကျေးဇူးကြောင့် ဟိုမေးဒီမေးဘဝမှလွတ်မြောက်သွားတော့သည်..
"ကျွီ... ဒုန်း"
"အာ့ "
စက်ဘီးလေးနင်းရင်း သီချင်းတအေးအေးနဲ့ Taehyung အား အနောက်က ပြိုင်ကားတစ်စီးမောင်းလာတဲ့အရှိန်နဲ့ချိတ်မိတော့ စက်ဘီးရောလူပါလဲကျသွားတော့သည်...
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-3
Start from the beginning
