သကောင့်သားက ကောင်လေးတစ်ယောက်ကိုတွဲထားရင်း မျက်နှာကိုကြည့်နေတဲ့အကြည့်တွေမှာများ ရွှန်းလဲ့လို့ရယ်

"ဟင် "

Jimin တွဲထားတဲ့ကောင်လေးကိုကြည့်မိတော့ ဟိုကောင်လေး Jungkook ဘယ်သူမှဂရုမစိုက်ပဲ Jimin တို့နားသွားမိကာ

"Kim Taehyung "

ခေါ်သံကြောင့် Jimin ရော Taehyung ပါလှည့်ကြည့်လာသည်..Jungkook ကိုလည်းမြင်ရော

"အော် အစ်ကိုလေး "

Jimin က အသိတွေလားဆိုတဲ့ပုံစံမျိုး Taehyung ကိုမျက်နှာရိတ်မျက်နှာကဲဖြင့်မေးတော့.. Jungkook က Jimin တွဲထားတဲ့ Taehyung ကို သူ့ဘက်ဆောင့်ဆွဲကာ

"Park Jimin မင်းသူနဲ့ပတ်သတ်စရာမလိုဘူး... သူကငါ့အပိုင် "

"အဟက် "

Jimin က အဟက်ခနဲရယ်ကာ Jungkook လက်ထဲက Taehyung ကိုပြန်ဆွဲလိုက်ပြီး

"Tae ကိုအခု ငါ့ကားနဲ့တိုက်မိလာလို့ Tae ခြေထောက်ပျောက်တဲ့အထိ ငါတာဝန်ယူမှာမလို့ မင်းငါတို့ကြားဝင်ပါစရာမလိုဘူး မင်းဘာသာ Yuki နဲ့နေပါ "

စကားအဆုံး နှစ်ယောက်ကြားမှာ အူကြောင်ကြောင်လေးနဲ့ကြည့်နေသော Taehyung မျက်နှာလေးအားကြည့်ကာ

"လာ Hyg ဆေးထည့်ပေးမယ် Tae သွားရအောင် "

တရွေ့ရွေ့ထွက်သွားသော ကျောပြင်နှစ်ခုအားကြည့်ပြီး Jungkook ဒေါသပုန်ထနေကာ

"တောက်...."

ခံရခက်စွာ တောက်ခေါက်မိတော့ ခုနကဝိုင်းကြည့်နေကြသော ကျောင်းသားကျောင်းသူများမှာ လူစုခွဲသွားကြသည်...

...ဘာလဲ Park Jimin ကိုဒေါသထွက်အောင် Yuki နဲ့မနက်စာအတူစားရေး Hoseok ကိုပါအကူအညီတောင်းထားတာလေ အခုတော့ သူကဒေါသထွက်နေရတဲ့အဖြစ်...

"Kim Taehyung ... မင်းကြောင့် အဲ့ဒါ...."

Unicode....

Taehyung ပျော်ရွှင်နေသည်... ဒီနေ့ကျောင်းစတက်ရမည်မဟုတ်လား...အပေါ်ထပ်ကနေဆင်းလာမည့် အစ်ကိုလေး Jungkook ကိုလှေကားခြေရင်းက သူ့အခန်းလေးနားကနေထွက်စောင့်နေမိသည်..

...ဟော လေလေးတချွန်ချွန်နဲ့ဆင်းလာတဲ့ အိမ်ကြီးသခင်လေး...

"အစ်ကိုလေး"

💜 Lovely Tae 💜 (Completed)Donde viven las historias. Descúbrelo ahora