အခုလည်း Taehyung ဆိုတဲ့ကောင်လေးကို ငယ်တုန်းကပူဆာတာကိုမှတ်ထားပြီး ဝယ်ပေးတာတဲ့..တစ်ခါမှမတွေးဖူးဘူး သက်ရှိလူသားတစ်ယောက်က သူ့အပိုင်ဖြစ်လာလိမ့်မယ်လို့..
ကျွီ...
ပွင့်ဟသွားသောတံခါးကြောင့် အတွေးတို့ရပ်ရင်းကြည့်မိတော့ သူ့အပိုင်ဆိုတဲ့ကောင်လေး
"ဟို ဝင်လာလို့ ရ... ရမလား အစ်ကိုလေး "
အသံသြရှရှလေးနဲ့အတူ ခပ်တိုးတိုးခွင့်တောင်းသံလေး
"ရတယ် ဝင်ခဲ့ "
Jungkook လှဲနေရာက ကုတင်စွန်းမှာထိုင်လိုက်ရင်း
"ဘာကိစ္စလဲ "
ကောင်လေးက မရဲတရဲလေးကြည့်ပြီး
"အစ်ကိုလေး နှုတ်ခမ်းယောင်နေတာတွေ့လို့ ဆေးထည့်ပေးမလို့ပါ "
"မင်းနဲ့ဆိုင်လား "
"ဗျာ "
"ဟုတ်တယ်လေ ငါ့ဘာသာဘာဖြစ်ဖြစ်မင်းနဲ့ဆိုင်လားလို့ "
"ဟို အန်တီကြီးက... အစ်ကိုလေး လိုတာလုပ်ပေးလိုက်ပါတဲ့ အဲ့တာကြောင့် "
"အော် တီတီလေးခိုင်းထားတာလားမင်းကို ..."
"ဟုတ်ပါတယ် "
"ဒါပေမယ့် ငါကရတယ် ဆေးထည့်ဖို့မလိုဘူး ပြန်ယူသွားလိုက် "
"ဒါ.. ဒါပေမယ့် "
"ကောင်လေး ..."
အနည်းငယ်မာသွားတဲ့ Jungkook အသံကြောင့် ကောင်လေးကိုယ်လေးမှာဆတ်ခနဲတုန်သွားခဲ့သည်
"မင်းကိုငါပိုင်တာဆိုရင် မင်းငါ့စကားကိုအထွန့်မတက်နဲ့ ပြောတာနားထောင် "
"ဟုတ် "
ထွက်သွားရန်ပြင်နေတဲ့ကောင်လေးအားကြည့်ကာ တစ်ခုခုသတိရဟန်နဲ့
"ခန "
လှည့်ကြည့်လာတဲ့ကောင်လေး
"မင်း ငါ့ကိုမိတ်မဆက်ရသေးဘူးနော် ငါ့နာမည်ရောမင်းသိရဲ့လား "
"သိပါတယ် အစ်ကိုလေး Jeon Jungkook ပါ.."
"မင်းကိုယ်မင်းမိတ်ဆက် မျိုးရိုးနာမည်ရယ် အသက်ရယ် ဘာလို့ဒီအိမ်ကမင်းကိုဝယ်တာကို လက်ခံလိုက်တာလဲဆိုတာရယ် "
"Kim Taehyung ပါ မျိုးရိုးက Kim .. အသက်က ၁၅ နှစ်ပါ ... ဒီအိမ်ကိုမေမေလွှတ်လို့ရောက်လာတာပါ "
Jungkook ရှေ့ကရပ်နေသောကောင်လေးအားကြည့်မိတော့ နွမ်းဖတ်နေတဲ့အဝတ်အစားနဲ့ ဆံပင်လေးတွေကနဖူးထိအုပ်ပြီးဝဲကျနေကာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နဲ့ကောင်လေး... မျက်လုံးဝိုင်းလေးတွေနဲ့ကောင်လေးကအဖြူထည်လေးပင်ဖြစ်မည်..
"မင်းမေမေကရော "
"ဆုံးသွားပါပြီ "
မျက်တောင်ရှည်ရှည်တို့အား ပုတ်ခတ်ပုတ်ခတ်နဲ့ ခေါင်းငုံ့ချထားတဲ့ကောင်လေးကိုကြည့်ပြီး Jungkook ဆက်မမေးသင့်တော့တာကြောင့်
"မင်းအခန်းမင်း ပြန်လို့ရပြီ ငါမခေါ်မချင်း မလာခဲ့နဲ့ငါ့အခန်းကို "
"ဟုတ်ကဲ့ အစ်ကိုလေး "
တရွေ့ရွေ့ထွက်သွားသောကောင်လေးကိုကြည့်ပြီး Jungkook ရင်ထဲနေလို့မကောင်း
..ဘာလည်း အသည်းနှလုံးမရှိဘူးလို့ နာမည်ကြီးတဲ့ Jeon Jungkook က လူတစ်ယောက်ကိုသနားတာလား အဟက် ....
30.12.2020
Happy Birthday ပါ TaeTae လေးရေ..
အမြဲတမ်း BOX Smile လေးပေါ်အောင်ပြုံးရွှင်နေနိုင်ပြီး ချစ်ရတဲ့ Jungkookie နဲ့ အနှစ်တစ်ရာတိုင်အတူနေနိုင်ပါစေ .. Borahae..😍
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-2
Start from the beginning
