အန်ကယ်ကြီးက

"သား အထက်တန်းကျောင်းပြီးတော့မှာနော် အထက်တန်းပြီးတာနဲ့ US ကို ကျောင်းသွားတက်ရမယ် ၁၀ နှစ်လောက်ပေါ့ ကျောင်းတက်ရင်း သားဝါသနာပါတဲ့ PD အလုပ်ကိုသင်ပေါ့ ဒီပြန်ရောက်တာနဲ့ သားကို Ent တစ်ခုထောင်ပေးမယ် "

"တကယ်လား အန်ကယ်ကြီး သားဝါသနာကိုလုပ်ခွင့်ပေးမှာလား "

"ဒါပေါ့သား"

Jungkook ပျော်နေတော့သည်... သူ့ဝါသနာက Ent အကြီးကြီးထောင်ပြီး အောင်မြင်တဲ့ Model တွေ မွေးထုတ်ပေးရန်သာ...

"ဒါဆို ဒီကောင်လေးကရော "

Jungkook မေးတော့ ကောင်လေးက တအံ့တသြလေးကြည့်လာသည်

"သားသဘောပဲလေ သားအပိုင်ပဲဟာသူက "

Taehyung ဘာမှဝင်မပြောရပေ.. ပြောစရာလည်းမရှိ သူကအပိုလူရယ်သာ... အရှေ့မှာထိုင်နေတဲ့ အစ်ကိုလေး Jungkook ကိုသာ မရဲတရဲလေးခိုးကြည့်မိသည်

....ချောလိုက်တာ အစ်ကိုလေးက ဒါနဲ့ နှုတ်ခမ်းထောင့်ကအနည်းငယ်ယောင်နေသလို "

"Taehyung ဟဲ့ ကောင်လေး "

"ဗျာ "

Jungkook ကိုငေးနေတာနဲ့ အန်တီကြီးခေါ်သံကိုသူမကြား

"မင်းရော ကျောင်းတက်ချင်လား "

Taehyung ဝမ်းသာသွားသည် .. ပညာရေးတစ်ခန်းရပ်ပြီဟုထင်မိသော်လည်း ... အခုတော့

"ဟုတ် တက်ချင်ပါတယ် "

အန်ကယ်ကြီးဆိုသူက

"ဒါဆို မင်းအစ်ကိုလေးကျောင်းမှာအပ်ပေးထားမယ် ကျောင်းတက်ရင်း မင်းအစ်ကိုလေး US မသွားခင် စောင့်ရှောက်ပေးလိုက် သူလိုတာအကုန်လုပ်ပေးလိုက် "

"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ အန်ကယ်ကြီး "

Jungkook စားသောက်ပြီးထထွက်သွားတော့  အန်တီကြီးက

"Taehyung နင့်အစ်ကိုလေးနောက်လိုက်သွား သူလိုတာလုပ်ပေးလိုက် "

်"ဟုတ် "

Jungkook အခန်းထဲရောက်တော့ အိပ်ရာပေါ်လှဲချကာ

...Taehyung တဲ့ အဲ့ဒီကောင်လေးကို သူပိုင်သည်တဲ့လေ ငယ်တုန်းက မေမေကညီလေးမွေးပေးမယ်ကတိပေးပြီး ကင်ဆာနဲ့ဆုံးသွားတော့ ဘာညီလေးမှမရလိုက် ငိုယိုပြီးပူဆာမိတာက ညီလေးတစ်ယောက်ဝယ်ပေးဖို့ပင်.. အခုတော့ ဖေဖေပါမေမေ့စိတ်နဲ့ ဆုံးပါးသွားပြီးကတည်းက အထီးကျန်လာတဲ့ Jungkook ကို ဖေဖေ့အစ်ကိုနဲ့အစ်မက ပိုးမွေးသလိုဥထားသည်...ကလေးအတွေးနဲ့ပြောသမျှပူဆာသမျှကို မျက်နှာတစ်ချက်မပျက်ရအောင်ထားကြသည်..

💜 Lovely Tae 💜 (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ