"ဟား Park Jimin ဆိုတဲ့အကောင်မင်းကငါ့ကိုလာစမ်းနေတာပဲ အဟက် "
Jungkook နဲ့ Jimin မှာ အထက်တန်းကျောင်းတက်နေကြပြီး Section A က King မှာ Jungkook ဖြစ်ပြီး Section B က King မှာ Jimin ဖြစ်သည်..
နှစ်ယောက်လုံးက ငယ်ကတည်းကရင်းအပြိုင်အဆိုင် အခုလည်းကြည့်လေ သူတို့ကျောင်းရဲ့ Queen ကို Jungkook လိုက်နေတာကို Jimin ကသိပြီး Jimin ချစ်သူဖြစ်အောင်ဖြတ်လုလိုက်ခြင်းပင်
Jungkook သိသွားတော့ ကျောင်းဆင်းချိန် Jimin နဲ့တွေ့ပြီးစကားများကြရာ နှစ်ယောက်လုံးထိုးကြိတ်ကြရင်းဖူးယောင်လို့ရယ်..
မှန်ရှေ့မှာရပ်ကြည့်နေရင်း ဟိုကောင်ထိုးထားတဲ့ဒဏ်ရာကို ညစာစားချိန် အန်ကယ်ကြီးနဲ့တီတီလေးမသိအောင် ဘယ်လိုဖုံးရမလည်းအကြံထုတ်နေမိသည်..
ဒေါက်..ဒေါက်...
"သားငယ်လေး အထဲမှာလား "
ဗုဒ္ဓေါ တီတီလေး....
"ဗျာ တီတီလေး "
"ရေချိုးပြီးအောက်ဆင်းလာခဲ့ဦး တီတီလေးတို့ပြောစရာရှိလို့ "
"ဟုတ်ကဲ့ တီတီလေး "
..................
Jungkook ဆင်းလာတော့ ထမင်းစားခန်းမှာ အန်ကယ်ကြီးနဲ့တီတီလေးအပြင် ကောင်လေးတစ်ယောက်ပါရှိနေသည်...
ခပ်တည်တည်ဝင်ထိုင်ရင်း အရှေ့ကကောင်လေးကိုတစ်ချက်ကြည့်ပြီး စားစရာရှိတာသာဆက်စားနေလိုက်သည်...
"သားငယ်လေး "
"ဗျာ "
"ဒီကောင်လေးက သားငယ်လေးအတွက်ခေါ်လာခဲ့တာ အရင်ကသားငယ်လေးပြောဖူးတယ်လေ ညီလေးတစ်ယောက်လောက်ဝယ်ပေးလို့ "
တီတီလေး စကားအဆုံး အရှေ့ကကောင်လေးကိုကြည့်မိတော့ ခေါင်းလေးကိုအစွမ်းကုန်ငုံ့ချထားသည်..
"တီလေးကလည်း သားငယ်တုန်းကမလို့ ပြောတာပါ လူတစ်ယောက်ကို ဘယ်လိုလုပ်ဝယ်လို့ရမှာလည်း "
"ဒါမယ့် တကယ်ပြောတာ သူ့ကို ဝမ်သန်းတစ်ရာနဲ့လဲထားတာ သူ့အမေဆီကနေ "
"ဗျာ "
နေပါဦး ဘယ်လိုမိဘကများ သားသမီးကိုပိုက်ဆံနဲ့လဲလို့လည်း...
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-2
Start from the beginning
