"မင်းကိုငါပိုင်တာဆိုရင် မင်းငါ့စကားကိုအထွန့်မတက်နဲ့ ပြောတာနားထောင် "
"ဟုတ် "
ထွက်သွားရန်ပြင်နေတဲ့ကောင်လေးအားကြည့်ကာ တစ်ခုခုသတိရဟန်နဲ့
"ခန "
လှည့်ကြည့်လာတဲ့ကောင်လေး
"မင်း ငါ့ကိုမိတ်မဆက်ရသေးဘူးနော် ငါ့နာမည်ရောမင်းသိရဲ့လား "
"သိပါတယ် အစ်ကိုလေး Jeon Jungkook ပါ.."
"မင်းကိုယ်မင်းမိတ်ဆက် မျိုးရိုးနာမည်ရယ် အသက်ရယ် ဘာလို့ဒီအိမ်ကမင်းကိုဝယ်တာကို လက်ခံလိုက်တာလဲဆိုတာရယ် "
"Kim Taehyung ပါ မျိုးရိုးက Kim .. အသက်က ၁၅ နှစ်ပါ ... ဒီအိမ်ကိုမေမေလွှတ်လို့ရောက်လာတာပါ "
Jungkook ရှေ့ကရပ်နေသောကောင်လေးအားကြည့်မိတော့ နွမ်းဖတ်နေတဲ့အဝတ်အစားနဲ့ ဆံပင်လေးတွေကနဖူးထိအုပ်ပြီးဝဲကျနေကာ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နဲ့ကောင်လေး... မျက်လုံးဝိုင်းလေးတွေနဲ့ကောင်လေးကအဖြူထည်လေးပင်ဖြစ်မည်..
"မင်းမေမေကရော "
"ဆုံးသွားပါပြီ "
မျက်တောင်ရှည်ရှည်တို့အား ပုတ်ခတ်ပုတ်ခတ်နဲ့ ခေါင်းငုံ့ချထားတဲ့ကောင်လေးကိုကြည့်ပြီး Jungkook ဆက်မမေးသင့်တော့တာကြောင့်
"မင်းအခန်းမင်း ပြန်လို့ရပြီ ငါမခေါ်မချင်း မလာခဲ့နဲ့ငါ့အခန်းကို "
"ဟုတ်ကဲ့ အစ်ကိုလေး "
တရွေ့ရွေ့ထွက်သွားသောကောင်လေးကိုကြည့်ပြီး Jungkook ရင်ထဲနေလို့မကောင်း
..ဘာလည်း အသည်းနှလုံးမရှိဘူးလို့ နာမည်ကြီးတဲ့ Jeon Jungkook က လူတစ်ယောက်ကိုသနားတာလား အဟက် ....
30.12.2020
Happy Birthday ပါ TaeTae လေးရေ..
အမြဲတမ်း BOX Smile လေးပေါ်အောင်ပြုံးရွှင်နေနိုင်ပြီး ချစ်ရတဲ့ Jungkookie နဲ့ အနှစ်တစ်ရာတိုင်အတူနေနိုင်ပါစေ .. Borahae..😍
Unicode...
Jungkook အိမ်ပြန်ရောက်တော့ လွယ်လာသောကျောပိုးအိတ်အား ကုတင်ပေါ်ပစ်ချရင်း နှုတ်ခမ်းထောင့်မှ စိမ့်ထွက်နေသော သွေးစအနည်းငယ်အားလက်ဖြင့်ဖိပွတ်လိုက်ပြီး
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-2
Start from the beginning
