်"ဟုတ် "

Jungkook အခန်းထဲရောက်တော့ အိပ်ရာပေါ်လှဲချကာ

...Taehyung တဲ့ အဲ့ဒီကောင်လေးကို သူပိုင်သည်တဲ့လေ ငယ်တုန်းက မေမေကညီလေးမွေးပေးမယ်ကတိပေးပြီး ကင်ဆာနဲ့ဆုံးသွားတော့ ဘာညီလေးမှမရလိုက် ငိုယိုပြီးပူဆာမိတာက ညီလေးတစ်ယောက်ဝယ်ပေးဖို့ပင်.. အခုတော့ ဖေဖေပါမေမေ့စိတ်နဲ့ ဆုံးပါးသွားပြီးကတည်းက အထီးကျန်လာတဲ့ Jungkook ကို ဖေဖေ့အစ်ကိုနဲ့အစ်မက ပိုးမွေးသလိုဥထားသည်...ကလေးအတွေးနဲ့ပြောသမျှပူဆာသမျှကို မျက်နှာတစ်ချက်မပျက်ရအောင်ထားကြသည်..

အခုလည်း Taehyung ဆိုတဲ့ကောင်လေးကို ငယ်တုန်းကပူဆာတာကိုမှတ်ထားပြီး ဝယ်ပေးတာတဲ့..တစ်ခါမှမတွေးဖူးဘူး သက်ရှိလူသားတစ်ယောက်က သူ့အပိုင်ဖြစ်လာလိမ့်မယ်လို့..

ကျွီ...

ပွင့်ဟသွားသောတံခါးကြောင့် အတွေးတို့ရပ်ရင်းကြည့်မိတော့ သူ့အပိုင်ဆိုတဲ့ကောင်လေး

"ဟို ဝင်လာလို့ ရ... ရမလား အစ်ကိုလေး "

အသံသြရှရှလေးနဲ့အတူ ခပ်တိုးတိုးခွင့်တောင်းသံလေး

"ရတယ် ဝင်ခဲ့ "

Jungkook လှဲနေရာက ကုတင်စွန်းမှာထိုင်လိုက်ရင်း

"ဘာကိစ္စလဲ "

ကောင်လေးက မရဲတရဲလေးကြည့်ပြီး

"အစ်ကိုလေး နှုတ်ခမ်းယောင်နေတာတွေ့လို့ ဆေးထည့်ပေးမလို့ပါ "

"မင်းနဲ့ဆိုင်လား "

"ဗျာ "

"ဟုတ်တယ်လေ ငါ့ဘာသာဘာဖြစ်ဖြစ်မင်းနဲ့ဆိုင်လားလို့ "

"ဟို အန်တီကြီးက... အစ်ကိုလေး လိုတာလုပ်ပေးလိုက်ပါတဲ့ အဲ့တာကြောင့် "

"အော် တီတီလေးခိုင်းထားတာလားမင်းကို ..."

"ဟုတ်ပါတယ် "

"ဒါပေမယ့် ငါကရတယ် ဆေးထည့်ဖို့မလိုဘူး ပြန်ယူသွားလိုက် "

"ဒါ.. ဒါပေမယ့် "

"ကောင်လေး ..."

အနည်းငယ်မာသွားတဲ့ Jungkook အသံကြောင့် ကောင်လေးကိုယ်လေးမှာဆတ်ခနဲတုန်သွားခဲ့သည်

💜 Lovely Tae 💜 (Completed)Where stories live. Discover now