"ဒါမယ့် တကယ်ပြောတာ သူ့ကို ဝမ်သန်းတစ်ရာနဲ့လဲထားတာ သူ့အမေဆီကနေ "
"ဗျာ "
နေပါဦး ဘယ်လိုမိဘကများ သားသမီးကိုပိုက်ဆံနဲ့လဲလို့လည်း...
အန်ကယ်ကြီးက
"သား အထက်တန်းကျောင်းပြီးတော့မှာနော် အထက်တန်းပြီးတာနဲ့ US ကို ကျောင်းသွားတက်ရမယ် ၁၀ နှစ်လောက်ပေါ့ ကျောင်းတက်ရင်း သားဝါသနာပါတဲ့ PD အလုပ်ကိုသင်ပေါ့ ဒီပြန်ရောက်တာနဲ့ သားကို Ent တစ်ခုထောင်ပေးမယ် "
"တကယ်လား အန်ကယ်ကြီး သားဝါသနာကိုလုပ်ခွင့်ပေးမှာလား "
"ဒါပေါ့သား"
Jungkook ပျော်နေတော့သည်... သူ့ဝါသနာက Ent အကြီးကြီးထောင်ပြီး အောင်မြင်တဲ့ Model တွေ မွေးထုတ်ပေးရန်သာ...
"ဒါဆို ဒီကောင်လေးကရော "
Jungkook မေးတော့ ကောင်လေးက တအံ့တသြလေးကြည့်လာသည်
"သားသဘောပဲလေ သားအပိုင်ပဲဟာသူက "
Taehyung ဘာမှဝင်မပြောရပေ.. ပြောစရာလည်းမရှိ သူကအပိုလူရယ်သာ... အရှေ့မှာထိုင်နေတဲ့ အစ်ကိုလေး Jungkook ကိုသာ မရဲတရဲလေးခိုးကြည့်မိသည်
....ချောလိုက်တာ အစ်ကိုလေးက ဒါနဲ့ နှုတ်ခမ်းထောင့်ကအနည်းငယ်ယောင်နေသလို "
"Taehyung ဟဲ့ ကောင်လေး "
"ဗျာ "
Jungkook ကိုငေးနေတာနဲ့ အန်တီကြီးခေါ်သံကိုသူမကြား
"မင်းရော ကျောင်းတက်ချင်လား "
Taehyung ဝမ်းသာသွားသည် .. ပညာရေးတစ်ခန်းရပ်ပြီဟုထင်မိသော်လည်း ... အခုတော့
"ဟုတ် တက်ချင်ပါတယ် "
အန်ကယ်ကြီးဆိုသူက
"ဒါဆို မင်းအစ်ကိုလေးကျောင်းမှာအပ်ပေးထားမယ် ကျောင်းတက်ရင်း မင်းအစ်ကိုလေး US မသွားခင် စောင့်ရှောက်ပေးလိုက် သူလိုတာအကုန်လုပ်ပေးလိုက် "
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ အန်ကယ်ကြီး "
Jungkook စားသောက်ပြီးထထွက်သွားတော့ အန်တီကြီးက
"Taehyung နင့်အစ်ကိုလေးနောက်လိုက်သွား သူလိုတာလုပ်ပေးလိုက် "
KAMU SEDANG MEMBACA
💜 Lovely Tae 💜 (Completed)
Fiksi PenggemarTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-2
Mulai dari awal
