အခန်း ၁၀ (Z + U)

Start from the beginning
                                    

"ညက ထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်တယ်။ ငါက ဘိုးတော်ဘုရားလက်ထက် အဲ ၁၈၀၀ ခုနှစ်ကို ပြန်ရောက်သွားတာတဲ့။ အဲဒီမှာ အိမ်ရှေ့စံဖြစ်မယ့် ကောင်လေးချောချောလေးတစ်ယောက်နဲ့ ဆုံသေးတယ်။ သူ့မှာ အမြဲတမ်း မျက်နှာဆူပုပ်နေတဲ့ ညီတစ်ကောင်လည်းရှိသေး။ "

သုန္ဓက စောယွန်း၏ ပါးကို လက်ညိုးဖြင့် ခပ်ဖွဖွထိုးသည်။

"ပီအိုက်?"

စောယွန်းက အသံထွက်သည်အထိ
ရယ်ပြန်သည်။

"သူက ငါ့ကို ပီအိုက်လို့ ခေါ်သေးတာ။ ခိခိ။"

"ဒီမယ် ပီအိုက် --။"

"ဘာလဲ ပူတူတူးလေး --- အမလေး !"

စောယွန်းက စကားတစ်ဝက်တွင် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ သုန္ဓ မြင်လိုက်ကာ တွန်းဖယ်လိုက်ပြီး မျက်လုံးအဝိုင်းသားနှင့် ပြန်ကြည့်နေသည်။ သုန္ဓကမူ နှုတ်ခမ်းကို တစ်ဖက်စောင်းလျက် ပြုံးနေသည်။

"ဘာလဲ--ဒါက အိပ်မက်မဟုတ်ပဲ၊ ၂၁ ရာစုမှာ
ဟိုကောင်တွေနဲ့ အရက်သောက်တယ်ဆိုတာက အိပ်မက်ဖြစ်နေတာလား ဝှက်သယ်ဖာ့!!!"

သည်ဘက် အတိတ်ကာလကို ရောက်လာသည်မှာ လအတော်ကြာပြီဖြစ်သော်ငြား
စောယွန်း၏ မသိစိတ်က သူ့ကိုယ်သူအချိန်နောက်ပြန်ရောက်လာသည်ဟု လက်မခံချင်သေးပေ။

"တောင်းပန်ပါတယ်၊ ပြီးတော့ ကျေးဇူးတင်ပါတယ်..."

စောယွန်းက အားတုံ့အားနာနှင့် ပြောသည်။
သုန္ဓကမူ စောယွန်း၏ ကြောင်တောင်တောင် အပြုအမူများနှင့် စကားများကို ကျင့်သားရနေသည့်နှယ် ခေါင်းသာညိတ်သည်။

"ဒီနေ့ အားလပ်ရက်မို့ ပီအိုက် ပြန်အိပ်ချင်အိပ်ပါလေ။"

စောယွန်းက ခေါင်းခါလိုက်ပြီး ထိုင်လျက်ပင်
ခါးကို ဘယ်ညာလှည့်လိုက်သည်။

"ဟင့်အင်း၊ မအိပ်တော့ပါဘူး။ နောင့်စိုင်း၊
ခဏနေ မနက်စာစားပြီးရင် စာကြည့်ခန်းကို လိုက်ခဲ့ပါလား ?"

မခေါ်လည်းလိုက်မည့်သူဖြစ်သော်ငြား စောယွန်းက အခြားသူများထက် သုန္ဓနှင့် ပို၍  တိုင်ပင်ချင်သေးသည်။ မနေ့ညက အမှုကိစ္စဆွေးနွေးရန်ပင် ဝေးစွ၊ အခန်းသို့ မည်သို့ ပြန်ရောက်လာသည်ကိုပင် သတိမရပေ။

ဟေမန္တအလွန်Where stories live. Discover now