"ပြော..."

"ဟိုလေ တကယ်ဆို bossတပည့်တွေကစာသင်စရာမှမလိုတာ ...ဘာလို့များကွယ် ပိုက်ဆံကုန်အချိန်ကုန်ခံနေရတာလဲ။alive အတွက် အလုပ်ပေးတယ်လို့ဆိုပေမဲ့...သူမှ ဒီအလုပ်ကိုမလုပ်ချင်တာကွယ်....boss တပည့်တွေကလည်း စာကိုစိတ်မဝင်စားပါဘူး  အချိန်ပြည့်သူတို့ဦးနှောက်ထဲမှာ သေနတ်ကိုဘယ်လိုပစ်ရလဲ ပဲတွေးနေတာလေ...နှစ်ဦးနှစ်ဖက်ပင်ပန်းပါတယ်.."

ဒေါ်သန်းမြင့်သည် ဒီလျှိုထဲကိုရောက်သည်မှာ ၁၀နှစ်ကျော်ပြီ။သူမသည် ဒီစခန်းအတွက်အစားအစာတွေကို ချက်ပေးရတဲ့သူတစ်ယောက်ဖြစ်သည်။ စခန်းလို့ ခေါ်သော်လည်း အမှန်တော့ သုံးထပ်ပါတဲ့ အိမ်ကြီးတစ်လုံးပင်...အစကတော့ သူမဒီမှာနေရမှာကြောက်ပေမဲ့...အခုချိန်မှာတော့ ဒီနေရာကနေဘယ်မှထွက်သွားချင်ပေ။

လူမိုက်တွေ...မှောင်ခိုလုပ်ငန်းကို လုပ်ကိုင်ကြတဲ့လူတွေပေမဲ့...သူမနေမှာနေတာကြာလာတာနဲ့အမျှ သူတို့တွေကတကယ်လူကောင်းတွေဖြစ်ကြောင်းသိလာရသည်။မျက်နှာဖုံးအောက်က လူတွေထက်တော့ သူတို့တွေကအပုံကြီးသာပါတယ်လေ။

သူမသည် သူတို့အားလုံးအပေါ်မှာ တကယ့်ဆွေမျိုးသားချင်းလိုကိုဖြစ်နေသည်။Boss ပေါ်မှာဆိုပိုလို့တောင် အချစ်ပိုမိသေးသည်။ bossလို ဖြူဖြူဥဥ နဲ့လူကောင်းသေးသေးလေးက အမှောင်လောက ရဲ့ဘုရင်တစ်ပါးဆိုတာ သူမ စ,စချင်းမှာတကယ်ကိုမယုံခဲ့ပေ။

ဒါပေမဲ့ bossရဲ့မျက်လုံးတွေကတော့ အမြဲကျားရဲ့တစ်ကောင်လိုဖြစ်နေသည်။အလုပ်ကိစ္စမှာ တစ်ခုခုမှားယွင်းတာမျိုးကို မကြားဖူးလောက်အောင်ထိကို bossက တိကျသေချာပြီး လက်ရဲဇက်ရဲရှိသည်။

အေးပေါ့လေ...ရှမ်းပြည်ရဲ့ တောင်ပိုင်း ထိုင်းနယ်စပ်နှင့်သိပ်မနီးမဝေးတွင်ရှိသော ဒီနေရာ၊ဒီလျှိုထဲကို အပြင်သူတွေတောင် မျက်စိလည်လမ်းမှားဖို့မဖြစ်နိုင်ပေ။Bossရဲ့ တိကျခြင်းတွေကို ဒီစံအိမ်ကိုကြည့်ခြင်းဖြင့်ပင်သိနိုင်သည်။

"ရှင်သန်ခြင်းက စာသင်မှကိုရမှာ..."

"ကလေးက အေးပါတယ်ကွယ်...ကြီးသန်း စျေးမှာတွေတဲ့နေ့တုန်းက ဗိုက်တွေဆာလို့တစ်ကိုယ်လုံး တုန်နေတာတောင် စကားတခွန်းမပြောဘူး၊အခုသူ စကားတွေအများကြီးပြောနေရတာ ....သူနဲ့ဒီအလုပ်မကိုက်ဘူးလို့ ကြီးသန်းထင်လို့ပါ"

Neverless (Completed)Where stories live. Discover now