"ကျေးဇူးတင်ပါတယ် ဆရာ"

နေကမ္ဘာ့အား သီသန့်အခန်းတွင်ထားပြီးသည့်တိုင်အောင် သူတို့သုံးယောက်လုံးသည် အိမ်သို့ပြန်ရန်အစီစဥ်မရှိပေ၊ထို့ကြောင့် တည်ငြိမ်ခြင်း ကပဲလိုအပ်သည်များယူရန်အတွက် အိမ်သို့ပြန်ရသည်။

"သုတ ကိုလေး ဘာဝယ်ခဲ့ပေးရမလဲ...ဘာစားချင်လဲ"

"ကျတော် မဝင်လောက်ဘူး ကိုလေး"

"အဆင်ပြေတာတစ်ခုခုလုပ်ခဲ့မယ်"

သုတသည် နေကမ္ဘာ့၏လက်ကို ကိုင်ထားလျက်ကပင် ခေါင်းငြိမ့်ပြလေသည်။သူ့စိတ်ထဲတွင် Kamက သူ့ကိုမတွေ့လို့ လိုက်ရှာရင်း ကားနဲ့တိုက်သည်ပဲထင်နေသည်။တကယ့် အကြောင်းအရင်းကို သူအခုထိမသိသေးပေ။

တည်ငြိမ်ခြင်းသည် အိမ်သို့အရောက် အိမ်ဝ တွင်ကြားလိုက်ရသော ငိုသံကြောင့် ပိုလို့ပင်ခေါင်းကြီးသွားလေသည်။

"ဘာဖြစ်တာလဲ....သမီးဘာဖြစ်လို့လဲ"

"မ'ကိုယ့်ကိုထားခဲ့ပြီ၊သူ ကိုယ့်ကိုမချစ်တော့ဘူး"

ယောကျာ်းမြတ် ဆေးရုံကနေအိမ်ရောက်တော့ ရှင်သန်ခြင်းအခန်းတံခါးကိုခေါက်လိုက်သည်။ တံခါးတွင် အိမ်ချင်မူးတူနဲ့ အောက်ပိုင်းကိုတပတ် ပတ်ကာ ထွက်လာသော ဘုန်းနေယံထွဋ်ကိုသာတွ့ရ၏။ထို့နောက် တစ်အိမ်လုံးကို ပတ်ပြီးရှာကြည့်တော့ ရှင်သန်ခြင်းကိုမတွေ့ရ၊စာတစောင်ကိုသာတွေ့ရလေသည်။

"မဟုတ်တာ..ကိုထွဋ်ရာ...ခဏအပြင်ထွက်သွားတာနေမှာပါ မငိုနဲ့ တိတ်..တိတ်၊ကိုလေးရှာပေးမယ်"

တည်ငြိမ်ခြင်းရဲ့အဖြစ်က သုံးနှစ်ကလေးကိုချော့နေရသလိုပင်။ဒီကောင်လေးအမြဲအဲ့လိုပဲ aliveအိမ်သာသွားတတ်ရင်တောင် သူ့ကိုမခေါ်လို့ဆိုပြီး သူတို့အိမ်ကိုစ,ရောက်ကာစ က အာပြဲနဲ့အခုလိုငိုတာကို သတိရမိသည်။

"သမီး တကယ်မရှိဘူးကိုကိုရဲ့ ရော့...ဒီမှာ...သမီးထားခဲ့တဲ့စာ"

တည်ငြိမ်ခြင်းသည် ယောကျာ်မြတ်ပေးသောစာကိုဖတ်လိုက်သည်။စာလို့ပြောသော်လည်း ပုံတစ်ပုံသာဖြစ်နေသည် ၊ကျတော်တို့ငယ်ငယ်က bioမှာပါသည့် နှလုံးပုံဖြစ်နေသည်။ ထိုနှလုံးပုံကို အခန်းလေးခန်းခွဲထားသည် ပထမခန်းတွင် ဖေဖေ မေမေ ကိုကို လို့ရေးထားပြီး၊အဲ့ဒီအောက်ကအခန်းတွင် ဖိုးနေ၊ကိုမြတ် ဖွားဖွား ဟု ရေးထားကာ ညာဘက် လွတ်နေသော ကျန်နှစ်ခန်းတွင် baby ဟုရေးထားလေသည်။

Neverless (Completed)Where stories live. Discover now