အပိုင်း ( ၁ ) ( Unicode )

En başından başla
                                    

ပြီးတော့ ရုရှားမေဂျာ တတိယနှစ်က ကလေးတွေက ဘာလဲ။ ဘာအလုပ်မှမရှိဘူးလား။ ဘာစာမှမသင်ရသေးဘူးလား။ ကျောင်းစဖွင့်တာ နှစ်ပတ်တောင်ရှိနေပြီ‌လေ။

လေးဆက်တို့တုန်းက ကျောင်းစစဖွင့်ရက်အချိန်တွေဆို တီချယ်တွေ အကုန်စာစသင်နေပြီ။ စာသင်တာမှ ဒုံးပျံလိုပဲ လူကို ပိတ်ရက်တွေမှာ စာပြန်ကြည့်မယ်ထင်နေကြလား မသိဘူး။ Grammar တွေ ဘာတွေဆို ကောက်ကောက်မေးလွန်းလို့ ခုံအောက်မှာ ဖိနပ်အမြဲမှောက်ထားရတာ။ ဒါပေမဲ့လည်း စာမေးခံရတာပါပဲ။ တစ်တန်းလုံး လူစုံတက်စုံအမေးခံရတာ။

အခုကျတော့ စာသင်ချိန်တွေမှာတောင် ဒီကောင်လေးက အတန်းထဲမှာရှိမနေဘဲ ဒီအင်္ဂလိပ်ဒီပလိုမာအခန်းရှေ့ကိုပဲ ရောက်ရောက်လာနေတာက ဘာသဘောလဲ။ တီချယ်တွေကပဲ စာတွေကို အကုန်သင်ပြီးသွားလို့လား။ ဒီကောင်လေးကပဲ စာတွေအကုန်ပိုင်နေလို့လားဆိုတာ လေးဆက် တကယ်နားမလည်တော့ပေ။

ဒါမှမဟုတ် ရုရှား‌မေဂျာ တတိယနှစ်အခန်းက EB ဆောင်ကနေ LRC ကို ပြောင်းလာတာလား။ တစ်နေကုန် တစ်နေခမ်း ဒီကောင်လေးကို LRC မှာပဲ တွေ့နေရတာက သိပ်တော့မဟုတ်သေး။ အရမ်းစိတ်ပေါက်လာတဲ့တစ်နေ့ ရုရှားမေဂျာငှာနမှူးနဲ့တက်တိုင်ပစ်လိုက်ဦးမည်ဟု လေးဆက် တေးထားလိုက်သည်။

ပြောရမည်ဆိုလျှင် လေးဆက်က အဲဒီကောင်လေးထက် နှစ်နှစ်တောင်ကြီးတဲ့စီနီယာလေ။ သူ့ထက် ဒီရုရှားမေဂျာမှာ အရင်ပညာသင်လာခဲ့တာ သူ့ထက်အရင် BA ( Russian ) ဆိုတဲ့ဘွဲ့ကို အရယူခဲ့တာ။ အဲ့ဒါကို သူက လေးဆက်ကို စီနီယာလို့ရိုရို‌သေသေမခေါ်ဘဲ မလေးမစား " ကိုကို " လို့လာခေါ် နေသေးသည်‌လေ။

လေးဆက်တစ်ယောက် ကိုယ့်ကိုယ်ကိုပဲ မေတ္တာပို့ရမည်လား အဲဒီကောင်လေးကိုပဲ ကျိန်ဆဲရမည်လားဆိုတာကို မဝေခွဲတတ်အောင်ဖြစ်နေသည်။ ဒီလိုအရှုပ်တွေက ဘယ်လိုအကြောင်းကြောင့် သူ့ဆီကို လာရစ်ပတ်နေသလဲဆိုတာ ပြန်စဉ်းစားကြည့်မိသည်။

အမှန်တော့ ဒီပြဿနာတွေဟာ လေးဆက် ရှုပ်ထားခဲ့မိသည့်ချည်မျှင်တွေကို ပြန်ရှင်းနေရခြင်းသာဖြစ်သည်။

❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️

လွန်ခဲ့သည့်ငါးလခန့်က ...

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Hikayelerin yaşadığı yer. Şimdi keşfedin