အပိုင်း ၁၁

Start from the beginning
                                    

*ချီးပဲ နောက်တခါကျ သတိထားရမယ် တော်ကြာနေ ဇာတ်လိုက်ကောင်က ငါ့ကို ရိပ်မိသွားရင်  ရိုက်သတ်နေဦးမယ်**

မြင်းလှည်းဖြင့် အိမ်တော်ကို ပြန်လာတဲ့လမ်းတစ်လျှောက်လုံး  ပိုင်ဝေ့ရှင်းရော ရှီဖုန်းရော တိတ်တဆိတ်နဲ့ လိုက်ပါလာတယ်။
ရှီဖုန်းစိတ်ထဲမှာ ကို့လို့ကန့်လန့်နဲ့ မတင်မကျခံစားနေရတယ်။  ပိုင်ဝေ့ရှင်းက ဘာကိုအကူအညီတောင်းတာလဲ..သူ့ကိုရော ပြောပြလို့မရဘူးလား.. ဘာပဲဖြစ်ဖြစ် သူ အကောင်းဆုံးဖြစ်အောင် ကူညီပေးမှာပါ..သူမက သူ့ကို မယုံကြည်လို့လား..။
ပိုင်ဝေ့ရှင်းလဲ တဖက်မှာကပ်ထိုင်နေရင်း  စိတ်ထဲတွင် ဖြူလုံးလေးအား စုံစမ်းခိုင်းထားတာကိုပြီးမပြီး မေးမြန်းလိုက်တယ်။

ပိုင်ဝေ့ရှင်း•••• ဖြူလုံးလေးရေ..စုံစမ်းခိုင်းထားတာရပြီလား.

System •••• ရပြီ အခုပြောရတော့မလား host

ပိုင်ဝေ့ရှင်း •••• နေဦး အိမ်ရောက်မှပြောကြမယ်.အာ့ခါကျမှ တခါထဲ planပါချလို့ရမှာ.. ဒါနဲ့ ဟိုလူက ဘာလို့ ဆူပုတ်ပုတ်နဲ့ ငါ့ကို ဘုကြည့်ကြည့်နေတာလဲ..

System••••   hostက  ကြင်ယာတော်ကို ပြောခိုင်းတဲ့ကိစ္စကို သိချင်နေတာပါ.. သူ့ကို အကူအညီမတောင်းလို့ ဆိုပြီး ဆူပုတ်နေတာ.

ပိုင်ဝေ့ရှင်း••••  နင့်ဇာတ်လိုက်က gayများgayနေလားဟယ် ဒါမပြောတာနဲ့ ဆူပုတ်နေရတယ်လို့..ငါလေးမရှချင်ဘူးနော် သူ့ဘေးကလူကလဲ ရုပ်ချောပြီး ဖြောင့်နေတာပဲ ငါ မသင်္ကါတော့ဘူး..

System••••  မပူနဲ့ မရှဘူး ဟိုက ဖြောင့်တာမှ သံချောင်းထက်တောင်ဖြောင့်သေးတယ်

ပိုင်ဝေ့ရှင်း•••• နင် တာဝန်ယူရင်ပြီးရော ဒါနဲ့ လုံဟွာ အခုဘယ်မှာလဲ သိလား

System••••  စျေးထဲက ပိတ်ရောင်းတဲ့ဆိုင်မှာ အစရွေးနေတယ်

ပိုင်ဝေ့ရှင်း••••  ရေး အဆင်ပြေပြီ

System••••  host ဘာသွားလုပ်မလို့လဲ

ပိုင်ဝေ့ရှင်း•••• နင်အသာနေစမ်း missionလုပ်ဖို့ ပြင်ဆင်ရမယ်လေဟာ

System •••• မျက်ခုံးတွေလှုပ်လိုက်တာနော် ^_^

ပိုင်ဝေ့ရှင်း  မူလကိုယ်အား စိတ်ထိခိုက်အောင်လုပ်ထားတဲ့အတွက် ပြန်ပြီး ကလဲ့စားချေဦးမှာလေ။ မျက်မှောင်ကြုပ်ကာ စိတ်ထဲတွင် ပြင်ဆင်နေလိုက်တယ်။

ချစ်သောဗီလိန်လေး 1  (Complete) Where stories live. Discover now