သစ်​မိုးအိမ်​ ​ခြေလှမ်းကျယ်​များဖြင့်​ အမြန်​သွား
ကာ ရွက်​စိမ်း၏ကိုယ်​ငယ်​​လေးကို ​ပွေ့ယူလိုက်
သည်​..။ သစ်​မိုးအိမ်​၏ စိတ်​အတွင်းတွင်​​တော့..
အပြင်းထန်​ အကျယ်​​လောင်​ဆုံး​သော မိုးကြိုး
တစ်​ခုမြည်​ဟည်းသွားသလို ခံစား​နေရသည်​..။

"cl..clover.."

သစ်​မိုးအိမ်​၏ ရွက်​စိမ်းတွင်​ ချစ်​စရာ​ကောင်း​သော
အမူအကျင့်​​လေးတစ်​ခုရှိသည်​။ ထိုအရာမှာ...
အ​ကောင်​ငယ်​​လေးသည်​ သူအိပ်​​ပျော်​​နေ​သော
အချိန်​ပင်​ဖြစ်​​သော်​ငြား သူ၏နီတာရဲလက်​ဖဝါး
လေးထဲသို့ သစ်​မိုးအိမ်​လက်​ကိုထည့်​လိုက်​သည်
နှင့်​ ​မွေးကာစက​လေးငယ်​များလို ပြန်​လည်​ဆုပ်
ကိုင်​လာတတ်​သည်​...။

သစ်​မိုးအိမ်​ လက်​ဖဝါး​လေးတွင်​စွန်းထင်း​နေ​သော
အနီ​ရောင်​များနှင့်​ သစ်​မိုးအိမ်​သ​ဘောကျ​သော..
အသက်​ရှူသံ​သေး​သေး​လေးကို မခံစားမိ​တော့
သည်​ကို လျစ်​လျူရှုကာ ကိုယ့်​ကိုယ်​ကိုအရူးလုပ်
်​​နေမိသည်​။ မနက်​အိပ်ရာနှိုးချိန်​တိုင်း ၅မိနစ်​လို့
ပြောတတ်​တဲ့ အဆိုး​လေးက အခုလည်းအိပ်​​နေ
တာဘဲဖြစ်​မှာ။ ​သေချာတယ်​ ခဏ​နေရင်​ အမြဲ​ပေး
တတ်​တဲ့ ကတိအတိုင်း နိုးလာပြီး ကိုကိုလို့​ခေါ်
လာဦးမှာ။

သစ်​မိုးအိမ်​ လက်​​သေး​သေး​လေးထဲကို သူ၏
လက်​​ချောင်းများထည့်​​ပေးလိုက်​​သော်​လည်း
ပြန်​လည်​ဆုပ်​ကိုင်​လာတတ်​​သော တုန့်​ပြန်​မှု
လေးက ကင်းမဲ့​နေသည်​။ ထပ်​မံ​ကြိုးစားပါ
သော်​လည်း အချည်းနှီးသာ...။

သစ်​မိုးအိမ်​ ကြိုးစားကာ ပြုံးရင်းကိုယ့်​ကိုယ်​ကို
ထပ်​လိမ်မိသည်​။ သစ်​မိုးအိမ်​၏ ကံ​ကောင်းခြင်း
လေးက ဒီ​နေ့​ကျောင်းသွားမကြိုမိလို့...
စိတ်​​ကောက်​​နေတာပါလို့်​လေ...။

အတိတ်​မှခါးသီးခြင်း အရိပ်​ဆိုးများသည်
သစ်​မိုးအိမ်​ တစ်​ကိုယ်​လုံးအား ဝါးမြိုလာ​သော
အခါ သစ်​မိုးအိမ်​၏ လက်​ကျန်​အသိစိတ်​များ
သည်​ အ​မှောင်​ဖုံးသွား​တော့သည်​...။

Clover your'e my clover[Completed]Where stories live. Discover now