Taehyung တစ်ယောက်စဉ်းစားရင်း အိမ်ကြီးထဲဝင်လိုက်တော့ များလှတဲ့အခြွေအရံတွေ သူ့လိုအရွယ်မပါပေမယ့် အကုန်လုံးက ကောင်မလေးတွေချည်းပဲ..
"ဒီမှာခနထိုင်ဦးနော် သူဌေးကြီးတို့ခနနေလာလိမ့်မယ် ကြားလားကောင်လေး "
"ဟုတ်ကဲ့ပါဗျ "
အဒေါ်ကြီးထွက်သွားတော့ Tae မျက်လုံးလေးတွေဝေ့ကြည့်မိသည်..ထိုင်နေတဲ့ထိုင်ခုံကစ ဖိတ်ဖိတ်တောက်နေသည်...မျက်နှာကျက်အမြင့်ကြီးမှာဆွဲထားတဲ့မီးဆိုင်းကြီးမှာလည်း အလွန်လှပနေရာ ဒီအိမ်ကိုလာတဲ့လမ်းတစ်လျှောက် မလိုက်ချင်လို့ ငိုခဲ့တဲ့မျက်ရည်လေးတွေတောင်မဆီမဆိုင်နှမြောမိသေး..
...အာ ရေဆာလိုက်တာ ...
Tae ထိုင်နေတာ အလုပ်သမားကောင်မလေးတွေတွေ့ကြပေမယ့် ရေတစ်ခွက်တောင်လာမတိုက်ကြ.. နှာခေါင်းလေးရှုံ့လိုက်ရင်း..
"မြို့ကလူချမ်းသာတွေ လူမှုရေးခေါင်းပါးတာ တကယ်ပဲကိုး "
ထိုစဉ် Tae ရှိရာဧည့်ခန်းထဲဝင်လာသော ခန့်ညားတဲ့အမျိုးသားကြီးတစ်ဦးနဲ့ အနောက်ကပါလာတဲ့ ကျက်သရေရှိအမျိုးသမီးတစ်ဦး
Tae ရှိတဲ့ထိုင်ခုံရဲ့မျက်နှာချင်းဆိုင်မှာ နှစ်ယောက်လုံးဝင်ထိုင်ရင်း
"မင်းက TaeMi သား Kim Taehyung ဆိုတာလား"
Tae အရှေ့ကလူကြီးအား အလိုလိုနေရင်းရှိန်နေမိကာ
"ဟုတ်... ဟုတ်ပါတယ် ခင်ဗျ "
အမျိုးသမီးကြီးက မရယ်မပြုံးမျက်နှာဖြင့်စိုက်ကြည့်ရင်း
"ကြီးပြင်းခဲ့တာ ဆင်းရဲခဲ့ပေမယ့် TaeMi က သူ့သားကိုတော့ ကောင်းကောင်းလေးကျွေးတယ်နဲ့တူတယ် "
အမျိုးသမီးဆီမှ စကားကြောင့် Tae မျက်ဝန်းလေးတွေက ဝမ်းနည်းရိပ်သန်းသွားသည်..
"ဒီက Taehyung လေးကို အန်တီတို့ဆီ Taemi က ဘာရည်ရွယ်ချက်နဲ့လွှတ်ခဲ့တယ်ဆိုတာ Taehyung လေးသိလား "
Tae မြန်မြန်လေးခေါင်းညိမ့်ပြကာ
"ဟုတ် သိပါတယ် အန်တီကြီး ..ဒီအိမ်က Jeon Jungkook ဆိုတဲ့အစ်ကို အဖော်ရအောင်လို့ပါ "
အမျိုးသားကြီးကပြုံး၍သာကြည့်နေလေသည်...အမျိုးသမီးကပင်ဆက်ပြီး
"Taehyung ရဲ့အမေရောဂါကုဖို့ပိုက်ဆံလိုတော့ Taehyung ရဲ့အမေကို အန်တီတို့က ကုပေးခဲ့တာ အခုလည်း Taemi က ပြန်မဆပ်နိုင်လို့ မသေခင် သူ့သားကို အကြွေးကြေတဲ့အထိဒီအိမ်ကြီးမှာနေပြီး ပြန်ဆပ်ခိုင်းပေမယ့် "
အမျိုးသမီးကြီးကမောသွားဟန်ဖြင့် စားပွဲပေါ်က ရေအနည်းငယ်သောက်လိုက်ပြီး
"Taehyung အမေရဲ့ဆေးကုသစရိတ်ကိုက ဝမ်သိန်း၁၀၀ ထုပ်ပေးထားတာဆိုတော့ Taehyung ကို အန်တီတို့က ဝယ်ထားတယ်ပဲ သဘောထားလိုက်ပါ"
အမျိုးသမီးကြီးစကားအဆုံး ဝေ့တက်လာသောမျက်ရည်လေးတွေအားမျက်တောင်ရှည်ကြီးတွေနဲ့ပုတ်ခတ်ပစ်ရင်း
"ဟုတ်ကဲ့ "
အမျိုးသားကြီးက
"ခနနေ မင်းအစ်ကိုလေး ပြန်လာလိမ့်မယ် မင်းအစ်ကိုလေး စိတ်မကွက်အောင်နေပေးပါ Taehyung မင်းကို မင်းအစ်ကိုလေးအတွက်ဝယ်ထားတာသတိရပါ "
Tae ခေါင်းလေးပဲငြိမ့်ပြမိတော့သည်... ငိုချင်ပေမယ့်လည်း မဆုံးခင်မေမေမှာသွားတဲ့စကားတွေကြားယောင်ရင်း ဒီအိမ်အပေါ်အကြွေးတင်နေတဲ့မေမေ့အကြွေးတွေအကုန်ဆပ်နိုင်ဖို့ အားတင်းမှရမယ်လေ..
Tae နေရမယ့်အခန်းကိုလိုက်ပြနေသောအရှေ့ကအဒေါ်ကြီးနောက် လိုက်လာရင်း အဒေါ်ကြီးက
"ခုနက တွေ့ခဲ့တဲ့ သူဌေးကြီးတို့က အစ်ကိုလေးရဲ့ အန်ကယ်ကြီးနဲ့ အန်တီကြီး ..သူတို့ရဲ့တစ်ဦးတည်းသောမောင်အငယ်ဆုံးက မွေးတဲ့သားမလို့ အစ်ကိုလေးကိုတုန်နေအောင်ချစ်တာ..သူတို့ကစည်းကမ်းကြီးပြီး နည်းနည်းမာနကြီးတယ်..အစ်ကိုလေးကလည်းအလိုလိုက်ခံထားရတဲ့ကလေးမလို့ ဆိုးတယ်..မင်းကို အစ်ကိုလေးအတွက်အဖော်ရအောင်ရည်ရွယ်ထားပေမယ့် မင်းကိုအစ်ကိုလေးက မနှစ်သက်ရင် မင်းတော့သေပြီပဲ .. သတိထားနေပါ "
ပြောချင်ရာပြောပြီး သွားခဲ့သော အဒေါ်ကြီးကြောင့် Tae ဘာမှပင်မမေးလိုက်နိုင်.. နေရမယ့်အခန်းလေးထဲရောက်မှပင် Tae နေတဲ့အိမ်လောက်ကျယ်ဝန်းတဲ့အခန်းကိုကြည့်ပြီး သဘောကျနေမိသည်..အိစက်စက်မွေ့ယာပေါ်ခြေပစ်လက်ပစ်လှဲရင်း
...အစ်ကိုလေး ဆိုတာဘယ်ချိန်ပြန်လာမှာလဲ ...
Fic ဆက်မရေးဘူးဆုံးဖြတ်ထားပေမယ့် ဝါသနာပိုးရယ် Taekook ကို Ship တဲ့ပိုးရယ်က ထိန်းမနိုင်သိန်းမရသောင်းကျန်းနေတော့ အသစ်တစ်ပုဒ်ရေးမိပါကြောင်း 😁
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-1
Start from the beginning
