Tae နေရမယ့်အခန်းကိုလိုက်ပြနေသောအရှေ့ကအဒေါ်ကြီးနောက် လိုက်လာရင်း အဒေါ်ကြီးက

"ခုနက တွေ့ခဲ့တဲ့ သူဌေးကြီးတို့က အစ်ကိုလေးရဲ့ အန်ကယ်ကြီးနဲ့ အန်တီကြီး ..သူတို့ရဲ့တစ်ဦးတည်းသောမောင်အငယ်ဆုံးက မွေးတဲ့သားမလို့ အစ်ကိုလေးကိုတုန်နေအောင်ချစ်တာ..သူတို့ကစည်းကမ်းကြီးပြီး နည်းနည်းမာနကြီးတယ်..အစ်ကိုလေးကလည်းအလိုလိုက်ခံထားရတဲ့ကလေးမလို့ ဆိုးတယ်..မင်းကို အစ်ကိုလေးအတွက်အဖော်ရအောင်ရည်ရွယ်ထားပေမယ့် မင်းကိုအစ်ကိုလေးက မနှစ်သက်ရင် မင်းတော့သေပြီပဲ .. သတိထားနေပါ "

ပြောချင်ရာပြောပြီး သွားခဲ့သော အဒေါ်ကြီးကြောင့် Tae ဘာမှပင်မမေးလိုက်နိုင်.. နေရမယ့်အခန်းလေးထဲရောက်မှပင် Tae နေတဲ့အိမ်လောက်ကျယ်ဝန်းတဲ့အခန်းကိုကြည့်ပြီး သဘောကျနေမိသည်..အိစက်စက်မွေ့ယာပေါ်ခြေပစ်လက်ပစ်လှဲရင်း

...အစ်ကိုလေး ဆိုတာဘယ်ချိန်ပြန်လာမှာလဲ ...

Fic ဆက်မရေးဘူးဆုံးဖြတ်ထားပေမယ့် ဝါသနာပိုးရယ် Taekook ကို Ship တဲ့ပိုးရယ်က ထိန်းမနိုင်သိန်းမရသောင်းကျန်းနေတော့ အသစ်တစ်ပုဒ်ရေးမိပါကြောင်း 😁

Unicode...

နန်းတော်တမျှခမ်းနားတဲ့အိမ်ကြီးရှေ့ကောင်လေးတစ်ယောက်အထုပ်လေးဆွဲပြီးရပ်နေလေသည်...

...ဝါး ဒါငါနေရမယ့်အိမ်ကြီးပေါ့ မိုက်လိုက်တာ ...

ခိုင်ခံ့ကြီးမားတဲ့ခြံတံခါးကြီးရှေ့ကနေ အထဲကအိမ်ကြီးဆီကို ချောင်းကြည့်ရင်း ပျော်မြူးနေတဲ့ ၁၅ နှစ်အရွယ်ကလေးလေး Kim Taehyung...

"ဟဲ့ကလေး ဘာရပ်နေတာလည်း လာအထဲဝင် "

ပါးစပ်အဟောင်းသားလေးနဲ့အံ့သြတကြီးငေးနေတဲ့ Taehyung လေးမှာ ခြံတခါးပွင့်ပြီးအထဲက အိမ်တော်ထိန်းအဒေါ်ကြီးခေါ်သံကြားမှအသိဝင်တော့သည်..

"ဟုတ်.. ဟုတ်ကဲ့ "

အရှေ့ကအဒေါ်ကြီးအနောက်ကနေ အထုပ်လေးဆွဲပြီး ခပ်ကုတ်ကုတ်လေးလိုက်သွားရင်း လှပတဲ့ခြံကြီးထဲငေးနေပြန်တယ်..

...ဒီအိမ်ကြီးမှာနေရတာ ကံကောင်းလိုက်တာ ပိုက်ဆံချမ်းသာတဲ့သူဌေးတွေများ ပိုက်ဆံတွေထားစရာတောင်ရှိကြရဲ့လားပဲ...

💜 Lovely Tae 💜 (Completed)Tempat di mana cerita hidup. Terokai sekarang