Tae ရှိတဲ့ထိုင်ခုံရဲ့မျက်နှာချင်းဆိုင်မှာ နှစ်ယောက်လုံးဝင်ထိုင်ရင်း
"မင်းက TaeMi သား Kim Taehyung ဆိုတာလား"
Tae အရှေ့ကလူကြီးအား အလိုလိုနေရင်းရှိန်နေမိကာ
"ဟုတ်... ဟုတ်ပါတယ် ခင်ဗျ "
အမျိုးသမီးကြီးက မရယ်မပြုံးမျက်နှာဖြင့်စိုက်ကြည့်ရင်း
"ကြီးပြင်းခဲ့တာ ဆင်းရဲခဲ့ပေမယ့် TaeMi က သူ့သားကိုတော့ ကောင်းကောင်းလေးကျွေးတယ်နဲ့တူတယ် "
အမျိုးသမီးဆီမှ စကားကြောင့် Tae မျက်ဝန်းလေးတွေက ဝမ်းနည်းရိပ်သန်းသွားသည်..
"ဒီက Taehyung လေးကို အန်တီတို့ဆီ Taemi က ဘာရည်ရွယ်ချက်နဲ့လွှတ်ခဲ့တယ်ဆိုတာ Taehyung လေးသိလား "
Tae မြန်မြန်လေးခေါင်းညိမ့်ပြကာ
"ဟုတ် သိပါတယ် အန်တီကြီး ..ဒီအိမ်က Jeon Jungkook ဆိုတဲ့အစ်ကို အဖော်ရအောင်လို့ပါ "
အမျိုးသားကြီးကပြုံး၍သာကြည့်နေလေသည်...အမျိုးသမီးကပင်ဆက်ပြီး
"Taehyung ရဲ့အမေရောဂါကုဖို့ပိုက်ဆံလိုတော့ Taehyung ရဲ့အမေကို အန်တီတို့က ကုပေးခဲ့တာ အခုလည်း Taemi က ပြန်မဆပ်နိုင်လို့ မသေခင် သူ့သားကို အကြွေးကြေတဲ့အထိဒီအိမ်ကြီးမှာနေပြီး ပြန်ဆပ်ခိုင်းပေမယ့် "
အမျိုးသမီးကြီးကမောသွားဟန်ဖြင့် စားပွဲပေါ်က ရေအနည်းငယ်သောက်လိုက်ပြီး
"Taehyung အမေရဲ့ဆေးကုသစရိတ်ကိုက ဝမ်သိန်း ၁၀၀ ထုတ်ပေးထားတာဆိုတော့ Taehyung ကို အန်တီတို့က ဝယ်ထားတယ်ပဲ သဘောထားလိုက်ပါ"
အမျိုးသမီးကြီးစကားအဆုံး ဝေ့တက်လာသောမျက်ရည်လေးတွေအားမျက်တောင်ရှည်ကြီးတွေနဲ့ပုတ်ခတ်ပစ်ရင်း
"ဟုတ်ကဲ့ "
အမျိုးသားကြီးက
"ခနနေ မင်းအစ်ကိုလေး ပြန်လာလိမ့်မယ် မင်းအစ်ကိုလေး စိတ်မကွက်အောင်နေပေးပါ Taehyung မင်းကို မင်းအစ်ကိုလေးအတွက်ဝယ်ထားတာသတိရပါ "
Tae ခေါင်းလေးပဲငြိမ့်ပြမိတော့သည်... ငိုချင်ပေမယ့်လည်း မဆုံးခင်မေမေမှာသွားတဲ့စကားတွေကြားယောင်ရင်း ဒီအိမ်အပေါ်အကြွေးတင်နေတဲ့မေမေ့အကြွေးတွေအကုန်ဆပ်နိုင်ဖို့ အားတင်းမှရမယ်လေ..
YOU ARE READING
💜 Lovely Tae 💜 (Completed)
FanfictionTae ဆိုတဲ့ကောင်လေးက ကျွန်တော်ပိုင်တဲ့အရုပ်ပဲ အဲ့ဒီအရုပ်လေးကို အလှကြည့်နေချင်တဲ့ဆန္ဒထဲမှာ ပိုင်ဆိုင်ချင်တဲ့အတ္တအနည်းငယ်ပါလာတဲ့အခါ အချစ်လို့ခေါင်းစဉ်တပ်လို့ရမလား..ဒါဆို Tae ကိုချစ်နေပါတယ်ပေါ့ Jeon Jungkook ဘဝတစ်ခုလုံးကို ငွေနဲ့လဲပြီးဝယ်ထားတယ်ဆိုတိုင်း...
Part-1
Start from the beginning
