အပိုင်း (၂၉)

455 12 4
                                    

          စုန်းရွာတဲ့။
       တစ်ရွာလုံး ပညာတတ်မြောက်ကြတဲ့ လူတွေ နေထိုင်တဲ့နေရာပေါ့။ လူနေအိမ်တွေက ခြေတံရှည်အိမ်တွေဖြစ်ပြီး ရက်ကန်းလုပ်ငန်းကို အထူးလုပ်ကိုင်ကြတယ်။ တခြားဖြစ်တဲ့ သီးပင်စိုက်ပျိုးတာ၊ အမဲလိုက်တာ၊ ရိတ်သိမ်းတာ၊ တီးမှုတ်ကခုန်တာ၊ ဆေးရည်စပ်တာ၊ ဆေးပင်ပျိုးတာ၊ ကလေးငယ်တွေကို ပညာသင်ကြားတာ စတာတွေကိုလည်း အုပ်စုလိုက်ခွဲလုပ်ကြတယ်။
       ရွာသူရွာသားတွေကို စီမံအုပ်ချုပ်ဖို့ရွာသူကြီးရှိပြီး သူက တစ်ရွာလုံးရဲ့ မှော်ပညာထိပ်တန်းဖြစ်ရတယ်။ ရွာသူကြီးအဆက်ဆက် အာဏာနဲ့အုပ်ချုပ်တာမဟုတ်ဘဲ မျှမျှတတအုပ်ချုပ်ကြလို့ ရွာသူရွာသားတိုင်းက လေးစား ချစ်ခင်ကြတယ်။ ဒါပေမယ့် နောက်ဆုံးရွာသူကြီး လက်ထက်မှာတော့ ခေတ်တွေပြောင်းလဲလာတာနှင့်အမျှ အုပ်ချုပ်မှုပုံစံလည်း ပြောင်းလဲလာတယ်။
       ယခင် ခေတ်အဆက်ဆက်သီးသန့်နေထိုင်ခဲ့တဲ့ရွာကို ပိုမိုတင်းကြပ်တဲ့ပုံစံဖြင့် အခြားရွာကိုမသွားရ၊ အခြားရွာသားများနဲ့ ဆက်ဆံခြင်းမရှိရ၊ အခြားရွာကလူတွေကိုခေါ်မလာရ စသည့် စည်းကမ်းများကို ထပ်တိုးတယ်။ နှစ်အဆက်ဆက် အုပ်ချုပ်မှုမှာ ရွာသူကြီးသည်သာ အမှန်ဟု ယူဆထားသော ရွာသူရွာသားတွေက စောဒက တက်ခြင်းမရှိ လွယ်လင့်တကူ လက်ခံကြတယ်။ ရွာသူကြီးက သူ့အင်အားနှင့် သူပြိုင်ဘက်မရှိ မင်းလုပ်အုပ်ချုပ်ခွင့်ရနေပေမယ့် ရတက်မအေးသည့် အကြောင်းအချင်းကိုလည်း အမြဲစောင့်ကြည့်နေတတ်တယ်။
       သူ့နာမည်က မြယာပန်း။ ရွာရဲ့ ပျိုရွယ်တင့်တယ် မှုမှာ ပြိုင်စံရှားတဲ့ စုန်းမပျိုလေး။ မျိုးရိုးအရဆိုရင် အင်အားအကြီးဆုံးစုန်းရဲ့ မျိုးဆက်ဖြစ်တယ်။ မိဘတွေမရှိတော့ဘဲ ညီမငယ် ကြယ်တာရာပန်းနဲ့ အတူ နေထိုင်တယ်။ ပညာမှာရော၊ မျိုးရိုးအရရော ရွာသူကြီးရဲ့အဆင့်အတန်းကို ပြိုင်ယှဥ်နိုင်တာကြောင့် ရွာသူကြီးက သူတို့နှစ်ယောက်ကို ချော့သွင်း၍ မျက်ခြည်မပြတ် စောင့်ကြည့်လေ့ရှိတယ်။
       "သွားတော့မှာလား ပြင်ဆင်နေပုံထောက်ရင်"
       "သွားချိန်တန်တော့လည်း သွားရမှာပေါ့၊ အခု ကာကွယ်ရေးအစီအမံတွေကို ထပ်တိုးဖို့ မန္တာန်တွေနဲ့ရွာပတ်လည်ကို ပိတ်နေရတာ အရေးမပါတဲ့အလုပ်လုပ်နေရသလိုပဲ။ အဲ့ဒါဟိုလူကြီး တွန်းအားပေးတာတွေအများကြီးပါတယ် ဟွန့်..အာဏာရူးကြီး"
       "ကဲပါ..သူလုပ်ခိုင်းရင်လုပ်လိုက်ပေါ့။ တော်ကြာ မေးလားမြန်းလားလုပ်လာရင် အဲ့ဒါနဲ့ စကားက များရဦးမယ်မလား"
       "စကားများလည်းများရပစေ။ မသိရင် ကြောက်လို့ငြိမ်ခံနေတယ်မှတ်နေလားမသိ။ တစ်ပွဲတစ်လမ်းလောက် စမ်းကြည့်ချင်စမ်းပါဘိနဲ့၊ တော်တော်ကြာ ရွာလယ်ခေါင်မှာ အရှက်တွေကွဲနေမှ မရှူနိုင် မကယ်နိုင်ဖြစ်နေမှာ"
       "ကဲ...ဒီလောက်ပြောနေရရင် ကျေနပ်တော့။ အလုပ်မှာကောင်းကောင်းကြိုးစားခဲ့နော်၊ ငါ့ညီမလေး"
       "အဲ..အဲ..မမကကော ဘယ်သွားဦးမလို့လဲ အိတ်တစ်လုံးနဲ့"
       အနားနားကို တိုးကပ်လာပြီး 'ရှူး..တိုးတိုး' ဟုဆိုကာ ထပ်ပြောတယ်။
       "ရွာပြင်မှာ ဆေးပင်သွားခူးမလို့"
       "အမ်.........ရွာအဝင်အထွက်ကို ကာကွယ်ရေးအဖွဲ့က စုန်းဆယ့်နှစ်ယောက်နဲ့ ပိတ်ထားတာလေ"
       လက်ခါရမ်းပြပြီး
       "ဟီး..ဒီလောက်တော့ အပျော့ပါ"
       "ညီမ မန္တာန်ကိုပါ ဖောက်ဖျက်နိုင်တာလား။ ဒါမဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်သင့်တာ"
       "စိတ်မဆိုးပါနဲ့ ကောင်မလေးရေ..။ တစ်ရွာလုံးရဲ့ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်ဆိုတော့ အခုလိုကြားရတော့ နည်းနည်း ခံပြင်းသွားတယ်မလား..ဟီး"
       "သွားဗျာ..သနားလို့ အလျှော့ပေးလိုက်မယ်။ စောင့်ကြည့်နေ..နောက်တစ်ခါ အဲ့လို ထွက်နိုင်မှာ မဟုတ်ဘူး။ အခုတစ်ခါတည်း အဝ ပျော်ခဲ့"
       "အမိန့်တော်အတိုင်းပါ ညီမလေး...."
       "လာ စ နေ တယ်..."
       အိတ်ကို ဆွဲယူပြီး ခြေတံရှည်အိမ်ပေါ်က ဆင်းလာခဲ့တယ်။ ရွာအနောက်ဘက်ကို မသိမသာ လှည့်သွားပြီး ရွာသားတွေ မမြင်အောင် ကွေ့ပတ်သွားလိုက်တယ်။ ရွာသူကြီးက နောက်လိုက်တချို့နဲ့ ရွာကို ပတ်ကြည့်ရင်း ဆေးရည်စပ်အဆောင်ထဲကို ဝင်သွားတာကို လှမ်းတွေ့လိုက်တယ်။ အဲ့တော့မှ စိတ်ချလက်ချနဲ့ တိတ်တိတ်လေး လစ်ထွက်လာခဲ့တယ်။
       ရွာပြင်ကို လွယ်ကူစွာပဲ ထွက်လာနိုင်ခဲ့ပြီး ပေါက်သွားတဲ့ စွမ်းအင်နံရံကို မန္တာန် နဲ့ပြန်ပိတ်ထားခဲ့ပြီး တောလမ်းကိုဖြတ်လာတယ်။ အိတ်ထဲကနေ ခေါင်းပြူထွက်လာတဲ့ အိမ်မွေးတိရစ္ဆာန် မြွေကို မြင်တော့
       "တောထဲမှာ လျှောက်သွားချင်သွားလေ"
       လို့ပြောပြီး အိတ်ကို မြက်ခင်းတွေနားအပေါက်ဟ ပေးလိုက်တော့ အလိုက်သင့်ထွက်သွားလေတယ်။ မြယာပန်းကတော့ တခြားရွာတစ်ရွာရှိရာဆီကို ဦးတည်သွားလိုက်တယ်။
        တောက နက်တယ်။ ဝင်ပေါက်ထွက်ပေါက်ကို ခန့်မှန်းမရလောက်အောင်ကျယ်တယ်။ သစ်ပင်တွေ၊ ပန်းတွေ၊ ဆေးပင်တွေနဲ့ သားကောင်တွေပေါတဲ့ ရတနာတောကြီးဆိုလည်းမမှား။ ရတနာဆိုမှ သူတို့ စုန်းရွာကို သယ်ယူလာတဲ့ ကျောက်မြတ်ရတနာတွေကလည်း ဒီတောရဲ့တစ်နေရာက တူးဖော်ရရှိနေတာလို့လည်း အမဲလိုက်အဖွဲ့က ပြောဖူးတယ်။
        "တွေ့ပြီ ဒီလမ်းပဲ"
        လမ်းပေါင်းများစွာနဲ့ တောကို ဖြတ်ပြီး အနီးအနားက ရွာတွေကို လျှောက်လည်ပြီးပေမယ့် အနားမှာ ရွာဘယ်နှရွာလောက်တည်ထားတယ်ကို အတိအကျမသိရသေး။ စုန်းရွာက တောလယ်ထဲမှာ ရှိပြီး တောရဲ့ဘေးပတ်လည်မှာ ရွာပေါင်းများစွာရှိနေတာကြောင့်် ရွာသူကြီးက စိုးရိမ်စိတ် ကြီးနေသလား မပြောတတ်။
        "အိုး.. အဲ့ဒါ ဘာကြီးလား"
        ရွာအဝင်မှာပဲ ကောင်းကင်မှာ လွင့်နေတဲ့ ဖောင်းဖောင်းကားကားကြီးကို မြင်ပြီး ရေရွတ်မိတယ်။
        "စုန်းရွာပဲလား၊ လေပေါ်မှာ အဲ့ဒါကြီးအလိုလိုနဲ့လွင့်နေရအောင် ဘယ်လိုမန္တာန်တွေသုံးထားတာလဲ"
        "ကောင်မလေး ဘာကြည့်နေတာလဲ"
        လမ်းလယ်မှာ မိုးပေါ်မော့လို့ကြည့်နေတော့လမ်းသွားလမ်းလာ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က ဝင်မေးတယ်။
        "အဲ့ဒါ ဘာကြီးလဲ"
        "အော်..ဒါ မီးပုံးပျံလေ"
        "ဝါး..ခေတ်မီလိုက်တာ၊ ငါတော့ ဒီရွာမှာ အမြင်သစ်တွေ ရတော့မယ်"
        "ဒီရွာက နည်းပညာဆန်းသစ်မှုမှာ ရှေ့ပြေးပဲ ကလေးမရဲ့၊ ရွာလို့ဆိုပေမယ့် မြို့လောက်နီးနီးကို ခမ်းနားလာတော့မှာဟေ့..လေ့လာလိုက်ဦး"
        ခမ်းနားတဲ့ နံရံချိတ် မီးပုံးအလှလေးတွေ၊ အပင်ကြီးမျိုးကို ကိုင်းယူပြီး အသေးလေးပျိုးထားတာတွေ၊ အုတ်နဲ့ဆောက်တဲ့ အိမ်ကိုမှ နံရံမှာ ခြယ်သထားတဲ့ ရေဆေးပန်းချီတွေ၊ တကျီကျီအော်မြည်သံထွက်တဲ့ ဘဲရုပ်၊ ကြက်တူရွေးရုပ် တွေ၊ လေမှာပျံနေတဲ့ မိုးပျံပူဖောင်းလေးတွေ စသည်တို့က အမြင်ကို ဆန်းပြားစေပြီး တီထွင်ဖန်တီးချင်တဲ့စိတ်ကူးတွေ ဖြစ်လာစေတယ်။
        "ဒီပိတ်စက လှလိုက်တာ"
        "ကြိုးကြာခေါင်းနီစုံတွဲ ပိတ်စတွေက ဒီရွာမှာ အရောင်းရဆုံးပဲ။ တခြားရွာတွေကတောင် လာဝယ်ကြတာ၊ ကလေးမနဲ့ဆို အတော်လှမှာနော်"
        "ဟီး...ဒါကရော ဘာကောင်လဲ"
        "ဒါက အအေးပိုင်းဒေသတွေမှာနေတဲ့ ဝက်ဝံဖြူကြီးတွေလေ"
        "အဲ့ဒါကို ပိတ်စမှာရက်နိုင်တယ်ပေါ့။ ရက်ကန်းပညာထွန်းကားတဲ့ ဒေသပဲ"
        "အမြင်ရှိသားပဲ ကလေးမ။ ပိတ်စမှာဆို တို့ရွာက ပြိုင်စံရှားပဲလေ"
        "လိုချင်စရာကြီးတွေ..ဟီး"
        ပိတ်စတွေ ထပ်မဖွတော့ဘဲ အပေါ်ယံကြည့်ပြီး နောက်တစ်နေရာကို သွားကြည့်ဖို့ စိတ်ကူးပြီး လမ်းမပေါ်မှာ လျှောက်လာခဲ့တယ်။
        "ပိတ်စတွေက ရွာကလို အသားကြမ်းကြမ်းမဟုတ်ဘဲ ချောမွေ့နေတာပဲ၊ ပြီးတော့ ပုံဖော်တဲ့အရုပ်တွေကလည်းဆန်းသစ်တယ်၊ ဖန်တီးမှုရှိတယ်၊ နည်းနာယူပြီး ရွာကို လက်ဆင့်ကမ်းပေးရမယ်"
        လမ်းမဘေးတစ်ဖက်မှာ ခမ်းနားတဲ့ အပြင်အဆင်နဲ့ စီရီထားတဲ့ ထိုင်ခုံတွေ၊ အရောင်စုံပန်းပွင့်တွေကို လိုက်ဖက်အောင်စုစည်းပြီး အရောင်လှတဲ့ စက္ကူနဲ့ ပတ်ထားတဲ့ ပန်းစည်းတွေ၊ မွှေးကြိုင်တဲ့ ဟင်းခတ်တွေနဲ့ တစ်လမ်းလုံး လှိုင်လှိုင်သင်းအောင် စွဲဆောင်နေတဲ့ ခေါက်ဆွဲဆိုင်တွေကိုလည်း တအံ့တဩတွေ့ရတယ်။
        တစ်နေရာမှာတော့ မြယာပန်းကို ဘယ်မှ မသွားစေတော့ဘဲ ထိုင်ကြည့်နေရလောက်အောင် ဖမ်းစားထားလိုက်တယ်။ စာရွက်လေးတွေချပြီး ဆေးရောင်တွေခြယ်နေတဲ့နေရာမှာ ကလေးတွေနှင့်အတူ တိုးဝှေ့ပြီး ရောထိုင်လိုက်တယ်။ အထူးအဆန်းကြည့်ရင်း
        "အဲ့ဒါ ဘာပုံလဲ"
        "ရွှေငါးလို့ခေါ်တယ်"
         အဲ့လူကြီးရေးဆွဲနေတာကို ကြည့်လိုက်၊ တစ်ပုံပြီးသွားလို့ ရောင်းရန် ချလိုက်သည်နဲ့ ဘာပုံလဲလို့ မေးလိုက်နဲ့ မြယာပန်းတစ်ယောက် အလုပ်များနေတော့တယ်။
         "အဲ့ဒါဘာကောင်လဲ"
         "သစ်ကုလားအုတ်"
         ...........
         "အဲ့ဒါရော"
         ............
         "အဲ့ဒါကော"
         ..............
         "ဒါကော"
         ...........
         အချိန်တော်တော်ကြာသွားပြီးတဲ့နောက်မှာ တိရစ္ဆာန်အကောင်ရေတော်တော်များများကို နာမည်နှင့်သွင်ပြင်ကို ကျက်မိခဲ့တယ်။ မသိသေးတဲ့အရာတွေက စုန်းရွာရဲ့အပြင်ဘက်မှာ အများကြီးရှိသေးကြောင်း မျက်စိပွင့် နားပွင့် ဖြစ်စေတယ်။ စည်တွေတီး၊ နှဲတွေမှုတ် ရှူးရှူးဒိုင်းဒိုင်းဗျောက်တွေဖောက်ပြီး ဆူညံကခုန်နေတဲ့ လူအစုအဝေးကို လမ်းမလယ်မှာ ရှောင်ရှားခဲ့ပြီး တောထဲကို ပြန်ဝင်လာခဲ့တယ်။
         "ဘယ်လိုတောင်စည်ကားသိုက်မြိုက်နေကြတာလဲ၊ ပျော်စရာကြီးပဲ။ လူရယ်လို့ ဖြစ်လာရင် ဒီလိုပျော်စရာတွေ ဖန်တီးပြီး ပါဝင်နေမှ လူပီသရမှာပေါ့။ ရွာက လူတွေကို အပြောင်းအလဲ ဖြစ်သွားအောင် ဖန်တီးဦးမှပါ"
         တစ်ဦးတည်းရေရွတ်ပြီး တောလယ်ထဲကို ဝင်လာတော့ လျှောခနဲ ရောက်လာတဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်သော မြွေကို တွေ့တော့ ကြမ်းပြင်မှ လက်ကမ်းပေးလိုက်တယ်။ မြွေက အသာတကြည်ပဲ မြယာပန်းရဲ့လက်ဖျံမှာ ရစ်ခွေပြီး ခေါင်းက လက်ဖဝါးဘက်ကိုပြန်လာပြီး မတ်၍ မျက်လုံးချင်းစုံကြည့်တယ်။
         "ဘယ်တွေသွားနေတာလဲ သိချင်တာလား"
         မြယာပန်းကမေးတော့ ခေါင်းညိတ်ပြတယ်။
         "ထူးဆန်းတဲ့ရွာတစ်ရွာကိုရောက်ခဲ့တယ်။ စည်ကားပြီး ပျော်စရာကောင်းနေတယ်။ လေထဲမှာလွင့်အောင်လုပ်ထားတဲ့နည်းပညာလည်း သူတို့မှာရှိတယ်၊ အစက စုန်းရွာလို့တောင် အမှတ်မှားသွားသေးတယ်..ဟီး"
         မြယာပန်းက ပြောရင်း၊ လမ်းလျှောက်ရင်း ဆေးရွက်လို့ထင်တဲ့ အပင်တွေကို မြက်တွေကြားက နှုတ်လိုက်၊ သစ်ပင် ပင်စည်ကြီးတွေမှာ ကပ်ပေါက်နေတဲ့ နွယ်ပင်တွေကို ဓားလေးနဲ့ လှီးယူလိုက်နဲ့။ အဖြူရောင်ပန်းပွင့်လေးတွေအစီလိုက်ပွင့်တဲ့ နွယ်မျှင်တစ်ခုကို ရှူကြည့်ပြီး အားနဲ့ ဆွဲလိုက်တော့ နွယ်မျှင်က ထင်ထားသလို အတိုအပြတ်မဟုတ်ဘဲ အတော်ရှည်လျားတယ်။ အပင်ရင်းကို နွယ်အတိုင်း လိုက်ကြည့်မိတော့ အုတ်ရိုးပျက်တစ်ခုကို တွေ့လိုက်ရတယ်။
         "ဒါ အဆောက်အအုံလား၊ မြို့ပျက်လား"
         တိတ်ဆိတ်ပြီး ငှက်တွန်ကျူးသံပင် မရှိတဲ့ နေရာက ကြက်သီးထဖို့တော့သင့်တော်တဲ့ အရပ်ဖြစ်နေတယ်။ လက်ဖျံပေါ်ရှိ မြွေလေးက အထက်သို့ပြေးတက်သွားကာ မြယာပန်းရဲ့လည်ပင်းမှာ သိုင်းပိုးထားသလို အနေအထားနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တယ်။
         လူမနေတာကြာလို့ယိုယွင်း ဟောင်းနွမ်းနေတဲ့ အိမ်ကြီးတစ်လုံးနဲ့ပိုတူလေတယ်။ ဧည့်ခန်းလို့သတ်မှတ်ရလောက်တဲ့ နေရာကျယ်မှာ အမြစ်တွေ မြေကြီးမှာပေါ်နေရအောင်ထိ ကြီးမားတဲ့အပင်ကြီးတစ်ပင်ရှိတယ်။ အဲ့အပင်မှာ ခုနက မြယာပန်း လှမ်းဆွဲလိုက်တဲ့ နွယ်ပင်က တွယ်ကပ်ပေါက်နေတာ။
         "အိမ်ကြီးအိမ်ကောင်းတစ်လုံးပဲ၊ သနားစရာက လူမနေတာ နှစ်ရာချီရှိလောက်ပြီ၊ အန္တရာယ်မရှိလောက်ပါဘူး..ကဲ..ဆင်း"
         ကောင်းကင်ပေါ်မှာ ငှက်တချို့ပျံသန်းသွားတော့ လေပြေသင်းသင်းလေးက တိုးဝှေ့ပြီး စိတ်ကိုလန်းဆန်းလာစေတယ်။ အုတ်နဲ့လုပ်ထားတဲ့ထိုင်ခုံမှာ ဖုန်၊သဲ တချို့ကို မှုတ်ထုတ်ဖယ်ရှားပြီး စိတ်ချလက်ချထိုင်လိုက်နိုင်တယ်။ ခရမ်းဖျော့ရောင်ပန်းပွင့်လေးတွေက အုတ်ခုံဘေးမှာ ဖက်ဖူးစိမ်းရောင်အပင်ပုတွေနှင့်အတူ ပတ်လည်ပွင့်နေကြတယ်။ ခရမ်းရောင်ပန်းလေးကို ဆံပင်ကြားမှာ ညှပ်လိုက်တော့ လေပြေအေးက တိုးလာပြီး ပန်းပွင့်လေးဆီမှ အီစိမ့်တဲ့ရနံ့လေးအား ရှူရှိုက်မိစေတယ်။ စိတ်နှလုံးထုံသင်းပြီး နုပျိုတဲ့ခံစားချက်ကို အပြည့်အဝ ခံစားမိနေတယ်။
         "အား!!"
         ခပ်လှမ်းလှမ်းမှ အော်သံကို ကြားလိုက်ရ၍ အသံလာရာကို ပြေးသွားတယ်။ အဆောက်အဦးအိုကြီးရဲ့ အနောက်ဘက် ခပ်ဝေးဝေးက လာတာဖြစ်တာကြောင့် သွက်သွက်လေးပြေးကြည့်မိတယ်။
         ယောက်ျားလေးတစ်ဦးကို မထင်မှတ်ထားဘဲတွေ့လိုက်ရတော့ တအံ့တဩ ဖြစ်သွားရတယ်။ ပြေးလာတဲ့ ခြေထောက်တွေ တုံ့ဆိုင်းသွားပြီး ခြေလှမ်းတစ်လှမ်းချင်းစီနဲ့ သူ့ကို ရှေ့တိုးချဥ်းကပ်တယ်။
         "ရှင်ဘာဖြစ်တာလဲ"
         မြယာပန်းရဲ့ မေးသံကြောင့် မြက်ခင်းမှာ ထိုင်လျက်သား မတိမ်းမယိမ်းအရွယ်ကောင်လေးက မော့ကြည့်လာတယ်။ တစ်ခဏအတွင်း မျက်ခုံးနှစ်ခုက ဆက်လို့နီးပါးဖြစ်တဲ့အပြင် မျက်လုံးများက ညှို့အားကောင်းနေတာကို သတိထားမိလိုက်တယ်။
         "မြွေကိုက်သွားလို့"
         တရွေ့ရွေ့နဲ့ ကပ်ပါလာတဲ့ အိမ်မွေးတိရစ္ဆာန်မြွေလေးကို မြယာပန်းခါးပေါ်မှာ လက်ဖဝါကပ်ကာ မသိမသာ အရိပ်ပြလိုက်တော့ မြွေလေးက နောက်ဘက်ကို ပြန်လှည့်ပြီးရှောင်သွားတယ်။
         "ပြပါ ဒဏ်ရာကို"
         သူ့လက်ကို ဖယ်ပြီး ကြည့်လိုက်တော့ ခြေသလုံးအောက်ဘက်နားမှာ အရာနှစ်ခုကိုတွေ့တယ်။ မတုံ့ဆိုင်းဘဲ ချက်ချင်း စလွယ်အိတ်လေးထဲက ဆေးပင်တချို့ကို ထုတ်၊ အဝတ်စတချို့ကို ဖြဲယူပြီး ဆေးရည်ပုလင်းလေးထဲက ဆေးရည်တစ်စက်ကို လောင်းချ၍ ပတ်တီးစည်းရန်ပြင်ဆင်လိုက်တယ်။
         "မျက်လုံးမှိတ်ထား"
         "ဗျာ"
         "မျက်လုံးမှိတ်ထားလို့ဆိုနေ"
         "ဗျာ..ဟုတ်..ဟုတ်"
         ကြောင်စီစီနဲ့ပဲ မျက်လုံးစုံမှိတ်လိုက်တော့ မြယာပန်းလည်း ချက်ချင်း မန္တာန် တစ်ပုဒ်ကို ရွတ်လိုက်တယ်။ အစိမ်းရောင် အလင်းတန်းတွေ ထွက်သွားတာကို မျက်လုံးမှိတ်ထားတဲ့ကောင်လေးမမြင်ပေမယ့် သစ်ပင် ပေါ်က ကြည့်နေတဲ့ အိမ်မွေးတိရစ္ဆာန်လေးတော့ မြင်လိုက်မှာပေါ့။
         "ရပြီ"
          ပတ်တီးအစနှစ်ဖက်ကို တင်းတင်း ချည်ပြီးလို့ မတ်တပ်ရပ်မယ် ဟန်ပြင်တော့
          "ဒါနဲ့ နာမည်က ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား"
          "မြယာပန်းပါ၊ ရှင်ကော"
          "ကျွန်တော့်နာမည် သုခ ပါ"
          "ရှင် မတ်တပ်ရပ်လို့ကောရလား"
          ထိုင်လျက်ကြီး မော့ပြီးစကားပြောနေတာကြောင့် မေးမိတယ်။ သူက မြက်ခင်းတွေကို လက်ထောက်၍ ကြိုးစား ထကြည့်တယ်။ အနည်းငယ် ဟန်ပျက်သွားတဲ့အပေါ် မြယာပန်းက ထိန်းထားပေးလိုက်တယ်။
          "ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်..."
          အင်္ကျီအိတ်ကပ်၊ ဘောင်းဘီတို့ကို စမ်းပြီး
          "ဒါလေး လက်ဆောင်ပေးပါရစေ"
          မြယာပန်းက သူ့လက်ထဲမှ အသာယူလိုက်ပြီး နေအလင်းဖြာနေတဲ့ကောင်းကင်ကို နောက်ခံထားကာ စိစစ်ကြည့်တယ်။
          "ငှက်ကုလားအုတ်အမွေးပဲ။ ရှေးကျတဲ့စာအုပ်တွေထဲ ဘုရင်တွေပိုင်ပြီး မှော်စွမ်းအားတွေရှိတယ်လို့တော့ ဖတ်ဖူးတယ်။ ဒါတကယ် ပေးတာဆို တို့ယူလိုက်ပြီနော်"
          "ဟုတ်ကဲ့ တကယ်ပေးတာပါ"
          ခေါင်းမော့နေရာမှ သူ့ဆီကို မျက်နှာပြန်မူတော့ လှုပ်ရမ်းသွားတဲ့ အရှိန်ကြောင့် ပန်ထားတဲ့ ခရမ်းရောင်ပန်းလေးက ဆံပင်ကြားက ကျသွားတယ်။ မြေပေါ်မကျခင်မှာပင် လက်ဖဝါးနဲ့ ခံလိုက်တာကြောင့် သုခရဲ့လက်ထဲကို အချိန်မီကျလာတယ်။
          "အို့.."
         လျှပ်တစ်ပြက်ဖြစ်သွားတဲ့အခိုက်အတန့်မှာ မြယာပန်းရဲ့ ယောင်ယမ်းသံက ထွက်ပေါ်လာတယ်။ သူ့လက်ထဲက ပန်းလေးကို တွေ့တော့ အဖြစ်အပျက်ကို နောက်ကျမှ နားလည်သွားသလိုရှိတယ်။
         သုခက ခရမ်းရောင်ပန်းလေးအား ဆံပင်ကြား မူလနေရာထံ အပ်နှံပန်ဆင်ပေးတယ်။ ခေါင်းငုံ့လိုက်ပေမယ့် မျက်လုံးလှန်ကြည့်မိနေတာကြောင့် မြယာပန်း နှင့် သုခတို့ မျက်လုံးချင်းဆုံမိတယ်။ အချိန်တစ်ခုအထိ သူတို့ကြားမှာ ညှို့ယူအား ရှိနေခဲ့တယ်။
         "ရှင်...ရှင်..ကြည့်နေတာ ရပ်ဦးမှာလား"
         "အာ..အဟာ..ဟုတ်သား။ ကျွန်တော် တောင်းပန်ပါတယ်ဗျ"
         သူတို့ ခပ်ခွာခွာဖြစ်သွားပြီး သုခကလည်း ခေါင်းကုတ်ပြီး ကောင်းကင်ကို တောင်၊ မြောက် ကြည့်လို့။ မြယာပန်းကလည်း ဆံပင်တချို့ကို နားအနောက်သို့ သိမ်းထည့်လို့။
         "ရှင်ဘယ်က လာတာလဲ"
         "ကျွန်တော်..ကျွန်တော်က..ဟို..ဒီနားကပဲ"
         "ဒီနားက ရွာသားလား"
         "ဟုတ်..ဟုတ်ပါတယ်။ ဒီနားက ရွာသားပါ"
         "အွန့်..ရွာသားနဲ့လည်း ရှင့်ပုံက မတူဘူးနော်"
         "......."
         "အခု ရွာကိုလိုက်ပို့ပေးရမလား၊ ရှင့်ခြေထောက်အခြေအနေနဲ့"
         "မရလောက်ဘူး။ ကျွန်တော် အဲ့ထိကို ရောက်ဖို့ဆိုရင် ညမိုးမှောင်သွားလိမ့်မယ်၊ သားရဲတွေနဲ့ ကြုံရင် ကျွန်တော် ခုခံနိုင်မှာမဟုတ်ဘူး"
         "ဒါဆို...တို့ ဟိုနားမှာ အဆောက်အဦးအဟောင်းတစ်ခုတွေ့ထားတယ်။ အဲ့မှာ ရှင်နေမလား"
         "ဟုတ်ကဲ့၊ ကျွန်တော် နေပါမယ်။ အဲ့ဒီကို လမ်းပြပေးနိုင်မလား မြယာ"
         "လာလေရှင့်"
         မြယာပန်းက သူ့ကို ကူတွဲပြီး ခုနကတွေ့ခဲ့တဲ့ အဆောက်အဦးဆီကို ခေါ်သွားတယ်။ ခရမ်းရောင်အပွင့်လေးတွေနဲ့ အုတ်ခုံနားရောက်တော့ အုတ်ခုံမှာ ထိုင်စေလိုက်ပြီး အိတ်ထဲမှ ဆေးပုလင်းလေးတစ်ခုကို ကမ်းပေးတယ်။
         "ညကျ ရှင်မီးမွှေးရင် အဲ့ထဲကို ဒီဆေးရည်တစ်စက်ချလိုက်။ ဘယ်သားရဲမှ ရှင့်အနားကို ကပ်လာမှာ မဟုတ်ဘူး"
         "ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်"
         "ဒါဆို တို့ပြန်တော့မယ်"
         "..... စိတ်မရှိပါနဲ့၊ ကျွန်တော်တို့ဆုံတာ ဒါနောက်ဆုံးလားဗျ"
         "အင်း.....။ ရှင်တွေ့ချင်ရင်တော့ မနက်ဖြန် တို့လာခဲ့မယ်"
         "ဟုတ်ကဲ့၊ ကျွန်တော် ထပ်ဆုံချင်ပါရစေ"
         "ခိ..ဒါဆို တို့သွားတော့မယ်"
         "နက်ဖြန် ဆက်ဆက်နော် မြယာ"
         "ဆက်ဆက်..."
         မြယာလည်း အဆောက်အဦးဟောင်းထဲကနေ ထွက်လာခဲ့တယ်။ သစ်ပင်ပေါ်မှာ ပုန်းခိုနေတဲ့ အိမ်မွေးတိရစ္ဆာန်မြွေလေးက ဆင်းလာပြီး မြယာရဲ့ခြေထောက်မှာ ရစ်ပတ်ပြီး လိုက်သွားတော့တယ်။
         "ရွာကလူတွေတွေ့သွားရင် ဘယ်လိုလုပ်မလဲလို့ စိုးရိမ်နေတာလား"
         ခြေထောက်က မြွေလေးကို လက်နဲ့ပင့်ယူလိုက်ပြီး လက်ဖျံတစ်ဖက်မှာ ပတ်ထားစေတယ်။
         "အင်း.. မန္တာန်တစ်ပုဒ်သုံးခဲ့လိုက်မယ်။ ဘယ်သူမှ မတွေ့အောင်ပေါ့..ဟီး.."
                         
      
      
(Zawgyi)
   စုန္း႐ြာတဲ့။
       တစ္႐ြာလုံး ပညာတတ္ေျမာက္ၾကတဲ့ လူေတြ ေနထိုင္တဲ့ေနရာေပါ့။ လူေနအိမ္ေတြက ေျခတံရွည္အိမ္ေတြျဖစ္ၿပီး ရက္ကန္းလုပ္ငန္းကို အထူးလုပ္ကိုင္ၾကတယ္။ တျခားျဖစ္တဲ့ သီးပင္စိုက္ပ်ိဳးတာ၊ အမဲလိုက္တာ၊ ရိပ္သိမ္းတာ၊ တီးမႈတ္ကခုန္တာ၊ ေဆးရည္စပ္တာ၊ ေဆးပင္ပ်ိဳးတာ၊ ကေလးငယ္ေတြကို ပညာသင္ၾကားတာ စတာေတြကိုလည္း အုပ္စုလိုက္ခြဲလုပ္ၾကတယ္။
       ႐ြာသူ႐ြာသားေတြကို စီမံအုပ္ခ်ဳပ္ဖို႔႐ြာသူႀကီးရွိၿပီး သူက တစ္႐ြာလုံးရဲ႕ ေမွာ္ပညာထိပ္တန္းျဖစ္ရတယ္။ ႐ြာသူႀကီးအဆက္ဆက္ အာဏာနဲ႕အုပ္ခ်ဳပ္တာမဟုတ္ဘဲ မွ်မွ်တတအုပ္ခ်ဳပ္ၾကလို႔ ႐ြာသူ႐ြာသားတိုင္းက ေလးစား ခ်စ္ခင္ၾကတယ္။ ဒါေပမယ့္ ေနာက္ဆုံး႐ြာသူႀကီး လက္ထက္မွာေတာ့ ေခတ္ေတြေျပာင္းလဲလာတာႏွင့္အမွ် အုပ္ခ်ဳပ္မႈပုံစံလည္း ေျပာင္းလဲလာတယ္။
       ယခင္ ေခတ္အဆက္ဆက္သီးသန့္ေနထိုင္ခဲ့တဲ့႐ြာကို ပိုမိုတင္းၾကပ္တဲ့ပုံစံျဖင့္ အျခား႐ြာကိုမသြားရ၊ အျခား႐ြာသားမ်ားနဲ႕ ဆက္ဆံျခင္းမရွိရ၊ အျခား႐ြာကလူေတြကိုေခၚမလာရ စသည့္ စည္းကမ္းမ်ားကို ထပ္တိုးတယ္။ ႏွစ္အဆက္ဆက္ အုပ္ခ်ဳပ္မႈမွာ ႐ြာသူႀကီးသည္သာ အမွန္ဟု ယူဆထားေသာ ႐ြာသူ႐ြာသားေတြက ေစာဒက တက္ျခင္းမရွိ လြယ္လင့္တကူ လက္ခံၾကတယ္။ ႐ြာသူႀကီးက သူ႕အင္အားႏွင့္ သူၿပိဳင္ဘက္မရွိ မင္းလုပ္အုပ္ခ်ဳပ္ခြင့္ရေနေပမယ့္ ရတက္မေအးသည့္ အေၾကာင္းအခ်င္းကိုလည္း အၿမဲေစာင့္ၾကည့္ေနတတ္တယ္။
       သူ႕နာမည္က ျမယာပန္း။ ႐ြာရဲ႕ ပ်ိဳ႐ြယ္တင့္တယ္ မႈမွာ ၿပိဳင္စံရွားတဲ့ စုန္းမပ်ိဳေလး။ မ်ိဳးရိုးအရဆိုရင္ အင္အားအႀကီးဆုံးစုန္းရဲ႕ မ်ိဳးဆက္ျဖစ္တယ္။ မိဘေတြမရွိေတာ့ဘဲ ညီမငယ္ ၾကယ္တာရာပန္းနဲ႕ အတူ ေနထိုင္တယ္။ ပညာမွာေရာ၊ မ်ိဳးရိုးအရေရာ ႐ြာသူႀကီးရဲ႕အဆင့္အတန္းကို ၿပိဳင္ယွဥ္နိုင္တာေၾကာင့္ ႐ြာသူႀကီးက သူတို႔ႏွစ္ေယာက္ကို ေခ်ာ့သြင္း၍ မ်က္ျခည္မျပတ္ ေစာင့္ၾကည့္ေလ့ရွိတယ္။
       "သြားေတာ့မွာလား ျပင္ဆင္ေနပုံေထာက္ရင္"
       "သြားခ်ိန္တန္ေတာ့လည္း သြားရမွာေပါ့၊ အခု ကာကြယ္ေရးအစီအမံေတြကို ထပ္တိုးဖို႔ မႏၱာန္ေတြနဲ႕႐ြာပတ္လည္ကို ပိတ္ေနရတာ အေရးမပါတဲ့အလုပ္လုပ္ေနရသလိုပဲ။ အဲ့ဒါဟိုလူႀကီး တြန္းအားေပးတာေတြအမ်ားႀကီးပါတယ္ ဟြန့္..အာဏာ႐ူးႀကီး"
       "ကဲပါ..သူလုပ္ခိုင္းရင္လုပ္လိုက္ေပါ့။ ေတာ္ၾကာ ေမးလားျမန္းလားလုပ္လာရင္ အဲ့ဒါနဲ႕ စကားက မ်ားရဦးမယ္မလား"
       "စကားမ်ားလည္းမ်ားရပေစ။ မသိရင္ ေၾကာက္လို႔ၿငိမ္ခံေနတယ္မွတ္ေနလားမသိ။ တစ္ပြဲတစ္လမ္းေလာက္ စမ္းၾကည့္ခ်င္စမ္းပါဘိနဲ႕၊ ေတာ္ေတာ္ၾကာ ႐ြာလယ္ေခါင္မွာ အရွက္ေတြကြဲေနမွ မရႉနိုင္ မကယ္နိုင္ျဖစ္ေနမွာ"
       "ကဲ...ဒီေလာက္ေျပာေနရရင္ ေက်နပ္ေတာ့။ အလုပ္မွာေကာင္းေကာင္းႀကိဳးစားခဲ့ေနာ္၊ ငါ့ညီမေလး"
       "အဲ..အဲ..မမကေကာ ဘယ္သြားဦးမလို႔လဲ အိတ္တစ္လုံးနဲ႕"
       အနားနားကို တိုးကပ္လာၿပီး 'ရႉး..တိုးတိုး' ဟုဆိုကာ ထပ္ေျပာတယ္။
       "႐ြာျပင္မွာ ေဆးပင္သြားခူးမလို႔"
       "အမ္.........႐ြာအဝင္အထြက္ကို ကာကြယ္ေရးအဖြဲ႕က စုန္းဆယ့္ႏွစ္ေယာက္နဲ႕ ပိတ္ထားတာေလ"
       လက္ခါရမ္းျပၿပီး
       "ဟီး..ဒီေလာက္ေတာ့ အေပ်ာ့ပါ"
       "ညီမ မႏၱာန္ကိုပါ ေဖာက္ဖ်က္နိုင္တာလား။ ဒါမျဖစ္နိုင္ဘူး၊ လုံးဝ မျဖစ္သင့္တာ"
       "စိတ္မဆိုးပါနဲ႕ ေကာင္မေလးေရ..။ တစ္႐ြာလုံးရဲ႕ ကာကြယ္ေရးအဖြဲ႕ေခါင္းေဆာင္ဆိုေတာ့ အခုလိုၾကားရေတာ့ နည္းနည္း ခံျပင္းသြားတယ္မလား..ဟီး"
       "သြားဗ်ာ..သနားလို႔ အေလွ်ာ့ေပးလိုက္မယ္။ ေစာင့္ၾကည့္ေန..ေနာက္တစ္ခါ အဲ့လို ထြက္နိုင္မွာ မဟုတ္ဘူး။ အခုတစ္ခါတည္း အဝ ေပ်ာ္ခဲ့"
       "အမိန့္ေတာ္အတိုင္းပါ ညီမေလး...."
       "လာ စ ေန တယ္..."
       အိတ္ကို ဆြဲယူၿပီး ေျခတံရွည္အိမ္ေပၚက ဆင္းလာခဲ့တယ္။ ႐ြာအေနာက္ဘက္ကို မသိမသာ လွည့္သြားၿပီး ႐ြာသားေတြ မျမင္ေအာင္ ေကြ႕ပတ္သြားလိုက္တယ္။ ႐ြာသူႀကီးက ေနာက္လိုက္တခ်ိဳ႕နဲ႕ ႐ြာကို ပတ္ၾကည့္ရင္း ေဆးရည္စပ္အေဆာင္ထဲကို ဝင္သြားတာကို လွမ္းေတြ႕လိုက္တယ္။ အဲ့ေတာ့မွ စိတ္ခ်လက္ခ်နဲ႕ တိတ္တိတ္ေလး လစ္ထြက္လာခဲ့တယ္။
       ႐ြာျပင္ကို လြယ္ကူစြာပဲ ထြက္လာနိုင္ခဲ့ၿပီး ေပါက္သြားတဲ့ စြမ္းအင္နံရံကို မႏၱာန္ နဲ႕ျပန္ပိတ္ထားခဲ့ၿပီး ေတာလမ္းကိုျဖတ္လာတယ္။ အိတ္ထဲကေန ေခါင္းျပဴထြက္လာတဲ့ အိမ္ေမြးတိရစ္ဆာန္ ေႁမြကို ျမင္ေတာ့
       "ေတာထဲမွာ ေလွ်ာက္သြားခ်င္သြားေလ"
       လို႔ေျပာၿပီး အိတ္ကို ျမက္ခင္းေတြနားအေပါက္ဟ ေပးလိုက္ေတာ့ အလိုက္သင့္ထြက္သြားေလတယ္။ ျမယာပန္းကေတာ့ တျခား႐ြာတစ္႐ြာရွိရာဆီကို ဦးတည္သြားလိုက္တယ္။
        ေတာက နက္တယ္။ ဝင္ေပါက္ထြက္ေပါက္ကို ခန့္မွန္းမရေလာက္ေအာင္က်ယ္တယ္။ သစ္ပင္ေတြ၊ ပန္းေတြ၊ ေဆးပင္ေတြနဲ႕ သားေကာင္ေတြေပါတဲ့ ရတနာေတာႀကီးဆိုလည္းမမွား။ ရတနာဆိုမွ သူတို႔ စုန္း႐ြာကို သယ္ယူလာတဲ့ ေက်ာက္ျမတ္ရတနာေတြကလည္း ဒီေတာရဲ႕တစ္ေနရာက တူးေဖာ္ရရွိေနတာလို႔လည္း အမဲလိုက္အဖြဲ႕က ေျပာဖူးတယ္။
        "ေတြ႕ၿပီ ဒီလမ္းပဲ"
        လမ္းေပါင္းမ်ားစြာနဲ႕ ေတာကို ျဖတ္ၿပီး အနီးအနားက ႐ြာေတြကို ေလွ်ာက္လည္ၿပီးေပမယ့္ အနားမွာ ႐ြာဘယ္ႏွ႐ြာေလာက္တည္ထားတယ္ကို အတိအက်မသိရေသး။ စုန္း႐ြာက ေတာလယ္ထဲမွာ ရွိၿပီး ေတာရဲ႕ေဘးပတ္လည္မွာ ႐ြာေပါင္းမ်ားစြာရွိေနတာေၾကာင့္္ ႐ြာသူႀကီးက စိုးရိမ္စိတ္ ႀကီးေနသလား မေျပာတတ္။
        "အိုး.. အဲ့ဒါ ဘာႀကီးလား"
        ႐ြာအဝင္မွာပဲ ေကာင္းကင္မွာ လြင့္ေနတဲ့ ေဖာင္းေဖာင္းကားကားႀကီးကို ျမင္ၿပီး ေရ႐ြတ္မိတယ္။
        "စုန္း႐ြာပဲလား၊ ေလေပၚမွာ အဲ့ဒါႀကီးအလိုလိုနဲ႕လြင့္ေနရေအာင္ ဘယ္လိုမႏၱာန္ေတြသုံးထားတာလဲ"
        "ေကာင္မေလး ဘာၾကည့္ေနတာလဲ"
        လမ္းလယ္မွာ မိုးေပၚေမာ့လို႔ၾကည့္ေနေတာ့လမ္းသြားလမ္းလာ သက္လတ္ပိုင္း အမ်ိဳးသားတစ္ေယာက္က ဝင္ေမးတယ္။
        "အဲ့ဒါ ဘာႀကီးလဲ"
        "ေအာ္..ဒါ မီးပုံးပ်ံေလ"
        "ဝါး..ေခတ္မီလိုက္တာ၊ ငါေတာ့ ဒီ႐ြာမွာ အျမင္သစ္ေတြ ရေတာ့မယ္"
        "ဒီ႐ြာက နည္းပညာဆန္းသစ္မႈမွာ ေရွ႕ေျပးပဲ ကေလးမရဲ႕၊ ႐ြာလို႔ဆိုေပမယ့္ ၿမိဳ႕ေလာက္နီးနီးကို ခမ္းနားလာေတာ့မွာေဟ့..ေလ့လာလိုက္ဦး"
        ခမ္းနားတဲ့ နံရံခ်ိတ္ မီးပုံးအလွေလးေတြ၊ အပင္ႀကီးမ်ိဳးကို ကိုင္းယူၿပီး အေသးေလးပ်ိဳးထားတာေတြ၊ အုတ္နဲ႕ေဆာက္တဲ့ အိမ္ကိုမွ နံရံမွာ ျခယ္သထားတဲ့ ေရေဆးပန္းခ်ီေတြ၊ တက်ီက်ီေအာ္ျမည္သံထြက္တဲ့ ဘဲ႐ုပ္၊ ၾကက္တူေ႐ြး႐ုပ္ ေတြ၊ ေလမွာပ်ံေနတဲ့ မိုးပ်ံပူေဖာင္းေလးေတြ စသည္တို႔က အျမင္ကို ဆန္းျပားေစၿပီး တီထြင္ဖန္တီးခ်င္တဲ့စိတ္ကူးေတြ ျဖစ္လာေစတယ္။
        "ဒီပိတ္စက လွလိုက္တာ"
        "ႀကိဳးၾကာေခါင္းနီစုံတြဲ ပိတ္စေတြက ဒီ႐ြာမွာ အေရာင္းရဆုံးပဲ။ တျခား႐ြာေတြကေတာင္ လာဝယ္ၾကတာ၊ ကေလးမနဲ႕ဆို အေတာ္လွမွာေနာ္"
        "ဟီး...ဒါကေရာ ဘာေကာင္လဲ"
        "ဒါက အေအးပိုင္းေဒသေတြမွာေနတဲ့ ဝက္ဝံျဖဴႀကီးေတြေလ"
        "အဲ့ဒါကို ပိတ္စမွာရက္နိုင္တယ္ေပါ့။ ရက္ကန္းပညာထြန္းကားတဲ့ ေဒသပဲ"
        "အျမင္ရွိသားပဲ ကေလးမ။ ပိတ္စမွာဆို တို႔႐ြာက ၿပိဳင္စံရွားပဲေလ"
        "လိုခ်င္စရာႀကီးေတြ..ဟီး"
        ပိတ္စေတြ ထပ္မဖြေတာ့ဘဲ အေပၚယံၾကည့္ၿပီး ေနာက္တစ္ေနရာကို သြားၾကည့္ဖို႔ စိတ္ကူးၿပီး လမ္းမေပၚမွာ ေလွ်ာက္လာခဲ့တယ္။
        "ပိတ္စေတြက ႐ြာကလို အသားၾကမ္းၾကမ္းမဟုတ္ဘဲ ေခ်ာေမြ႕ေနတာပဲ၊ ၿပီးေတာ့ ပုံေဖာ္တဲ့အ႐ုပ္ေတြကလည္းဆန္းသစ္တယ္၊ ဖန္တီးမႈရွိတယ္၊ နည္းနာယူၿပီး ႐ြာကို လက္ဆင့္ကမ္းေပးရမယ္"
        လမ္းမေဘးတစ္ဖက္မွာ ခမ္းနားတဲ့ အျပင္အဆင္နဲ႕ စီရီထားတဲ့ ထိုင္ခုံေတြ၊ အေရာင္စုံပန္းပြင့္ေတြကို လိုက္ဖက္ေအာင္စုစည္းၿပီး အေရာင္လွတဲ့ စကၠဴနဲ႕ ပတ္ထားတဲ့ ပန္းစည္းေတြ၊ ေမႊးႀကိဳင္တဲ့ ဟင္းခတ္ေတြနဲ႕ တစ္လမ္းလုံး လွိုင္လွိုင္သင္းေအာင္ စြဲေဆာင္ေနတဲ့ ေခါက္ဆြဲဆိုင္ေတြကိုလည္း တအံ့တဩေတြ႕ရတယ္။
        တစ္ေနရာမွာေတာ့ ျမယာပန္းကို ဘယ္မွ မသြားေစေတာ့ဘဲ ထိုင္ၾကည့္ေနရေလာက္ေအာင္ ဖမ္းစားထားလိုက္တယ္။ စာ႐ြက္ေလးေတြခ်ၿပီး ေဆးေရာင္ေတြျခယ္ေနတဲ့ေနရာမွာ ကေလးေတြႏွင့္အတူ တိုးေဝွ႕ၿပီး ေရာထိုင္လိုက္တယ္။ အထူးအဆန္းၾကည့္ရင္း
        "အဲ့ဒါ ဘာပုံလဲ"
        "ေ႐ႊငါးလို႔ေခၚတယ္"
         အဲ့လူႀကီးေရးဆြဲေနတာကို ၾကည့္လိုက္၊ တစ္ပုံၿပီးသြားလို႔ ေရာင္းရန္ ခ်လိဳက္သည္နဲ႕ ဘာပုံလဲလို႔ ေမးလိုက္နဲ႕ ျမယာပန္းတစ္ေယာက္ အလုပ္မ်ားေနေတာ့တယ္။
         "အဲ့ဒါဘာေကာင္လဲ"
         "သစ္ကုလားအုတ္"
         ...........
         "အဲ့ဒါေရာ"
         ............
         "အဲ့ဒါေကာ"
         ..............
         "ဒါေကာ"
         ...........
         အခ်ိန္ေတာ္ေတာ္ၾကာသြားၿပီးတဲ့ေနာက္မွာ တိရစ္ဆာန္အေကာင္ေရေတာ္ေတာ္မ်ားမ်ားကို နာမည္ႏွင့္သြင္ျပင္ကို က်က္မိခဲ့တယ္။ မသိေသးတဲ့အရာေတြက စုန္း႐ြာရဲ႕အျပင္ဘက္မွာ အမ်ားႀကီးရွိေသးေၾကာင္း မ်က္စိပြင့္ နားပြင့္ ျဖစ္ေစတယ္။ စည္ေတြတီး၊ ႏွဲေတြမႈတ္ ရႉးရႉးဒိုင္းဒိုင္းေဗ်ာက္ေတြေဖာက္ၿပီး ဆူညံကခုန္ေနတဲ့ လူအစုအေဝးကို လမ္းမလယ္မွာ ေရွာင္ရွားခဲ့ၿပီး ေတာထဲကို ျပန္ဝင္လာခဲ့တယ္။
         "ဘယ္လိုေတာင္စည္ကားသိုက္ၿမိဳက္ေနၾကတာလဲ၊ ေပ်ာ္စရာႀကီးပဲ။ လူရယ္လို႔ ျဖစ္လာရင္ ဒီလိုေပ်ာ္စရာေတြ ဖန္တီးၿပီး ပါဝင္ေနမွ လူပီသရမွာေပါ့။ ႐ြာက လူေတြကို အေျပာင္းအလဲ ျဖစ္သြားေအာင္ ဖန္တီးဦးမွပါ"
         တစ္ဦးတည္းေရ႐ြတ္ၿပီး ေတာလယ္ထဲကို ဝင္လာေတာ့ ေလွ်ာခနဲ ေရာက္လာတဲ့ အိမ္ေမြးတိရစ္ဆာန္ျဖစ္ေသာ ေႁမြကို ေတြ႕ေတာ့ ၾကမ္းျပင္မွ လက္ကမ္းေပးလိုက္တယ္။ ေႁမြက အသာတၾကည္ပဲ ျမယာပန္းရဲ႕လက္ဖ်ံမွာ ရစ္ေခြၿပီး ေခါင္းက လက္ဖဝါးဘက္ကိုျပန္လာၿပီး မတ္၍ မ်က္လုံးခ်င္းစုံၾကည့္တယ္။
         "ဘယ္ေတြသြားေနတာလဲ သိခ်င္တာလား"
         ျမယာပန္းကေမးေတာ့ ေခါင္းညိတ္ျပတယ္။
         "ထူးဆန္းတဲ့႐ြာတစ္႐ြာကိုေရာက္ခဲ့တယ္။ စည္ကားၿပီး ေပ်ာ္စရာေကာင္းေနတယ္။ ေလထဲမွာလြင့္ေအာင္လုပ္ထားတဲ့နည္းပညာလည္း သူတို႔မွာရွိတယ္၊ အစက စုန္း႐ြာလို႔ေတာင္ အမွတ္မွားသြားေသးတယ္..ဟီး"
         ျမယာပန္းက ေျပာရင္း၊ လမ္းေလွ်ာက္ရင္း ေဆး႐ြက္လို႔ထင္တဲ့ အပင္ေတြကို ျမက္ေတြၾကားက ႏႈတ္လိုက္၊ သစ္ပင္ ပင္စည္ႀကီးေတြမွာ ကပ္ေပါက္ေနတဲ့ ႏြယ္ပင္ေတြကို ဓားေလးနဲ႕ လွီးယူလိုက္နဲ႕။ အျဖဴေရာင္ပန္းပြင့္ေလးေတြအစီလိုက္ပြင့္တဲ့ ႏြယ္မွ်င္တစ္ခုကို ရႉၾကည့္ၿပီး အားနဲ႕ ဆြဲလိုက္ေတာ့ ႏြယ္မွ်င္က ထင္ထားသလို အတိုအျပတ္မဟုတ္ဘဲ အေတာ္ရွည္လ်ားတယ္။ အပင္ရင္းကို ႏြယ္အတိုင္း လိုက္ၾကည့္မိေတာ့ အုတ္ရိုးပ်က္တစ္ခုကို ေတြ႕လိုက္ရတယ္။
         "ဒါ အေဆာက္အအုံလား၊ ၿမိဳ႕ပ်က္လား"
         တိတ္ဆိတ္ၿပီး ငွက္တြန္က်ဴးသံပင္ မရွိတဲ့ ေနရာက ၾကက္သီးထဖို႔ေတာ့သင့္ေတာ္တဲ့ အရပ္ျဖစ္ေနတယ္။ လက္ဖ်ံေပၚရွိ ေႁမြေလးက အထက္သို႔ေျပးတက္သြားကာ ျမယာပန္းရဲ႕လည္ပင္းမွာ သိုင္းပိုးထားသလို အေနအထားနဲ႕ ပတ္ဝန္းက်င္ကို အကဲခတ္ၾကည့္တယ္။
         လူမေနတာၾကာလို႔ယိုယြင္း ေဟာင္းႏြမ္းေနတဲ့ အိမ္ႀကီးတစ္လုံးနဲ႕ပိုတူေလတယ္။ ဧည့္ခန္းလို႔သတ္မွတ္ရေလာက္တဲ့ ေနရာက်ယ္မွာ အျမစ္ေတြ ေျမႀကီးမွာေပၚေနရေအာင္ထိ ႀကီးမားတဲ့အပင္ႀကီးတစ္ပင္ရွိတယ္။ အဲ့အပင္မွာ ခုနက ျမယာပန္း လွမ္းဆြဲလိုက္တဲ့ ႏြယ္ပင္က တြယ္ကပ္ေပါက္ေနတာ။
         "အိမ္ႀကီးအိမ္ေကာင္းတစ္လုံးပဲ၊ သနားစရာက လူမေနတာ ႏွစ္ရာခ်ီရွိေလာက္ၿပီ၊ အႏၱရာယ္မရွိေလာက္ပါဘူး..ကဲ..ဆင္း"
         ေကာင္းကင္ေပၚမွာ ငွက္တခ်ိဳ႕ပ်ံသန္းသြားေတာ့ ေလေျပသင္းသင္းေလးက တိုးေဝွ႕ၿပီး စိတ္ကိုလန္းဆန္းလာေစတယ္။ အုတ္နဲ႕လုပ္ထားတဲ့ထိုင္ခုံမွာ ဖုန္၊သဲ တခ်ိဳ႕ကို မႈတ္ထုတ္ဖယ္ရွားၿပီး စိတ္ခ်လက္ခ်ထိဳင္လိုက္နိုင္တယ္။ ခရမ္းေဖ်ာ့ေရာင္ပန္းပြင့္ေလးေတြက အုတ္ခုံေဘးမွာ ဖက္ဖူးစိမ္းေရာင္အပင္ပုေတြႏွင့္အတူ ပတ္လည္ပြင့္ေနၾကတယ္။ ခရမ္းေရာင္ပန္းေလးကို ဆံပင္ၾကားမွာ ညွပ္လိုက္ေတာ့ ေလေျပေအးက တိုးလာၿပီး ပန္းပြင့္ေလးဆီမွ အီစိမ့္တဲ့ရနံ႕ေလးအား ရႉရွိုက္မိေစတယ္။ စိတ္ႏွလုံးထုံသင္းၿပီး ႏုပ်ိဳတဲ့ခံစားခ်က္ကို အျပည့္အဝ ခံစားမိေနတယ္။
         "အား!!"
         ခပ္လွမ္းလွမ္းမွ ေအာ္သံကို ၾကားလိုက္ရ၍ အသံလာရာကို ေျပးသြားတယ္။ အေဆာက္အဦးအိုႀကီးရဲ႕ အေနာက္ဘက္ ခပ္ေဝးေဝးက လာတာျဖစ္တာေၾကာင့္ သြက္သြက္ေလးေျပးၾကည့္မိတယ္။
         ေယာက္်ားေလးတစ္ဦးကို မထင္မွတ္ထားဘဲေတြ႕လိုက္ရေတာ့ တအံ့တဩ ျဖစ္သြားရတယ္။ ေျပးလာတဲ့ ေျခေထာက္ေတြ တုံ႕ဆိုင္းသြားၿပီး ေျခလွမ္းတစ္လွမ္းခ်င္းစီနဲ႕ သူ႕ကို ေရွ႕တိုးခ်ဥ္းကပ္တယ္။
         "ရွင္ဘာျဖစ္တာလဲ"
         ျမယာပန္းရဲ႕ ေမးသံေၾကာင့္ ျမက္ခင္းမွာ ထိုင္လ်က္သား မတိမ္းမယိမ္းအ႐ြယ္ေကာင္ေလးက ေမာ့ၾကည့္လာတယ္။ တစ္ခဏအတြင္း မ်က္ခုံးႏွစ္ခုက ဆက္လို႔နီးပါးျဖစ္တဲ့အျပင္ မ်က္လုံးမ်ားက ညွို႔အားေကာင္းေနတာကို သတိထားမိလိုက္တယ္။
         "ေႁမြကိုက္သြားလို႔"
         တေ႐ြ႕ေ႐ြ႕နဲ႕ ကပ္ပါလာတဲ့ အိမ္ေမြးတိရစ္ဆာန္ေႁမြေလးကို ျမယာပန္းခါးေပၚမွာ လက္ဖဝါကပ္ကာ မသိမသာ အရိပ္ျပလိုက္ေတာ့ ေႁမြေလးက ေနာက္ဘက္ကို ျပန္လွည့္ၿပီးေရွာင္သြားတယ္။
         "ျပပါ ဒဏ္ရာကို"
         သူ႕လက္ကို ဖယ္ၿပီး ၾကည့္လိုက္ေတာ့ ေျခသလုံးေအာက္ဘက္နားမွာ အရာႏွစ္ခုကိုေတြ႕တယ္။ မတုံ႕ဆိုင္းဘဲ ခ်က္ခ်င္း စလြယ္အိတ္ေလးထဲက ေဆးပင္တခ်ိဳ႕ကို ထုတ္၊ အဝတ္စတခ်ိဳ႕ကို ၿဖဲယူၿပီး ေဆးရည္ပုလင္းေလးထဲက ေဆးရည္တစ္စက္ကို ေလာင္းခ်၍ ပတ္တီးစည္းရန္ျပင္ဆင္လိုက္တယ္။
         "မ်က္လုံးမွိတ္ထား"
         "ဗ်ာ"
         "မ်က္လုံးမွိတ္ထားလို႔ဆိုေန"
         "ဗ်ာ..ဟုတ္..ဟုတ္"
         ေၾကာင္စီစီနဲ႕ပဲ မ်က္လုံးစုံမွိတ္လိုက္ေတာ့ ျမယာပန္းလည္း ခ်က္ခ်င္း မႏၱာန္ တစ္ပုဒ္ကို ႐ြတ္လိုက္တယ္။ အစိမ္းေရာင္ အလင္းတန္းေတြ ထြက္သြားတာကို မ်က္လုံးမွိတ္ထားတဲ့ေကာင္ေလးမျမင္ေပမယ့္ သစ္ပင္ ေပၚက ၾကည့္ေနတဲ့ အိမ္ေမြးတိရစ္ဆာန္ေလးေတာ့ ျမင္လိုက္မွာေပါ့။
         "ရၿပီ"
          ပတ္တီးအစႏွစ္ဖက္ကို တင္းတင္း ခ်ည္ၿပီးလို႔ မတ္တပ္ရပ္မယ္ ဟန္ျပင္ေတာ့
          "ဒါနဲ႕ နာမည္က ဘယ္သူလဲဆိုတာ သိခြင့္ရွိမလား"
          "ျမယာပန္းပါ၊ ရွင္ေကာ"
          "ကြၽန္ေတာ့္နာမည္ သုခ ပါ"
          "ရွင္ မတ္တပ္ရပ္လို႔ေကာရလား"
          ထိုင္လ်က္ႀကီး ေမာ့ၿပီးစကားေျပာေနတာေၾကာင့္ ေမးမိတယ္။ သူက ျမက္ခင္းေတြကို လက္ေထာက္၍ ႀကိဳးစား ထၾကည့္တယ္။ အနည္းငယ္ ဟန္ပ်က္သြားတဲ့အေပၚ ျမယာပန္းက ထိန္းထားေပးလိုက္တယ္။
          "ေက်းဇူးတင္တဲ့အေနနဲ႕ ကြၽန္ေတာ္..."
          အကၤ်ီအိတ္ကပ္၊ ေဘာင္းဘီတို႔ကို စမ္းၿပီး
          "ဒါေလး လက္ေဆာင္ေပးပါရေစ"
          ျမယာပန္းက သူ႕လက္ထဲမွ အသာယူလိုက္ၿပီး ေနအလင္းျဖာေနတဲ့ေကာင္းကင္ကို ေနာက္ခံထားကာ စိစစ္ၾကည့္တယ္။
          "ငွက္ကုလားအုတ္အေမြးပဲ။ ေရွးက်တဲ့စာအုပ္ေတြထဲ ဘုရင္ေတြပိုင္ၿပီး ေမွာ္စြမ္းအားေတြရွိတယ္လို႔ေတာ့ ဖတ္ဖူးတယ္။ ဒါတကယ္ ေပးတာဆို တို႔ယူလိုက္ၿပီေနာ္"
          "ဟုတ္ကဲ့ တကယ္ေပးတာပါ"
          ေခါင္းေမာ့ေနရာမွ သူ႕ဆီကို မ်က္ႏွာျပန္မူေတာ့ လႈပ္ရမ္းသြားတဲ့ အရွိန္ေၾကာင့္ ပန္ထားတဲ့ ခရမ္းေရာင္ပန္းေလးက ဆံပင္ၾကားက က်သြားတယ္။ ေျမေပၚမက်ခင္မွာပင္ လက္ဖဝါးနဲ႕ ခံလိုက္တာေၾကာင့္ သုခရဲ႕လက္ထဲကို အခ်ိန္မီက်လာတယ္။
          "အို႔.."
         လွ်ပ္တစ္ျပက္ျဖစ္သြားတဲ့အခိုက္အတန့္မွာ ျမယာပန္းရဲ႕ ေယာင္ယမ္းသံက ထြက္ေပၚလာတယ္။ သူ႕လက္ထဲက ပန္းေလးကို ေတြ႕ေတာ့ အျဖစ္အပ်က္ကို ေနာက္က်မွ နားလည္သြားသလိုရွိတယ္။
         သုခက ခရမ္းေရာင္ပန္းေလးအား ဆံပင္ၾကား မူလေနရာထံ အပ္ႏွံပန္ဆင္ေပးတယ္။ ေခါင္းငုံ႕လိုက္ေပမယ့္ မ်က္လုံးလွန္ၾကည့္မိေနတာေၾကာင့္ ျမယာပန္း ႏွင့္ သုခတို႔ မ်က္လုံးခ်င္းဆုံမိတယ္။ အခ်ိန္တစ္ခုအထိ သူတို႔ၾကားမွာ ညွို႔ယူအား ရွိေနခဲ့တယ္။
         "ရွင္...ရွင္..ၾကည့္ေနတာ ရပ္ဦးမွာလား"
         "အာ..အဟာ..ဟုတ္သား။ ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ဗ်"
         သူတို႔ ခပ္ခြာခြာျဖစ္သြားၿပီး သုခကလည္း ေခါင္းကုတ္ၿပီး ေကာင္းကင္ကို ေတာင္၊ ေျမာက္ ၾကည့္လို႔။ ျမယာပန္းကလည္း ဆံပင္တခ်ိဳ႕ကို နားအေနာက္သို႔ သိမ္းထည့္လို႔။
         "ရွင္ဘယ္က လာတာလဲ"
         "ကြၽန္ေတာ္..ကြၽန္ေတာ္က..ဟို..ဒီနားကပဲ"
         "ဒီနားက ႐ြာသားလား"
         "ဟုတ္..ဟုတ္ပါတယ္။ ဒီနားက ႐ြာသားပါ"
         "အြန့္..႐ြာသားနဲ႕လည္း ရွင့္ပုံက မတူဘူးေနာ္"
         "......."
         "အခု ႐ြာကိုလိုက္ပို႔ေပးရမလား၊ ရွင့္ေျခေထာက္အေျခအေနနဲ႕"
         "မရေလာက္ဘူး။ ကြၽန္ေတာ္ အဲ့ထိကို ေရာက္ဖို႔ဆိုရင္ ညမိုးေမွာင္သြားလိမ့္မယ္၊ သားရဲေတြနဲ႕ ႀကဳံရင္ ကြၽန္ေတာ္ ခုခံနိုင္မွာမဟုတ္ဘူး"
         "ဒါဆို...တို႔ ဟိုနားမွာ အေဆာက္အဦးအေဟာင္းတစ္ခုေတြ႕ထားတယ္။ အဲ့မွာ ရွင္ေနမလား"
         "ဟုတ္ကဲ့၊ ကြၽန္ေတာ္ ေနပါမယ္။ အဲ့ဒီကို လမ္းျပေပးနိုင္မလား ျမယာ"
         "လာေလရွင့္"
         ျမယာပန္းက သူ႕ကို ကူတြဲၿပီး ခုနကေတြ႕ခဲ့တဲ့ အေဆာက္အဦးဆီကို ေခၚသြားတယ္။ ခရမ္းေရာင္အပြင့္ေလးေတြနဲ႕ အုတ္ခုံနားေရာက္ေတာ့ အုတ္ခုံမွာ ထိုင္ေစလိုက္ၿပီး အိတ္ထဲမွ ေဆးပုလင္းေလးတစ္ခုကို ကမ္းေပးတယ္။
         "ညက် ရွင္မီးေမႊးရင္ အဲ့ထဲကို ဒီေဆးရည္တစ္စက္ခ်လိဳက္။ ဘယ္သားရဲမွ ရွင့္အနားကို ကပ္လာမွာ မဟုတ္ဘူး"
         "ဟုတ္ကဲ့..ေက်းဇူးတင္ပါတယ္"
         "ဒါဆို တို႔ျပန္ေတာ့မယ္"
         "..... စိတ္မရွိပါနဲ႕၊ ကြၽန္ေတာ္တို႔ဆုံတာ ဒါေနာက္ဆုံးလားဗ်"
         "အင္း.....။ ရွင္ေတြ႕ခ်င္ရင္ေတာ့ မနက္ျဖန္ တို႔လာခဲ့မယ္"
         "ဟုတ္ကဲ့၊ ကြၽန္ေတာ္ ထပ္ဆုံခ်င္ပါရေစ"
         "ခိ..ဒါဆို တို႔သြားေတာ့မယ္"
         "နက္ျဖန္ ဆက္ဆက္ေနာ္ ျမယာ"
         "ဆက္ဆက္..."
         ျမယာလည္း အေဆာက္အဦးေဟာင္းထဲကေန ထြက္လာခဲ့တယ္။ သစ္ပင္ေပၚမွာ ပုန္းခိုေနတဲ့ အိမ္ေမြးတိရစ္ဆာန္ေႁမြေလးက ဆင္းလာၿပီး ျမယာရဲ႕ေျခေထာက္မွာ ရစ္ပတ္ၿပီး လိုက္သြားေတာ့တယ္။
         "႐ြာကလူေတြေတြ႕သြားရင္ ဘယ္လိုလုပ္မလဲလို႔ စိုးရိမ္ေနတာလား"
         ေျခေထာက္က ေႁမြေလးကို လက္နဲ႕ပင့္ယူလိုက္ၿပီး လက္ဖ်ံတစ္ဖက္မွာ ပတ္ထားေစတယ္။
         "အင္း.. မႏၱာန္တစ္ပုဒ္သုံးခဲ့လိုက္မယ္။ ဘယ္သူမွ မေတြ႕ေအာင္ေပါ့..ဟီး.."
                         
      
      

ရွှေပေလွှာပေါ်ရေးတဲ့ အနက်ရောင်မင် (Own Creation)Where stories live. Discover now