❄~7~❄

3.6K 454 91
                                    

(Zawgyi)

နေ့ခင်းဘက်ဖြစ်သောကြောင့် နှင်းတွေထပ်မကျတော့သော်လည်း နေရာအနှံ့ဖွေးဖွေးလှုပ်ကာ တင်ကျန်နေတဲ့နှင်းထုကြောင့် အချမ်းဓာတ်က ရှိနေဆဲပင်...။ နေရောင်ခြည်နွေးနွေးက ငွေနှင်းမှုန်တွေအပေါ် ဖြန့်ကျက်နေတာကြောင့် တလက်လက်တောက်ပကာ လှပနေပြန်တယ်...။

နှင်းတွေကိုဖြတ်နင်းကာ လှမ်းလျှောက်လာတဲ့ မင်းသားငယ်လေးဂျီမင်း...။ သူ့ဦးတည်ရာက နန်းတော်ရဲ့ အနောက်မြောက်ဘက်ခြမ်းမှာရှိတဲ့ ရေပူစမ်းရှိရာသို့...။ ချမ်းအေးလွန်းတဲ့အရပ်ဒေသမို့ သူတို့အားလုံး ရေပူစမ်းမှာသာ ရေချိုးနိုင်ကြတယ်...။ တော်ဝင်သွေးဖြစ်တဲ့ ဂျီမင်းအဖို့တော့ နန်းဆောင်ထဲမှာပဲ အမှုထမ်းတွေစီစဉ်ပေးတဲ့ရေနွေးနွေးလေးနဲ့ ရေချိုးနိုင်ပေမယ့် တသွင်သွင်စီးနေတဲ့ရေပူစမ်းမှာ ရေချိုးရတာလောက် ပျော်စရာမကောင်းပါ...။

ဒါကြောင့်လည်း မင်းသားငယ်ဟာ ရေပူစမ်းမှာပဲ အမြဲရေချိုးလေ့ရှိတယ်...။ တစ်ခုရှိတာက ရေပူစမ်းမှာအမှုထမ်းတိုင်းတော့ ရေချိုးလို့မရနိုင်ပါ...။ မင်းမျိုးမင်းနွယ်တွေနဲ့ ရာထူးကြီးတဲ့အမှုထမ်းတွေသာ အသုံးပြုနိုင်တယ်...။ ဒါဆိုမင်းသားငယ်လေး တစ်ယောက်တည်းလာရတာ ရေချိုးဖို့အကြံနဲ့ပဲလား...။

ဒါပေမဲ့လည်း သူ့လက်ထဲမှာကိုင်ထားတဲ့ အဝေးကြည့်မှန်ပြောင်းက သူ့ရည်ရွယ်ချက်မှာ ရေချိုးဖို့သက်သက်မဟုတ်ကြောင်း သက်သေပြနေတယ်...။ ရေပူစမ်းကိုသွားမယ့်ဂိတ်ပေါက်က အမှုထမ်းက မင်းသားငယ်ကိုမြင်တာနဲ့ ပျာပျာသလဲအရိုအသေပြုတယ်...။

"မင်းသားငယ်... အခုချိန်က တော်ဝင်မျိုးနွယ်တွေ ရေချိုးတဲ့အချိန်မဟုတ်...."

"ကိုယ်ရံတော်ယွန်းဂီရှိတယ်မလား... သူ့ဆီလာတာ"

ခပ်ချေချေပြန်ဖြေတဲ့မင်းသားငယ်ကို သူ့အနေနဲ့ အထွန့်တက်ခွင့်မရှိ...။ အမှုထမ်းတွေနဲ့ မင်းမျိုးမင်းနွယ်တွေက ရေချိုးတဲ့အချိန်မတူပေမယ့်လည်း မင်းသားငယ်ကတော့ သူ့ကိုယ်ရံတော်ရဲ့ရေချိုးချိန်ကိုတောင် ရောက်ချလာတာက အလုပ်ခိုင်းစရာရှိလို့များလား...။

❄Ice Dynasty❄ (Completed) Where stories live. Discover now