❄~14~❄

3.5K 442 61
                                    

(Zawgyi)

မင်းကြီးနမ်ဂျွန်းတစ်ယောက် သမားတော်ဆော့ဂျင်ရဲ့ တဲအိမ်အနားသို့ရောက်လာပြီးမှ အထဲဝင်ရကောင်းနိုး ပြန်ရကောင်းနိုးနဲ့ ချိတုံချတုံဖြစ်နေတယ်...။ တကယ်ဆို သူလိုဘုရင်တစ်ပါးအနေနဲ့ ဘယ်သူ့ကိုကြောက်နေရမှာလဲ...။

နောက်ဆုံးမှာတော့ ရောက်လက်စနဲ့အတူတူ အထဲဝင်လိုက်တော့မယ်လို့ စိတ်အားတင်းလိုက်စဉ်မှာပင် တဲအိမ်တံခါးလေးက ရှပ်ခနဲပွင့်သွားလေတယ်...။ တံခါးဝမှာရပ်နေတဲ့ သမားတော်ဆော့ဂျင်ဟာ ခြံအပြင်ဘက်က မင်းကြီးကိုမြင်တော့ အံ့ဩမှုကြောင့် မျက်ဝန်းတွေဝိုင်းစက်သွားခဲ့တယ်...။

"မင်းကြီး ရောက်နေတာလား... အထဲကိုကြွပါ"

ဆော့ဂျင်ဟာ သားမွှေးအပေါ်ရုံကို ဝတ်ဆင်ထားတာကြောင့် အပြင်သွားမလို့ပြင်ဆင်ထားမှန်း နမ်ဂျွမ်းရိပ်မိလိုက်တယ်...။ အခုကိုယ်ရောက်လာတော့ သူအပြင်သွားမယ့်အစီအစဉ် ပျက်သွားတာလား...??

"ဘယ်သွားမလို့လဲဆော့ဂျင်.. သွားစရာရှိတာ သွားလေ"

"အာ.. တကယ်တော့ မင်းကြီးဆီပဲလာခဲ့မလို့ပါ...
တစ်လစာဂျင်စင်းအားဆေး ကုန်နေပြီမဟုတ်လား"

နမ်ဂျွန်းထင်လို့ပဲလားမသိ ဆော့ဂျင်ဟာ သူ့ရဲ့မျက်နှာကို စေ့စေ့မကြည့်ရဲပဲ ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာလွှဲနေတယ်...။ တကယ်တမ်းတော့ ကိုယ်ကမင်းကြီးဖြစ်နေပေမယ့်လည်း ငယ်စဉ်ကတည်းက ရင်းနှီးနေတဲ့ဆော့ဂျင်ကတော့ ကြောက်ရွံ့ခြင်းမရှိဘဲ မျက်လုံးချင်းဆုံကာ စကားပြောနေကျပါ...။ အခုမှ သူလည်းရှက်နေသလို နမ်ဂျွန်းကိုယ်တိုင်သည်လည်း မနေတတ်မထိုင်တတ်နဲ့ပင်...။

"ခဏလေးထိုင်ပါဦးနော်မင်းကြီး...
ကျွန်တော်မျိုးလက်ဖက်ရည်ဖျော်ပေးပါ့မယ်"

နမ်ဂျွန်းလည်းဘာမျှပြန်မပြောဘဲ ခုံမှာသာဝင်ထိုင်လိုက်တယ်...။ ဆော့ဂျင်ကတော့ အပေါ်ရုံအင်္ကျီကိုပြန်ချွတ်ပြီး ရေနွေးတည်ဖို့ပြင်ဆင်နေတယ်...။ နမ်ဂျွန်းလည်း ဆော့ဂျင်ရဲ့အငွေ့အသက်တွေနဲ့ပြည့်နှက်နေတဲ့ တဲအိမ်လေးထဲကို ဝေ့ဝဲကြည့်ရှုလိုက်တယ်...။ ဒီရက်ပိုင်းမှာ အလုပ်များနေတာလည်းတစ်ကြောင်း၊ သူနဲ့မျက်နှာချင်းဆိုင်ရမှာကို ရွက်ရွံ့မိတာလည်းတစ်ကြောင်းကြောင့် သူ့ကိုလာမတွေ့ဖြစ်ခဲ့ပေ...။ တကယ်တမ်းတော့ နမ်ဂျွန်းသူ့ကိုအရမ်းလွမ်းနေပါတယ်...။

❄Ice Dynasty❄ (Completed) Where stories live. Discover now