❄~18~❄

3K 398 12
                                    

(Zawgyi)

မင်းကြီးထယ်ယောင်းလက်ထက်မှာ တိုင်းပြည်အခြေအနေက ပိုပြီးသာယာအေးချမ်းလာတာကြောင့် တိုင်းသူပြည်သားအားလုံး ပျော်ရွှင်နေကြတယ်...။ တိုင်းတပါးကုန်သည်တွေနဲ့ သင့်မြတ်လှတဲ့မင်းကြီးက နိုင်ငံကုန်သွယ်ရေးကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့တယ်...။

အရင်တုန်းက သာမန်ပြည်သူတစ်ယောက်ဖြစ်တဲ့ မိဖုရားကြီးဂျုံးကုကလည်း တိုင်းသူပြည်သားတွေရဲ့ ပြဿနာမှန်သမျှကို ကူညီဖြေရှင်းပေးတာကြောင့် တိုင်းသူပြည်သားတွေရဲ့မိခင်အဖြစ်ပင် တင်စားခေါ်ဝေါ်ကြတယ်...။

ထိုသို့လိုက်ဖက်ညီလှတဲ့ မင်းကြီးထယ်ယောင်းနဲ့ မိဖုရားကြီးဂျုံးကုတို့ဟာ ခုချိန်ထိ သားသမီးမရတာကိုတော့ တိုင်းသူပြည်သားတွေအားလုံး စိတ်မကောင်းဖြစ်ရတယ်...။ သူတို့ရဲ့ကြင်နာတတ်တဲ့ မိဖုရားကြီးကို သားသမီးထွန်းကားစေချင်တာကြောင့် ဆုတောင်းပွဲတွေပြုလုပ်ပေးကြတဲ့အထိပင်...။

သို့သော် သူတို့အားလုံးမသိကြတဲ့အချက် မိဖုရားကြီးဟာ ယောက်ျားလေးတစ်ယောက်ဖြစ်နေခြင်းပင်...။ လူနည်းစုသာသိတဲ့ လျို့ဝှက်ချက်က ခုထက်ထိမပေါက်ကြားခဲ့ပေ...။

"မင်းကြီး... ဒီတိုင်းဆိုရင်မဖြစ်တော့ဘူးပဲ... မင်းကြီးအနေနဲ့ မိဖုရားအသစ် တင်မြှောက်သင့်နေပါပြီ"

ထိုစကားကို တခြားသူတစ်ယောက်ကသာ ပြောခဲ့မယ်ဆိုရင် ထယ်ယောင်းသေချာပေါက်စိတ်ဆိုးမှာဖြစ်ပေမယ့် အခုလျှောက်တင်လာသူက သူချစ်တဲ့မိဖုရားကြီး ဂျုံးကုဖြစ်နေခဲ့တယ်...။

"ကိုယ်က မင်းကလွဲပြီး တခြားဘယ်သူနဲ့မှ ပတ်သတ်ချင်စိတ်မရှိဘူး... အဲဒါကြောင့် ဆက်မပြောတော့ရင်ကောင်းမယ်"

"ဒါပေမဲ့လည်း နန်းဆက်ရင်သွေးက မဖြစ်မနေလိုအပ်တယ်လေ... ဂျီမင်းကလည်း ယွန်းဂီနဲ့လက်ထပ်ထားတာဆိုတော့ ဘယ်လိုမှမျှော်လင့်လို့မရဘူး"

နန်းဆက်ရင်သွေးရဖို့က ဘုရင်တစ်ပါးအတွက် မဖြစ်မနေလိုအပ်တာမို့ ထယ်ယောင်းမှာ ငြင်းဆန်ရခက်ခဲနေခဲ့တယ်...။ ထယ်ယောင်းမျက်နှာမကောင်းတာကြောင့် ဂျုံးကုလည်း သက်ပြင်းချရင်း သူ့ရင်ခွင်ထဲတိုးဝင်ကာ ဖက်တွယ်လိုက်တယ်...။

❄Ice Dynasty❄ (Completed) Where stories live. Discover now