(Zawgyi)
တဲအိမ်ငယ်လေးရဲ့ မကျယ်လှတဲ့ခြံဝန်းရှေ့မှာ ထယ်ယောင်း အချိန်အတန်ကြာတဲ့အထိ မတ်တပ်ရပ်နေမိတယ်...။ ခပ်နိမ့်နိမ့်ခြံဝန်းကနေ အထဲကိုလှမ်းကြည့်လိုက်တော့ ပျက်စီးနေပြီဖြစ်တဲ့ စိုက်ခင်းလေးက အိမ်မှာလူမနေတာကြာပြီဆိုတာကို သက်သေပြနေသလိုပင်...။
"မင်းအခုဘယ်မှာများလဲ ဂျုံးကုရယ်"
ဒီအိမ်လေးမှာသူ့ရဲ့အမှတ်တရတွေ အများကြီးရှိခဲ့ဖူးတယ်...။ အထူးသဖြင့် ဂျုံးကုဆိုသောလူငယ်လေးနဲ့အတူ ဖန်တီးခဲ့တဲ့ အမှတ်တရများ...။
အိမ်လေးကိုအပြင်ကနေပင် ငေးနေရင်း အထဲကိုဝင်ရကောင်းနိုး ထယ်ယောင်းစဉ်းစားနေသေးတယ်...။ ပိုင်ရှင်မရှိတဲ့အိမ်လေးက အထီးကျန်ခြင်းတွေနဲ့ပဲ ပြည့်နှက်နေမယ်ဆိုတာကတော့အသေအချာပါပဲ...။
"ဒီက လူလေး..!!!"
ခေါ်သံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်တော့ အသက်၆၀ကျော်အရွယ်ခန့် အမယ်အိုတစ်ယောက်ကို တွေ့လိုက်ရတာကြောင့် ထယ်ယောင်းခေါင်းလေးညွတ်ကာ အရိုအသေပြုလိုက်တယ်...။ ကိုယ်ကအိမ်ရှေ့စံတစ်ယောက်ဖြစ်ပေမယ့်လည်း သာမန်ပြည်သူတွေကြားမှာ သွားလာနေတဲ့အချိန်မှာတော့ ထယ်ယောင်းဟာ လူကြီးသူမကို ရိုသေသိတတ်သူတစ်ယောက်သာ...။
"ဒီအိမ်က ကလေးဆီ လာတာလားကွဲ့"
"ဟုတ်ပါတယ်အဖွား... သူဘယ်ကိုသွားလဲသိပါသလား"
ထယ်ယောင်း ရိုသေစွာနဲ့ပင် ပြန်မေးလိုက်တော့ အမယ်အိုက ခေါင်းတညိတ်ညိတ်နဲ့ပင်...။
"ဂျုံးကုလေးက နန်းတွင်းမှာ သူရဲကောင်းရွေးချယ်ပွဲ သွားပြိုင်တယ်လေ... ခုထိ ပြန်မလာသေးဘူး.. အဖွားက ဟိုဘေးအိမ်ကပါ... သူ့အိမ်လေးကို ရံဖန်ရံခါကြည့်ပေးဖို့ အဖွားကိုမှာသွားခဲ့တာလေ"
ထိုအခါမှထယ်ယောင်းသတိရသွားတယ်...။ ဟုတ်သားပဲ... ဂျုံးကုကိုနန်းတွင်းထဲလာဖို့အတွက် သူကိုယ်တိုင်ဖိတ်ခေါ်အကြံပြုခဲ့တာလေ...။ ဒါပေမယ့်လည်းအခုက ပြိုင်ပွဲပြီးပြီမို့ အရွေးမခံရတဲ့သူတွေက အိမ်ပြန်လာလို့ရနေပြီလေ...။ ဂျုံးကုက ပြန်မလာပုံထောက်တော့ သူအရွေးခံလိုက်ရတာလား..?? ဒါလည်းမဖြစ်နိုင်ပြန်...။ အနိုင်ရတဲ့သူက စစ်သူကြီးဟိုဆော့ရဲ့တပ်ထဲမှာ တာဝန်ထမ်းဆောင်ရတာလေ...။ စစ်သူကြီးဆီကို မကြာမကြာသွားလည်တတ်တဲ့ထယ်ယောင်းဟာ လူသစ်တွေထဲမှာ ဂျုံးကုကိုတော့ မတွေ့မိဘူးပဲ...။
YOU ARE READING
❄Ice Dynasty❄ (Completed)
Historical FictionA Story about Ice City. Taehyung x Jungkook Yoongi x Jimin Namjoon x Seokjin Hope x OC