❄~5~❄

3.4K 457 23
                                    

(Zawgyi)

"ဆော့ဂျင်က ဆေးပညာမှာတင်မကဘူး.. အသွင်ပြောင်းတဲ့နေရာမှာလည်း တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တာပဲ"

မင်းကြီးနမ်ဂျွန်း တအံ့တသြရေရွတ်ရခြင်းမှာ သူ့ရှေ့မှာထိုင်နေတဲ့ သိပ်လှတဲ့မိန်းကလေးဟာ ယောင်္ကျားလေးအဖြစ်ကနေ အသွင်ပြောင်းထားခြင်းကြောင့်ပင်...။ အဝတ်အစားအပြင်အဆင်ကလည်း ဆွေကြီးမျိုးကြီးမိန်းကလေးတစ်ယောက်လို့ အထင်ရောက်စေတယ်..။ နမ်ဂျွန်းရဲ့ချီးကျူးစကားကြောင့် ထိုအလှလေးဟာ လှစ်ခနဲပြုံးလိုက်တာကြောင့် ပါးချိုင့်လေးတစ်ဖက်တောင် ထင်းခနဲပေါ်လာသေးတယ်...။

"ဒါတင်မကသေးဘူး... ကျွန်တော်က မင်းကြီးရဲ့ အကြံပေးအရာရှိဆိုတာကိုရော မေ့နေတာလား... အခုရောဘယ်လိုလဲ... ကျွန်တော်စီစဉ်တာကို သဘောကျပါရဲ့လားမင်းကြီး"

"သမားတော်ကြီးစီစဉ်မှတော့ သဘောမကျဘဲရှိပါ့မလား"

တရိုတသေပြောနေပေမယ့်လည်း သူတို့၂ယောက်ရဲ့ပုံစံက တရင်းတနှီးရှိလှတာကြောင့် ဂျုံးကုငေးကြည့်နေမိတယ်...။ ဖြစ်ချင်တာက နန်းတွင်းအမှုထမ်း...။ ဖြစ်လာတာက မင်းကြီးရဲ့ဟန်ဆောင်မိဖုရား...။ အရေးကြီးတဲ့ကိစ္စမို့ ကိုယ့်ကိုယုံကြည်စွာတာဝန်လွှဲအပ်ထားတာကိုပဲ ဂျုံးကုဂုဏ်ယူမိတယ်...။ မိန်းကလေးအဖြစ် အယောင်ဆောင်ရပေမယ့်လည်း မဖြစ်မနေလိုအပ်တာကြောင့်မို့လို့ဆိုတာ ဂျုံးကုနားလည်ပါတယ်...။

"မင်းနာမည်က ဂျုံးကုနော်"

"ဟုတ်မှန်ကြောင်းပါ မင်းကြီး"

မင်းကြီးမေးလာတာကြောင့် ဂျုံးကုလည်းတရိုတသေနဲ့ ပြန်ဖြေလိုက်တယ်...။ ဆော့ဂျင်သင်ပေးထားတာကြောင့် စကားကိုကျယ်ကျယ်မပြောဘဲ ကိုယ်နေဟန်ထားကိုလည်း အတတ်နိုင်ဆုံးပျော့ပြောင်းအောင် ကြိုးစားထားတာမို့ မင်းကြီးသဘောကျစွာ ပြုံးလိုက်တာကို တွေ့လိုက်ရတယ်...။

"ဆော့ဂျင်ပြောထားသလိုပဲ မင်းကသူ့ရဲ့ညီမ... သူ့ဆီလာလည်ရင်း ငါကိုယ်တော်မြတ်က သဘောကျလို့ တော်ကောက်လိုက်တာလို့ပဲ အများသိစေမယ်... အဓိကရည်ရွယ်ချက်ကို လျို့ဝှက်ချက်အနေနဲ့ ငါတို့၃ယောက်ပဲ သိထားကြမယ်"

❄Ice Dynasty❄ (Completed) Where stories live. Discover now