❄~8~❄

3.4K 448 43
                                    

(Zawgyi)

တဲအိမ်ငယ်လေးအတွင်းမှာ ဆော့ဂျင်တစ်ယောက်တည်း အလုပ်ရှုပ်လို့နေတယ်...။ ကိုယ့်ဘာသာကိုယ်ဆိုရင် ဘာပြီးရင်ဘာလုပ် အစီအစဉ်တကျရှိပေမယ့် ဘေးမှာလာထိုင်ကြည့်နေတဲ့ မင်းကြီးကြောင့် အယောင်ယောင်အမှားမှားတွေ ဖြစ်ကုန်ရတယ်...။

"ကြည့်ရတာ ဆော့ဂျင်အရမ်းအလုပ်များနေပုံပဲ... နောက်ဆိုရင် အကူတစ်ယောက်လောက် ခေါ်ထားပါလား"

မင်းကြီးရဲ့စေတနာစကားကို ဆော့ဂျင်နားလည်ပေမယ့် ကိုယ်က အမြဲတမ်းခုလို အလုပ်ရှုပ်နေတာမျိုးမှမဟုတ်ဘဲ...။ တချို့ရက်တွေ နှင်းတအားကျနေရင် ဆေးပင်တွေကို အပြင်ထုတ်မလှန်းနိုင်တာကြောင့် အိမ်ထဲမှာရှိတဲ့ ကြီးမားတဲ့မီးလင်းဖိုကြီးဘေးမှာပဲ အပူပေးရသည်ကိုး…။

"တခါတလေပဲ အလုပ်များတာပါမင်းကြီး... မင်းသားငယ်လေးကတော့ ရံဖန်ရံခါလာကူပေးတတ်ပါတယ်"

ဆော့ဂျင်ရဲ့စကားကြောင့် မင်းကြီးပြုံးလိုက်မိတယ်...။ သူ့ညီအငယ်ဆုံးလေးဟာ အတိုက်အခိုက်ပညာထက် ဆေးပညာကို ပိုပြီးဝါသနာပါပုံရတယ်...။ ညီတစ်ယောက်စီမှာ ဝါသနာတမျိုးစီဆိုပေမယ့် စိတ်ပူပန်ရလောက်တဲ့အထိတော့ မဖြစ်တာမို့ တော်သေးတာပေါ့...။

"မင်းကြီး အဖန်ရည်သောက်ပါဦး"

ကိုယ့်ရှေ့က ခုံလေးမှာလာချပေးတဲ့ ကြွေခွက်လေးနဲ့ထည့်ထားတဲ့အဖန်ရည်ကြောင့် ဆော့ဂျင်ကိုဖျတ်ခနဲမော့ကြည့်လိုက်တယ်...။ ခပ်နွေးနွေးအပူချိန်ရှိတဲ့ တဲငယ်လေးထဲမှာ လှုပ်ရှားသွားလာနေရသူမို့ ချွေးစလေးတွေနဖူးမှာစို့နေရင်း မျက်နှာလေးကလည်း ခပ်ရဲရဲဖြစ်နေတယ်...။

"ငါကိုယ်တော်ကို တကူးတကဧည့်ခံမနေပါနဲ့..
ကိုယ်လုပ်စရာရှိတာကိုပဲ လုပ်ပါ"

"မင်းကြီးက ဒီကိုဘာကိစ္စနဲ့လာတာလဲ...??"

ဆော့ဂျင် အခုမှမေးဖို့သတိရသွားပုံပါပဲ...။ နမ်ဂျွန်းကတော့ လှစ်ခနဲပြုံးလိုက်ရင်း အဖန်ရည်တစ်ငုံယူသောက်လိုက်သေးတယ်...။ ပြီးတော့မှ ဆော့ဂျင်ကို မျက်လုံးချင်းဆုံအောင်ကြည့်ရင်း မေးခွန်းထုတ်လိုက်တယ်...။

❄Ice Dynasty❄ (Completed) Donde viven las historias. Descúbrelo ahora