❄~16~❄

2.9K 408 31
                                    

(Zawgyi)

ဝမ်အမတ်ကြီးရဲ့မိသားစုတွေကို အကျယ်ချုပ်နဲ့ထားပြီး အစောင့်အကြပ်ချထားခဲ့ပေမယ့် ၃လလောက်ကြာသည်အထိ ဝမ်အမတ်ကြီးရဲ့ အရိပ်အယောင်ကို မတွေ့ရသေးပေ...။ ကြာလာတော့ မေ့မေ့ပျောက်ပျောက်ဖြစ်လာပြီမို့ မင်းကြီးနမ်ဂျွန်းလည်း သူ့အရိုက်အရာကို ညီတော်ထယ်ယောင်းကို ဆက်ခံစေဖို့ပင် ပြင်ဆင်နေပြီးဖြစ်နေပြီ...။

ခုနောက်ပိုင်းလည်း တိုင်းပြည်ရေးရာကိစ္စတွေမှာ ထယ်ယောင်းကိုလည်း တာဝန်ခွဲအပ်ပေးနေတာမို့ ထယ်ယောင်းအနေနဲ့လည်း သိသင့်သလောက်သိနေပါပြီ...။ နမ်ဂျွန်းကတော့ သူ့ချစ်သူနဲ့အတူတူ ရိုးရှင်းတဲ့ဘဝလေးမှာ အနားယူရတော့မှာမို့ စိတ်ကျေနပ်နေခဲ့တယ်...။

"မနက်ဖြန်ဆိုရင် တိုင်းခန်းလှည့်လည်ရမယ်... မြို့ထဲက အခြေအနေတွေကို စနည်းနာပြီး လိုအပ်တာတွေလုပ်ပေးပြီးရင် အစ်ကိုတော်လည်း အနားယူတော့မယ်"

"မမြန်လွန်းဘူးလား အစ်ကိုတော်ရယ်"

ထယ်ယောင်းရဲ့အမေးကြောင့် နမ်ဂျွန်းလည်း ခပ်ယဲ့ယဲ့ပြုံးမိတယ်...။ ကြီးလေးတဲ့တာဝန်တွေကို ညီဖြစ်သူလက်ထဲ အကုန်ထားခဲ့ရမှာကို စိတ်တော့မကောင်းပေမယ့် ထယ်ယောင်းလည်း ရင့်ကျက်နေပြီပဲကို...။

"အစ်ကိုတော်က ချက်ချင်းကြီးတော့ ထွက်မသွားသေးပါဘူး.. ဝမ်အမတ်ကြီးရဲ့ရန်ကနေ သေချာစိတ်ချရပြီဆိုမှ ထွက်သွားမှာပါ... အရိုက်အရာဆက်ခံတဲ့ပွဲမှာ သူရုတ်တရတ်ပေါ်လာနိုင်တာပဲ... လူရှုပ်တော့ ပိုသတိထားရမယ်"

နမ်ဂျွန်းရဲ့စကားကို ထောက်ခံတဲ့အနေနဲ့ ထယ်ယောင်းလည်းခေါင်းညိတ်ပြလိုက်တယ်...။ ဝမ်အမတ်ကြီးလို စိတ်ယုတ်မာတဲ့သူကို လွယ်လွယ်နဲ့တော့ လျှော့တွက်လို့မရတာအမှန်ပင်...။

"အစ်ကိုတော်အဆင်ပြေသလိုသာ စီစဉ်ပါ... အဲဒီပွဲမှာလည်း သူ့ကိုထောင်ချောက်ဆင်ဖမ်းရင်ရတာပဲ"

"အနားနီးရင် အစီအစဉ်သေချာဆွဲရမယ်"

ဒီလိုနဲ့ နောက်နေ့တိုင်းခန်းလှည့်လည်ဖို့ကိစ္စကိုသာ အရင်ဆွေးနွေးလိုက်ကြပြီး ၂ယောက်သား နန်းဆောင်အသီးသီးကို ပြန်လာခဲ့လိုက်ကြတယ်...။ သလွန်ထက်မှာလှဲလျောင်းအိပ်စက်ရင်း သိပ်မဝေးတော့တဲ့အနာဂတ်မှာ ချစ်ရသူနဲ့လက်တွဲသွားဖို့အတွက် နမ်ဂျွန်းစိတ်ကူးယဉ်နေမိတယ်...။

❄Ice Dynasty❄ (Completed) Where stories live. Discover now