❄~15~❄

3.7K 453 58
                                    

(Zawgyi)

အမတ်ချုပ်ကြီးပျောက်ဆုံးနေတာ ရက်အတန်ငယ်တောင် ကြာမြင့်နေပြီမို့ စိတ်အေးနေရပေမယ့် နောက်ကွယ်မှာ ဘာတွေကြံစည်မလဲဆိုတာ မသိနိုင်တာမို့ စိတ်ချလက်ချတော့ မနေရဲကြပါ...။

ဒီနေ့တော့မင်းကြီးက အားလုံးအတူတူ ညစာစားမယ်လို့ ပြောထားတာကြောင့် ကိုယ်စီကိုယ်စီ အလုပ်ရှုပ်နေကြလေရဲ့...။ ပုံမှန်ဆို မင်းကြီးနဲ့ညစာအတူစားခွင့်ရှိတဲ့သူတွေက မင်းမျိုးမင်းနွယ်တွေပဲ ရှိတာကိုး...။ အခုတော့မင်းကြီးက အထူးဧည့်သည်တော်တွေကိုပါ ဖိတ်ခေါ်ထားသည်လေ...။

"ကိုယ်ပါလိုက်ခဲ့ရမှာလား... တကယ်ပြောနေတာလား...??"

ဂျီမင်းကို ဆံပင်ဖြီးပေးရင်း မယုံမရဲနဲ့ပြန်မေးနေတဲ့ ယွန်းဂီ...။ ဂျီမင်းကတော့ သဘောကျစွာနဲ့ ခိခနဲရယ်လိုက်သေးတယ်...။

"တကယ်ပါဆို.. ကြည့်ရတာ အစ်ကိုတော်က ကျွန်တော်တို့အကြောင်း သိသွားပြီထင်တယ်... သဘောမတူရင် ဘယ်လိုလုပ်မလဲဟင်...??"

အကဲစမ်းသလိုမေးလာတဲ့ဂျီမင်းကို ယွန်းဂီအသည်းယားစွာနဲ့ နောက်ကနေပွေ့ဖက်ထားလိုက်တယ်...။ ဂျီမင်းကလည်း ယွန်းဂီရဲ့ရင်ခွင်ထဲမှာမှီနွဲ့ရင်း သူပြန်ဖြေလာမယ့်အဖြေကို စောင့်မျှော်နေတယ်...။

"မင်းကြီးသဘောမတူဘူးဆိုလည်း ကိုယ်ကတော့ ရာထူးကနေနှုတ်ထွက်ပြီး အသေးလေးကို ကိုယ့်မွေးရပ်မြေကိုခေါ်သွားမှာ.. လိုက်မယ်မလားဟင်..?? မင်းသားတစ်ပါးလို မနေရတော့ဘဲ သာမန်အရပ်သားအဖြစ်နဲ့ နေနိုင်တယ်မလား...??"

"အဟင်း.. မေးနေစရာလိုလို့လား.. ယွန်းဂီနဲ့သာဆိုရင် ကျွန်တော်က ပင်ပန်းဆင်းရဲရလည်းမမှုပါဘူး.. အဲ့အစား ယွန်းဂီက ကျွန်တော့်ကိုပိုချစ်ပေး"

ချစ်စဖွယ်ကောင်းအောင်ဖြေတတ်တဲ့ မင်းသားငယ်လေးရဲ့ နီစွေးတဲ့ပါးဖောင်းဖောင်းလေးတစ်ဖက်ကို ယွန်းဂီအသာငုံ့နမ်းလိုက်တယ်...။

"မင်းကိုကိုယ့်အသက်ထက်တောင် ပိုချစ်ပြီးသားပါကွာ"

ဂျီမင်းကတော့ ကြည်နူးစွာပြုံးရင်း မျက်စိရှေ့မှာမြင်နေရတဲ့ ကြေးမုံပြင်ကြီးကနေတဆင့် သူ့ကိုဖက်ထားတဲ့ယွန်းဂီရဲ့ မျက်နှာကို ငေးစိုက်ကြည့်နေမိတယ်...။ ယွန်းဂီကလည်း ကြေးမုံချပ်ကနေတဆင့် သူ့ကိုပြန်ကြည့်လာတာကြောင့် ၂ယောက်သားအတူတူပြုံးမိလိုက်တယ်...။

❄Ice Dynasty❄ (Completed) Where stories live. Discover now