❄~4~❄

3.6K 450 27
                                    

(Zawgyi)

တဖွဲဖွဲကျနေတဲ့နှင်းမှုန်တွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အဖြူရောင်လွင်ပြင်ကြီးပမာ ဖြစ်လို့နေတယ်...။ ဒီနယ်မှာကြီးပြင်းလာတဲ့သူတွေအဖို့တော့ ဒီလောက်အအေးဒဏ်ကို မမှုကြပါ...။ သူတို့အတွက်က နေလို့ကောင်းတယ်ဆိုရုံမျှသာ...။

ဥယျာဉ်တော်ထဲကို အငယ်ဆုံးမင်းသားလေးဂျီမင်း ပြေးလွှားခုန်ပေါက်ရင်းဝင်လာတယ်...။ အမှုထမ်းတွေကတော့ မင်းသားငယ်လေးရဲ့အပြုအမူကို အံ့ဩထူးဆန်းတာမျိုးမဖြစ်တော့ပါ...။ ပျော်ပျော်နေတတ်တဲ့ မင်းသားငယ်လေးက ဘယ်တော့မဆို ခုန်ပေါက်မြူးတူးတက်ကြွနေသည်ချည်းသာ...။

အခုလည်း အစ်ကိုတော်မင်းကြီးက ဥယျာဉ်တော်ထဲမှာ လက်ဖက်ရည်သောက်ရန်ခေါ်ထားတာကြောင့် ခုန်ပါက်ပြေးလွှားပြီး လာနေခြင်းပင်...။ သူပျော်ရွှင်နေရသည့်အကြောင်းမှာ ကုန်သွယ်ရေးကိစ္စတွေကြောင့် နန်းတွင်းအပြင်ဘက်ကို အကြာကြီးထွက်သွားရတဲ့ သူ့အစ်ကိုလတ် အိမ်ရှေ့စံမင်းသားထယ်ယောင်းလည်း ပြန်ရောက်နေပြီဆိုသောကြောင့်ပင်...။ အစ်ကိုတော်ထယ်ယောင်းကို သူအရမ်းလွမ်းနေပြီလေ...။

"နှင်းကျနေတာကိုကြည့်ရင်း လက်ဖက်ရည်ပူပူလေးသောက်ရတာ တကယ်အရသာရှိလွန်းတယ်"

လက်ဖက်ရည်ပန်းကန်ကိုကိုင်ရင်း ကဗျာဆန်ဆန်ပြောလာတဲ့ ဒုတိယညီတော်ထယ်ယောင်းကြောင့် မင်းကြီးပြုံးလိုက်မိတယ်...။

"ညီတော်က ထူးထူးခြားခြားကဗျာဆန်နေပါလား... ချစ်ရမယ့်သူ တွေ့နေတာများလား အစ်ကိုတော့်ကိုပြောစမ်းပါဦး"

"မဟုတ်တာပဲအစ်ကိုတော်ရယ်.. ကျွန်တော်က ဒီလိုကိစ္စတွေ စိတ်မဝင်စားသေးပါဘူးဗျာ"

ထယ်ယောင်းမှန်ရာကိုပင်ပြောလိုက်တယ်...။ ငယ်စဉ်ကတည်းကမင်းသားတစ်ပါး တတ်အပ်တဲ့ အတတ်ပညာရပ်အားလုံးကို သင်ယူခဲ့ရပြီး ခုလက်ရှိမှာလည်း အိမ်ရှေ့စံဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ တိုင်းပြည်ရဲ့ အဓိကအချက်အချာကျတဲ့ ကုန်သွယ်ရေးလုပ်ငန်းကို ထိန်းချုပ်ထားရတာကြောင့် တာဝန်တွေများစွာနဲ့ သူ့ဆီမှာ အားလပ်ချိန်ဆိုတာ ရှားပါးလွန်းလှတယ်...။

❄Ice Dynasty❄ (Completed) Where stories live. Discover now