Love on you - 22

7.2K 463 10
                                    

~ zawgyi ~

အခုဆို Xiao Zhan သတိမေ့နေတာသုံးလရှိ
ပြီ coma ဝင်သွားတာမို့ဘယ်တော့ပြန်သတိရ
လာမယ်ဆိုတာဘယ်သူမှအတိအကျမသိဘူး

Yibo ကတော့ Xiao Zhan ကိုပြုစုရင်း
ဆေးရုံမှာပဲနေတယ်
စာဖတ်ရတာကြိုက်တဲ့ Xiao Zhan အတွက်
နေ့တိုင်းစာအုပ်လေးတွေဖတ်ပြတယ်
ge သိပ်ချစ်တဲ့သမီးလေးရဲ့ဘယ်လိုချစ်ဖို့ကောင်း
တယ် ဘယ်လိုစကားတတ်တယ်ဆိုတဲ့အကြောင်း
လေးတွေလည်းပြောပြတယ်
တစ်ခါတစ်လေကြရင်တော့ ge ကိုပထမဆုံးစတွေ့
တုန်းကအကြောင်းလေးတွေ
လွန်ခဲ့တဲ့နှစ်တွေတုန်းက ge မရှိပဲဘယ်လိုဖြတ်
သန်းခဲ့ရတာတွေ ge နဲ့ကွဲကွာစေခဲ့လို့ဝါသနာပါ
တဲ့အလုပ်ကိုစွန့်လွှတ်ပြီးစီပွားရေးလောကထဲကို
ဝင်ခဲ့တာတွေ ge နဲ့ပြန်တွေ့တော့ဘယ်လောက်
တောင်ပျော်နေခဲ့လဲဆိုတာတွေ ge မသိသေး
တဲ့ကျွန်တော်နဲ့ပတ်သတ်တဲ့အကြောင်းအရာ
လေးတွေနေ့တိုင်းပြောပြမယ်
ge သာသတိရလာပေးပါ ကျွန်တော်က ge ကျေနပ်တဲ့အထိတောင်းပန်မှာမို့

"အမတို့ရောက်ပြီ  Yibo တစ်ခုခုသွားစား
လိုက်ဦး"

Yibo ခေါင်းတစ်ချက်ညိတ်ပြပြီးသာထွက်လာခဲ့
လိုက်တယ် Zhan ge အနားကမခွာချင်ပေမဲ့
သူ့အတွက်နဲ့တခြားသူတွေကိုတော့စိတ်ဒုက္ခ
မရောက်စေချင်

Yibo ပြန်ရောက်လာတော့အမ Yu Feiက
အတင်းပဲအခန်းဝကဆွဲခေါ်လာသည်

"အမဘာလို့အတင်းဆွဲနေတာလဲ"

" Yibo ရယ်မြန်မြန်လာစမ်းပါ နင့်အတွက်လက်
ဆောင်ရှိတယ်"

အမ Yu Fei တို့ကဆေးရုံကိုတောင်ဘာလက်
ဆောင်တွေယူလာသေးတာလဲ
သူကဘာပစ္စည်းတွေကိုတပ်မက်နေရဦးမှာလဲ

Yibo တွေးနေရင်းနဲ့မြင်လိုက်ရတာကတကယ်
ကိုယ့်မျက်လုံးကိုတောင်ကိုယ်မယုံနိုင်
ကုတင်ခေါင်းရင်းကိုမှီထိုင်ထားရင်းအကို Wang
နဲ့စကားပြောနေတဲ့ Zhan ge
ဒီလက်ဆောင်ကသူ့အတွက်တော့တန်ဖိုးမဖြတ်
နိုင်တဲ့အလိုချင်ဆုံးနဲ့အမက်မောဆုံးတစ်ခုတည်း
သောလက်ဆောင်ပဲ
Yibo ကုတင်ဘေးမှာဒူးထောက်ထိုင်ချလိုက်ပြီး
ge လက်လေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်
လိုက်တယ်

Love on youWhere stories live. Discover now