Love on you - 13

6.7K 617 17
                                    

~zawgyi ~

နောက်ပိုင်းမကြာခဏဆိုသလို Zhan ge နဲ့စေ့
စပ်ထားတဲ့မိန်းကလေးက Zhan ge နဲ့ကျောင်းကိုပါပါလာတတ်တယ်

တစ်ကျောင်းလုံးလည်း Zhan geတို့နှစ်ယောက်ရဲ့သတင်းတွေကပြန့်လို့
Zhan ge နဲ့ ထိုမိန်းကလေး
ဘယ်လိုလိုက်ဖက်ကြောင်း  Zhan ge က
ထိုမိန်းကလေးကိုဘယ်လိုဂရုစိုက်ကြောင်း
ဘယ်လောက်ချစ်ကြကြောင်း စသည်ဖြင့်ပေါ့
သို့လောသို့လော စကားတွေကိုကျောင်းရဲ့
ဘယ်နေရာမှာမဆိုကြားနေရတဲ့စကားတွေကြောင့်
တဖြည်းဖြည်းကျောင်းလာရမှာကိုတောင်
ကြောက်ရွံ့လာတယ်

ဒါပေမဲ့လည်းပြုံးပျော်နေတဲ့ Zhan ge မျက်နှာလေးကိုခဏလောက်မြင်လိုက်ရရင်ပဲနာကျင်ရသမျှ
ပျောက်ပျက်ကုန်တာမို့

မူးယစ်ဆေးလိုမျိုးပေါ့ မကောင်းမှန်းသိပေမဲ့
အသုံးပြုလိုက်တဲ့အချိန်မှာရတဲ့ခံစားမှုကလောကကြီးကိုတောင်မေ့ပျောက်သွားစေတာမို့ စွဲလမ်းစွာယစ်မူးနေသလိုမျိုး
ဖြတ်ပစ်ဖို့ကြိုးစားမယ်ဆိုရင်လည်းသေမလောက်ခံစားရသလိုမျိုးပေါ့

Zhan ge ရဲ့အပြုံးလေးမြင်ရတာနဲ့ သေမလောက်နာကျင်နေရတာတွေကအရည်ပျော်ကုန်တာမို့
Zhan ge သာတကယ်ပျော်ရွှင်မယ်ဆိုရင်
နာကျင်ရလည်းကိစ္စမရှိတာမို့

ဒါပေမဲ့ ဒဏ်ရာတွေကိုကုစားဖို့ဆိုရင် ပျောက်ကင်းစေနိုင်တဲ့ဆေးက Zhan ge တစ်ယောက်ပဲရှိတာကြောင့်အဝေးကနေငေးကြည့်နေခွင့်လေးတော့ရနိုင်ကောင်းပါရဲ့

::::::::::::::::

"နင်ဒီလောက်နဲ့ရပ်လိုက်သင့်ပြီထင်တယ်
Zhan Zhan အကုန်အပြတ်အပြတ်နဲ့နှာခေါင်းသွေးထွက်ကုန်တော့မယ်"

"ဟက်.........အဲ့တာဆိုစေ့စပ်ပွဲကိုဖျက်ပြီးလက်ထပ်ဖို့နင့်ဘက်ကငြင်းပေးမှာလား"

သူမနှုတ်စိတ်နေမိသည် ဒါဟာတကယ်ကို
ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စမဟုတ်လား
သူမတို့အဖို့အစစအရာရာပြည့်စုံနေပေမဲ့ ထိုအရာကတော့ခြွင်းချက်ဖြစ်သည်။
သူတို့နှစ်ယောက်လုံးနှလုံးသားအတွက်ရင်ခုန်သံကိုရွေးချယ်ခွင့်ဆိုတာမရှိခဲ့ဘူးလေ
အားလုံးကဘောင်တစ်ခုအတွင်းမှာပဲကန့်သတ်ချုပ်ချယ်ခံထားရတယ်
အကုန်လုံးကိုဆန့်ကျင်ပြီး ရင်ခုန်သံကိုရွေးချယ်ဖို့က
သူမတို့အတွက်ခက်ခဲလွန်းမကခက်ခဲလွန်းတယ်
ဒါကြောင့်မချစ်မိတာအကောင်းဆုံးမလား

Love on youWhere stories live. Discover now