~zawgyi ~
ရက်တွေသာကုန်ဆုံးလာတယ် Yibo ကိုတော့
Xiao Zhanရှိတဲ့နေရာတိုင်းမှာတွေ့နေရတုန်းပင်Xiao Zhan လည်း Yibo ရှေ့မှာဟန်ဆောင်ပြနေတဲ့အချိန်ကလွဲရင်ကျန်တဲ့အချိန်တွေမှာ
တမှိုင်မှိုင်တငေးငေးနဲ့ကြာတော့ကြားထဲမှာကြည့်နေရတဲ့ Yu Bin တို့
Zhuo Cheng တို့လည်းဘယ်လို့မှစိတ်မကောင်းနိုင်တော့"Xiao Zhan မင်းသူ့ကိုချစ်တယ်ဆိုလည်း
ချစ်တယ်ဆိုတာဝန်ခံလိုက်ပါလား မင်းတို့ကိုကြည့်
ရတာကြားထဲကငါတို့တောင်ရင်မောတယ်""မင်းပြောသလောက်မလွယ်ဘူးလေ Yu Bin
ရယ် ငါအဲ့လိုလုပ်လိုက်တော့ကောဘာထူးမှာမို့လဲ နောက်နှစ်ဆိုပဲငါ Yu Fei နဲ့လက်ထပ်ရမှာလေ""ဟုတ်ပါတယ် ဒါပေမဲ့ အနည်းဆုံးတော့အဲ့အချိန်မရောက်ခင်အထိမင်းတို့ပျော်ရွှင်ရမယ်လေ
ဒီလိုကြီးလုပ်နေတာက ကိုယ့်ကိုယ်ကို ညှင်းပန်းနေသလိုပဲ နောင်ခွဲရမယ် နာကျင်ရမယ်ဆိုရင်တောင်
မင်တို့ရဲ့ပျော်စရာကောင်းတဲ့အမှတ်တရတွေနဲ့ဖြေဖျောက်လို့ရတယ် အဲ့ဒါကြောင့်အများကြီးမတွေးပဲ
ဆန္ဒရှိတဲ့အတိုင်းလုပ်ပြီး အမှတ်တရကောင်းတွေအများကြီးဖန်တီးသင့်တာပေါ့ တစ်ခါတလေမှာစဉ်းစား
လွန်းရင်လည်းဘေးဖြစ်တတ်တယ် နောင်တမရစေနဲ့ပေါ့ကွာ"Xiao Zhanတကယ်ဘာမှမတွေးတက်တော့ဘူး
Zhuo Cheng ပြောသလိုပဲဖြစ်ချင်ရာဖြစ်စွန့်စားလိုက်သင့်လား ဒါပေမဲ့အဲ့ဒီလမ်းကပိုနာကျင်စေမယ်ဆိုရင်ရော
သူဘာမှမစဉ်းစားတတ်တော့ဘူး အခုချိန်မှာအားလုံးရဲ့အဝေးဆုံးကိုသာ ထွက်ပြေးသွားချင်တော့
တာပဲXiao Zhan ကျောင်းကပြန်လာတည်းကမိုးအနည်းငယ်ရွာနေပြီဖြစ်သည်
တဖြည်းဖြည်းနဲ့သည်းလာတဲ့မိုးကညအထိကို
မတိတ်သေးပဲရွာကောင်းတုန်းပင်
Xiao Zhan စာလုပ်ပြီးတော့ဝရမ်တာဘက်
ထွက်လာပြီး သည်းသည်းထန်ထန်ရွာနေတဲ့မိုးရေ
တွေကိုလက်နဲ့ခံရင်းငေးမောနေမိသည်မိုးကသည်းသည်ထက်သည်းလာတာကြောင့်
အထဲပြန်ဝင်ဖို့အလုပ် လက်ခနဲဖြစ်သွားတဲ့လျှပ်စီး
ရောင်နဲ့ တိုက်ခန်းရှေ့ကအပင်အောက်မှာ
Xiao Zhan ကိုရပ်ကြည့်နေတဲ့ Yibo ကိုတွေ့
လိုက်ရသည်