Love on you - 19

6.2K 448 29
                                    

~ Zawgyi ~

ဒီနေ့သမီးလေးရဲ့မွေးနေ့မို့ Xiao Zhan
သမီးလေးကိုကတိပေးထားတဲ့အတိုင်းအိမ်ကိုပြန်
လာလိုက်တယ်

Xiao Zhan ကားပေါ်ကဆင်းတာနဲ့သွက်လွန်း
တဲ့သမီးလေးကအိမ်ပေါက်ဝမှာအရန်သင့်စီးကြိုနေ
လေရဲ့

"လာပါဦးကွာ ပါးရဲ့မင်းသမီးလေး
ပါး ကိုလွမ်းနေတာပေါ့ ဟုတ်လား"

"အင်းပေါ့ ရွှန့်ရွှန့်က ပါးကိုအားကြီးလွမ်းနေတာ
ပါးကတော့ရွှန့်ရွှန့်ကိုမလွမ်းဘူးမို့လား ရွှန့်ရွှန့်ကို
ပစ်ထားတယ် ဟမ့်"

"မဟုတ်ရပါဘူး ပါးရဲ့မင်းသမီးလေးရယ်
ပါးကအလုပ်လုပ်နေရတာလေ
ပါးလည်းမင်းသမီးလေးကိုအများကြီးလွမ်းနေတာသိလား"

"ဒီသားအဖနှစ်ယောက်ဒီနေ့အိမ်ထဲဝင်ဖို့အစီအစဉ်မရှိကြတော့ဘူးလား အပေါက်ဝမှာပဲဒီတိုင်းနေကြတော့မှာလား"

"ဝင်မှာပေါ့ Fei ရယ် ဖြေးဖြေးပေါ့ ကိုယ့်အိမ်ပဲဟာဘယ်အချိန်ဝင်ဝင်ပေါ့ အရေးမကြီးပါဘူး
မင်းသမီးလေးကပိုအရေးကြီးတာပေါ့
ဟုတ်တယ်မလား မင်းသမီးလေး"

"ဟမ့် ဒါပေါ့ ရွှန့်ရွှန့်က အရေးအကြီးဆုံးပဲ"

လက်နှစ်ဖက်ကိုပိုက် မျက်နှာပင့်ပြီးပြောချလိုက်တဲ့
ရွှန့်လေးရဲ့ပုံစံကတကယ်ပင်ချစ်မဝချင်စရာအတိ

"ဟုတ်ပါပြီရှင့် အဲ့တာဆိုလည်း မင်းသမီးလေးက ပါး ကိုအိမ်ထဲပေးဝင်လိုက်ပါဦး အပေါက်ဝကြီးမှာ
Pa ညောင်းနေမှာပေါ့ "

"ဟီး ဟုတ်သားပဲ pa ညောင်းနေပြီးလား
အထဲဝင်လေ ရွှန့်ရွှန့် နှိပ်ပေးမယ်"

"ဟားဟား ဟုတ်ပါပြီဗျာ"

လွန်ခဲ့တဲ့ ၆ နှစ်ကနာကျဉ်မှုတွေ သတိရလွမ်းဆွတ်ခြင်းတွေကသမီးလေးကိုမွေးတဲ့အချိန်ကစပြီးတဖြည်းဖြည်းအနည်ထိုင်သက်သာလာခဲ့တယ်
ပျော်ရွှင်မှုတွေကိုပြန်လည်ယူဆောင်လာပေးတယ်
သမီးလေးကြောင့်ပဲ ဒီနေ့အထိရပ်တည်နိုင်ခဲ့တယ်
ရွှန့်လေးက Xiao Zhan အတွက်တော့မိုးနတ်မင်းကချီးမြှင့်တဲ့အဖိုးမဖြတ်နိုင်တဲ့ဆုလာဘ်ကလေးပဲ

Xiao Zhan တနေကုန်ရွှန့်လေးသွားချင်တဲ့နေရာတွေကိုလိုက်ပို့ စားချင်တာတွေလိုက်ကျွေးရင်း
ပဲ မိသားစုတစ်ခုရဲ့ပျော်စရာကောင်းတဲ့အချိန်တွေကို
ကုန်ဆုံးစေခဲ့တယ်

Love on youWhere stories live. Discover now