Love on you - 21

6.6K 435 10
                                    

~ zawgyi ~

သွေးအိုင်ထဲမှာလဲကျနေတဲ့ Xiao Zhan
ကိုမြင်ရတာက Yibo ရင်ကိုစုတ်ပြတ်သတ်သွား
စေတယ်
ဒီတစ်ခါလည်းသူ Zhan ge ကိုအချိန်မီဆွဲမထား
လိုက်နိုင်ပြန်ဘူး
အားလုံးကသူ့ကြောင့်ပဲ သူကအမြဲ Zhan ge
ကိုနာကျင်စရာတွေပဲပေးနေခဲ့တာ

"Zhan ge, Zhan ge ထပါဦး အဲ့လိုမလုပ်ပါ
နဲ့ ကျွန်တော့်ကိုကြိုက်သလိုလုပ်ပါကျွန်တော်ခံပါ့
မယ် ဒီလိုနည်းနဲ့တော့အပစ်မပေးပါနဲ့
Xiao Zhan ထပါဦးလို့ကျွန်တော်ခေါ်နေ
တယ်လေ"

သွေးအိုင်ကြားထဲမှာလဲကျနေတဲ့ Xiao Zhan
ကိုပွေ့ဖက်ထားရင်ကယောင်ချောက်ချားအော်ဟစ်
နေတဲ့ Yibo ကလည်းရင်ကွဲမတတ်ပဲ

Xiao Zhan ခွဲစိတ်ခန်းဝင်နေတဲ့တစ်လျှောက် လုံးလည်း Yibo ကခွဲခန်းရှေ့မှာစိတ်နဲ့ကိုယ်နဲ့မကပ်သလိုZhan ge, Zhan ge ဆိုတာကိုပဲတစ်ချိန်လုံးရေရွတ်နေတယ် နေရာကနည်းနည်းတောင်မရွေ့သလို လုံးဝရွှေ့ခိုင်းလို့လည်းမရဘူး
အဖြူရောင် shirt လေးကလည်းသွေးချင်းချင်းနီလို့  နာရီပေါင်းများစွာကုန်ဆုံးပြီးတဲ့အထိ
ခွဲစိတ်ခန်းထဲက Xiao Zhan စီကဘာ
ထူးခြားမှုမှမသိရသလို Yibo ကလည်းတစ်စက်
ကလေးမှမလှုပ်ဘူး
Yu Fei တို့ Xiao Zhan ကိုတင်မဟုတ်ပဲ
Yibo ကိုပါစိုးရိမ်လာသည်

" Yibo...Yibo"

Yu Fei တို့ဘယ်လိုပဲခေါ်ခေါ် Wang Yibo
ကလုံးဝမလှုပ်သလိုပါးစပ်က Xiao Zhan
နာမည်ကိုရွတ်နေတာလည်းရပ်မသွားဘူး

တကယ်လို့ Xiao Zhan သာပြန်မလာနိုင်ခဲ့ရင်
Yibo ပါဒီနေရာမှာတင်သေသွားနိုင်သည်
ဘာလို့များလောကကြီးကဒီလူနှစ်ယောက်ကို
ဒီလောက်ထိရက်စက်ရတာလဲလေ

သူတို့အားလုံးလုပ်နိုင်တာဆိုလို့ ခွဲစိတ်ခန်းထဲကထွက်လာမဲ့အခြေအနေကိုရင်တမမနဲ့စောင့်နေဖို့ပဲ
တတ်နိုင်တော့တယ်
နောက်ထပ်နာရီအနည်းငယ်အကြာမှာတော့
ခွဲစိတ်ခန်းတံခါးပွင့်လာပြီးဆရာဝန်က
Xiao Zhan ရဲ့အသက်ကိုကယ်တင်လိုက်နိုင်ပြီ
ဖြစ်ကြောင်းသိရတဲ့နောက်
Wang Yibo လည်းကြမ်းပြင်ပေါ်လဲကျသွား
တော့တယ်

အမှောင်ထုကြီးထဲမှာ Yibo ပိတ်မိနေတယ်
ဘယ်နေရာမှာထွက်ပေါက်ရှိတယ်ဆိုတာလည်း
မသိဘူး ဘာမှမမြင်ရတဲ့အမှောင်ထုထဲကိုပဲ
Yibo ထွက်ပေါက်တွေ့လိုတွေ့ငြားစမ်းတဝါးဝါးနဲ့
လျှောက်သွားနေရတယ်
ဘယ်လောက်လျှောက်လျှောက်အလင်းရောင်နဲ့တူတာဆိုလို့မြူတစ်မှုန်စာတောင်မမြင်ရဘူး
ဆက်လျှောက်နေရင်းနဲ့ပဲတစ်နေရာအရောက်မှာ
ခပ်ဖျော့ဖျော့အလင်းရောင်လေးကိုတွေ့လိုက်ရတာမို့အားတက်သရောနဲ့ပဲအလင်းရောင်ရှိရာကိုပြေးသွားလိုက်တယ်
နီးကပ်သွားတဲ့အခါမှာ ထိုခပ်ဖျော့ဖျော့အလင်းရောင်လေးက သူမြတ်နိုးရတဲ့ကျောပြင်ကျယ်တစ်ခု
ဖြစ်နေတယ်
သူအလျင်အမြန်ပဲခပ်သွယ်သွယ်ခါးလေးကိုကျစ်ကျစ်ပါအောင်ဖက်တွယ်လိုက်တယ်

Love on youWhere stories live. Discover now