Love on You - 12

7.3K 658 27
                                    

~ zawgyi ~

အဲ့ဒီနေ့ကကိစ္စဖြစ်ပြီးနောက်ပိုင်း Xiao Zhan ကအမြဲလိုလို Yibo ကိုရှောင်နေခဲ့တယ်....

ဖုန်းဆက်ရင်လည်းမကိုင်သလို
message တွေလည်း reply မပြန်တော့ဘူး..
စာသင်တဲ့အခန်းရှေ့သွားစောင့်တော့လည်း
Xiao Zhan အတန်းမတက်ဘူးဆိုတဲ့စကားကိုပဲ
Zhuo  Cheng ge စီကကြားရတယ်
ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာလေးကိုငေးကြည့်ခွင့်ရနေရင်တောင်အဆင်ပြေတာမို့......

Zhan ge နဲ့စကားပြောဖို့လိုတာမို့ ကျောင်းကိုစောစောထွက်လာခဲ့တယ်
ရှောင်ပြေးနေတဲ့ယုန်ဖြူလေးကို အမိဖမ်းဖို့
ကျောင်းရှေ့မှာပဲလာမဲ့အချိန်ကိုရပ်စောင့်
နေလိုက်တယ်

ကျောင်းသားတွေအတော်ရှင်းသွားတဲ့အချိန်လောက်မှာပဲ Yibo နဲ့မလှမ်းမကမ်းမှာ ကားတစ်စီးထိုးရပ်လာတယ်

ကိုယ်ရှေ့နားမှာမို့ဘာရယ်မဟုတ်ကြည့်လိုက်တော့
စောင့်နေခဲ့ရသူ.....

ကားမောင်းသူနေရာမှာတော့ မိန်းကလေးတစ်ယောက် နှစ်ယောက်သားစကားတွေပြောနေကြတာ ရယ်လို့မောလို့

သူလွမ်းနေခဲ့တဲ့ Zhan ge ရဲ့အပြုံးတွေက
ဒီမနက်မှာတော့ မနက်ခင်းနေရောင်နဲ့အပြိုင်
အရမ်းကိုတောက်ပပြီး လတ်ဆတ်နေတယ်

Xiao Zhan ရဲ့အပြုံးတွေကိုမြတ်မြတ်နိုးနိုးငေးမောနေတဲ့ Yiboရဲ့နှုတ်ခမ်းတွေကလည်း
အပေါ်ကိုခပ်ပါးပါးကော့တက်လို့......

Xiao Zhan နဲ့ထိုမိန်းကလေး နှစ်ယောက်သား
စကားတွေဖောင်ဖွဲ့ရင်းပြုံးပြုံးရွှင်ရွှင်နဲ့ကျောင်းထဲအတူတူဝင်လာတယ်

Yibo စကားသွားပြောဖို့စဉ်းစားပေမယ့်
ခြေထောက်တွေကကျောက်ချထားသလို
တစ်လှမ်းမှရွှေ့လို့မရခဲ့ဘူး

Xiao Zhan ကရပ်ကြည့်နေတဲ့Yibo ကို
မြင်သွားပေမဲ့ မမြင်ဖူးတဲ့သူစိမ်းတစ်ယောက်လိုပဲ တစ်ချက်ပဲကြည့်ပြီး မိန်းကလေးနဲ့စကားပြောမပျက် ကျောင်းထဲကိုဝင်သွားတယ်

နောက်ကလိုက်ဖို့ကိုလည်းအားရှိမနေတော့ဘူး သူ့ကိုဥပေက္ခာပြုပြီး အခြားတစ်ယောက်နဲ့အတူတူတွဲထွက်သွားတဲ့ကျောပြင်ငယ်ကိုငေးကြည့်ရုံနဲ့တင်
မျက်ခမ်းစပ် တွေကခပ်စပ်စပ်ဖြစ်လာတယ်....

Love on youWhere stories live. Discover now