Love on you - 18

8K 576 50
                                    

~ zawgyi ~

အခုဆို Yibo ခြေထောက်တွေကဝှီးချဲတောင်မလိုတော့ဘူး အတော်အတန်လျှောက်နိုင်နေပြီ
ချိုင်းထောက်အကူအညီလေးနဲ့ပေါ့

Xiao Zhan ကုသပေးလာတဲ့ကြာချိန်ကလည်း
တစ်လလောက်တော့ရှိပြီ
ဒါပေမဲ့သူတို့ကြားမှာလိုအပ်တဲ့ကျန်းမာရေးကိစ္စတွေ
ကလွဲရင်ဘာမှမပြောဖြစ်ကြဘူး
Yibo ကတစ်ခုခုကိုပြောချင်သလိုရှိပေမဲ့
Xiao Zhan ကအမြဲလမ်းကြောင်းလွှဲကာရှောင်
နေတတ်တယ်

အချိန်တစ်ခုအထိရှိလာပေမဲ့သူတို့ကြားမှာတော့
ဘာမှပြောင်းလဲမှုရှိမလာခဲ့ဘူး

Yibo အဲ့တုန်းက Zhan geဆီကိုရောက်မလာ
တဲ့အကြောင်း သူတို့ကိုကံကြမ္မာကလွှဲဖယ်ခဲ့တာ
တွေ သူဘယ်လိုနောင်တစိတ်တွေနဲ့နေထိုင်ခဲ့ရ
တယ်ဆိုတာတွေပြောပြချင်သည်
ဒါပေမဲ့ဘယ်ကစပြောရမှန်းမသိသလို
Zhan ge ကလည်းဘာစကားမှအဟမခံခဲ့ဘူ
ဖြစ်ခဲ့တာတွေကိုရှင်းပြပြီး
Zhan ge ကိုတောင်းပန်ချင်တယ်

တကယ်ချစ်ခဲ့ကြပေမဲ့ ဝေကွာစေခဲ့တဲ့ကံတရားကိုအပစ်ဖို့မယ်

Xiao Zhan ဆေးရုံကပြန်လာပြီး
Yibo ကိုခြံထဲမှာလေ့ကျင့်ခန်းလုပ်ဖို့အတွက်ခေါ်လာပြီ ဘေးကနေသေချာလိုက်လုပ်ပေးနေတယ်

Yibo ကတော့လေ့ကျင့်ခန်းလုပ်ရင်း
Xiao Zhan မျက်နှာကိုလှည့်လှည့်ကြည့်နေ
တယ်
သူ Zhan geကိုစကားပြောချင်တယ်

Xiao Zhan သိပေမဲ့ မသိချင်ယောင်ဆောင်ထားလိုက်တယ်
သူတို့ကြားမှဘာမှထပ်ပြောစရာမှမရှိပဲလေ

"Zhan.....Zhan ge ဟိုလေကျွန်တော်စကား
အေးဆေးပြောချင်တယ်"

"အင်း"

"ဟို....အဲ့တုန်းက Zhan ge ချိန်းတဲ့နေရာကိုမလာခဲ့တဲ့အတွက် ကျွန်တော်တကယ်တောင်းပန်ပါတယ်"

"တောင်းပန်စရာမလိုပါဘူး အားလုံးကပြီးပြီးသား
ကိစ္စတွေပဲ ငါ့စိတ်ထဲမှာဘာမှမရှိတော့ဘူး"

"ဒါပေမဲ့ ကျွန်တော်ရှင်းပြချင်တယ် တကယ်တော့
လေ...."

ရုတ်တရက်ထမြည်လာတဲ့ Xiao Zhan ရဲ့ဖုန်းသံကြောင့် Yibo ပြောမဲ့စကားတွေက
နှုတ်ခမ်းဝမှာတင်ရပ်တန့်ကုန်တယ်

Love on youWhere stories live. Discover now