❄~6~❄

3.4K 431 11
                                    

(Zawgyi)

ဒီနေ့ရဲ့ရာသီဥတုအခြေအနေက သိပ်တော့မကောင်း….။ အမြဲတမ်း နှင်းတွေဖုံးလွှမ်းနေတဲ့ဒေသ ဖြစ်ပေမယ့်လည်း ဒီနေ့ကတော့ ခါတိုင်းထက်ပင် နှင်းပိုထူထပ်နေတယ်...။

အိမ်ပြတင်းပေါက်နေတဆင့် အပြင်ဘက်ကိုငေးနေတဲ့ ဂျုံးကု..။ တဖွဲဖွဲကျနေတဲ့နှင်းမှုန်တွေက တစ်ခါတစ်ရံ သူ့မျက်နှာကိုပင် ရိုက်ခတ်လာတတ်သေးတယ်...။ ဆိုးဝါးတဲ့ရာသီဥတုကြောင့် သူ့ရဲ့စိုက်ခင်းလေးတော့ပျက်စီးတော့မှာပဲလို့ အတွေးရောက်မိတာကြောင့် သက်ပြင်းဖွဖွချမိတယ်...။

"ဒေါက်....ဒေါက်"

တံခါးကိုတစ်ယောက်ယောက်က လာခေါက်တာကြောင့် ဂျုံးကုဆတ်ခနဲဖြစ်သွားတယ်...။ ထို့ကြောင့် ပြတင်းတံခါးကိုပြန်ပိတ်လိုက်ပြီး အိမ်တံခါးဆီသို့ သူလျှောက်သွားလိုက်တယ်...။ မိဘ၂ပါးဆုံးသွားပြီးကတည်းက တစ်ကောင်ကြွက်ဖြစ်နေတဲ့ ဂျုံးကုဆီ ဧည့်သည်လာလေ့မရှိတာကြောင့် စိတ်ထဲတော့ထူးဆန်းနေမိတယ်...။ တံခါးကိုဖွင့်လိုက်တော့ ပြင်းထန်တဲ့လေအေးတွေက အိမ်ထဲကိုအလုအယက်တိုးဝင်လာတယ်...။ ပြတင်းပေါက်ရှိတဲ့ဘက်က လေကွယ်ရာမို့သိပ်မသိသာသော်လည်း တံခါးပေါက်ကတော့ လေတိုက်ရာအရပ်တည့်တည့်မှာမို့ ဂျုံးကုလည်း ခြုံထားတဲ့သားမွှေးအပေါ်ထပ်ကို လုံအောင်ဆွဲစေ့လိုက်တယ်...။

အိမ်အပြင်ဘက်မှာတော့ မတ်တပ်ရပ်နေတဲ့ လူတစ်ယောက်...။ ခေါင်းထိလုံအောင်ဆောင်းထားတဲ့ သားမွှေးဝတ်ရုံသည်လည်း နှင်းတွေစိုရွှဲနေလေပြီ...။ ဒီနယ်တစ်ဝိုက်မှာ တစ်ခါမှမမြင်ဖူးတဲ့သူမို့ ဂျုံးကုခဏတော့ ကြောင်ကြည့်နေမိသေးတယ်...။ ထိုအခိုက်သူက ချမ်းလွန်းတာကြောင့် မေးရိုက်နေတဲ့အသံဖြင့် စကားစလာခဲ့တယ်...။

"နှင်းတွေတအားကျနေလို့ အိမ်ထဲမှာခဏလောက် နားခိုလို့ရနိုင်မလားဟင်...??"

လူမှုရေးမခေါင်းပါးတဲ့ဂျုံးကုလည်း ချက်ချင်းပင်ခွင့်ပြုပေးလိုက်ပြီး သူအထဲဝင်နိုင်ဖို့အတွက် လမ်းဖွင့်ပေးလိုက်တယ်...။ သူ့ကြည့်ရတာ တော်တော်လေးလည်း ချမ်းနေတဲ့ပုံပါပဲ...။

"အဝတ်အစားတွေလဲထားလိုက်ပါလား... ကျွန်တော်ထုတ်ပေးပါ့မယ်"

❄Ice Dynasty❄ (Completed) Where stories live. Discover now