Ephemeral Touch Ch-12 (The last Part)

500 45 3
                                    




Unicode

(To read in Zawgyi ver, please turn to next part)


Jungwoo's POV

ကျွန်တော် ကျောင်းအားကစားကွင်းရဲ့ဘေးက လှေကားထစ်တွေပေါ်မှာထိုင်ရင်းမှိုင်နေမိတယ် ကျွန်တော်ဟာမှိုရဖို့ကြိုးစားခဲ့တဲ့ကလေးငယ်တစ်ယောက်မဟုတ်ခဲ့ဘူး ညို့မှိုင်းမှိုင်းကောင်းကင်ဟာကျွန်တော့်ရင်ထဲကအမှိုင်းဓာတ်ရဲ့ ၁၀ ပုံပုံ တစ်ပုံလောက်တော့ရှိနေနိုင်တယ်

တကယ်တော့ကျွန်တော်ဟာကိုယ့်ကိုယ်ကိုမသိသေးသူတစ်ယောက်ဖြစ်တယ်

အဖေနဲ့အမေဟာကျွန်တော့်ကို "မိစ္ဆာ" လို့ခေါ်ခဲ့တာအလကားမဟုတ်ခဲ့တာကိုကျွန်တော်ပထမဆုံးအကြိမ် ကိုယ့်ကိုကိုယ်ကိုမယုံကြည်စွာနဲ့လက်ခံမိတယ်

ချွန်ဖက်လှတဲ့အစွန်းအဖျားရှိတဲ့အနက်ရောင်ငှက်မွှေးတစ်ချောင်းကိုကျွန်တော်ငေးကြည့်နေမိတယ် ကျွန်တော့်နောင်တတွေဟာမရေတွက်နိုင်ခဲ့ဘူး

ကျွန်တော်ဟာ ဒီဇာတ်လမ်းမှာ "မိစ္ဆာ" တစ်ကောင်သေချာပေါက်ဖြစ်ခဲ့တာပေါ့

မြို့ရဲ့အင်္ဂါရပ်တွေနဲ့ကင်းကွာတဲ့တောအုပ်ထဲမှာ ကျွန်တော်ဘယ်လိုအသက်ရှင်ခဲ့သလဲ သူ့ကျေးဇူးတွေကျွန်တော့်အပေါ်မှာအများကြီးတင်ကျန်ခဲ့တယ် သူ့ရဲ့အချစ်တွေလည်းကျွန်တော့်အပေါ်ထောင်သာင်းမကတင်ကျန်ခဲ့တယ်

ဘယ်နေရာမှာဘယ်လိုအန္တရာယ်နဲ့ပဲကြုံနေခဲ့ပါစေ သူကျွန်တော့်အရှေ့ကိုအမြန်ရောက်လာခဲ့တယ် ငျွန်တောိ့ခြေလှမ်းတွေဟာဘယ်လိုပဲသူနဲ့ဝေးခဲ့ဝေးခဲ့ သူ့ခြေလှမ်းတွေကကျွန်တော့်အနောက်မှာရှိနေခဲ့တယ်

ခပ်သုတ်သုတ်လျှောက်ခဲ့တဲ့လမ်းပေါ်ကခြေလှမ်းတွေကိုကျွန်တော်တစ်ခါတစ်လေပြန်ကြည့်မိတယ် သူ့ခြေလှမ်းတွေများပါလာမလားဆိုတဲ့အတွေးနဲ့။ ကျွန်တော့်ကို "ဖြူစင်စွာရက်စက်သူ" လို့သမုတ်တတ်တဲ့သူ့ကိုကျွန်တော်ပြန်မြင်ရဖို့ကျွန်တော်ဘာတွေပေးဆပ်ရမလဲ အရင်လိုလေထဲမှာရုတ်တရက်ပေါ်လာတတ်တဲ့သူ့ကိုကျွန်တော်ဘယ်လိုလုပ်မှမြင်ရမလဲလို့ကျွန်တော်အချိန်တိုင်းစဉ်းစားမိတယ်

Ephemeral TouchWhere stories live. Discover now