Ephemeral Touch Ch-7 🚫(Warning part)

785 61 4
                                    




Unicode

(zawgyi below)


Lucas' POV

ကျွန်တော့်ရဲ့ အဝတ်အထည်တွေမရှိဘဲအကာအကွယ်မဲ့သော ရင်ဘတ်ကို အောက်မှအိပ်ရာပေါ်မှာလဲနေသော Jungwoo ကသူ့ရဲ့အေးစက်သောလက်တွေနဲ့တွန်းထုတ်လျက်

"ခင်ဗျားဘာလုပ်တာလဲ"

ကျွန်တော်သူမေးတာကိုပြန်မဖြေမိ။ ဘာ့ကြောင့်လဲဆိုရင် ကျွန်တော်ကိုယ်တိုင်လည်းသူ့ကိုဘာလုပ်မိမယ်မှန်းမသိ။ ရှေ့ဆက်ဘာလုပ်မ်မယ် ဘာတွေဖြစ်သွားမယ်ဆိုတာကိုကျွန်တော်အာမမခံရဲလောက်အောင်ကို ကျွန်တော့်ရဲ့စိတ်ထဲ ခံစားချက်တွေရောယှက်လို့နေတယ်

အဲ့ဒီခံစားချက်တွေထဲကအတိအကျလက်တစ်ဆုပ်စာလောက်ထုတ်နုတ်ခွင့်ရရင် အဲ့ဒါဟာ ဒေါသနဲ့မခံချင်စိတ်တစ်ချို့ဖြစ်ကောင်းဖြစ်လိမ့်မယ်

သူကကျွန်တော့်ကိုတွန်းပေမယ့်မရွေ့သွားတဲ့ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကြောင့် အနည်းငယ်လန့်သွားတဲ့အရိပ်ကလေးကကျွန်တော့်ရဲ့အရိပ်လွှမ်းခြုံခြင်းခံထားရတဲ့သူ့မျက်နှာမှာဖျတ်ခနဲပေါ်လွင်သွားတယ်

ကျွန်တော့်ရဲ့အရိပ်အောက်ကနေထွက်ဖို့ဟိုဘက်ကိုလှိမ့်လိုက်သောသူ့ရဲ့လက်ကိုကျွန်တော်တင်းကျပ်စွာလှမ်းဆွဲလိုက်ပြီး ပက်လက်အနေအထားသို့ပြန်ရောက်စေခဲ့တယ်

"မင်းငါ့အသားကိုမထိနဲ့ ဒီအခန်းထဲကထွက်သွား"

သူကကျွန်တော့်ကိုကြောက်သော်လည်း ခပ်တည်တည်နဲ့အမိန့်ပေးတယ်

"ဒီအိမ်ကငါ့အိမ်ပါ Jungwoo! ငါ့အိမ်ထဲရောက်နေတဲ့ဘယ်သက်ရှိမဆိုငါသိမ်းထားခွင့် ငါကြိုက်တာလုပ်ခွင့်ရှိတယ်မဟုတ်လား မင်းရဲ့အသွေးအသားကိုက်မစားတော့ပါဘူးဆိုတာကိုမင်းကနည်းနည်းလေးမှမယုံဘူးလေ တက်နေလျက်နဲ့ပြုတ်ကျစေနိုင်တဲ့တောင်တက်သမားတစ်ယောက်အတွက်စကားတစ်ခွန်းက "မင်းတောင်ပေါ်မရောက်ခင်သေမှာပဲ" ဆိုတဲ့အတည်မပြုပေးတဲ့နှိပ်ကွပ်မှုတွေပဲပေါ့"

"ငါမင်းကိုရွံတယ် Lucas"

ကြောက်နေသော်လည်း ဘာမှမဖြစ်သလိုကျွန်တော့်ကိုငေါက်နေတဲ့သူ့ကိုတခြားသူတွေကချီးကျူးနိုင်ရင်တောင်ကျွန်တော်တော့ရယ်ပစ်လိုက်မယ် ကိုင်လိုက်မိတဲ့သူ့လက်တွေရဲ့အေးစက်မှုတွေက သူ့ရဲ့ကြောက်ရွံ့မှုတွေကိုတိကျစွာဖော်ပြလို့နေတယ်

Ephemeral TouchWhere stories live. Discover now