Ephemeral Touch Ch-11

306 46 0
                                    




Unicode

(zawgyi below)


Lucas' POV

မှားယွင်းတဲ့လမ်းစဉ်တွေထဲမှာ အချစ် ဆိုတဲ့အရာများပါခဲ့လေသလား

ကျွန်တော်တော့ပါခဲ့တာသေချာပါတယ်

ဖြစ်တည်မှုနဲ့မကိုက်ညီမှုတွေဟာ ဒီလူသားတစ်ယောက်ကိုချစ်မိသွားခဲ့ပြီးမှဖြစ်လာရတယ် ကျွန်တော်နှမြောနေမိတာလား တစ်သက်လုံးမာန်မာနနဲ့ လူတိုင်းရဲ့အကြောက်တရားနဲ့အမုန်းတွေကိုရနေခဲ့ရတာတွေကိုသူ့အတွက်နဲ့လွှတ်ပစ်ခဲ့ရတာကိုနှမြောနေခဲ့တာလား

နှမြောတသဖြစ်မှုတွေကင်းစင်ပါတယ်

အချစ်တွေဟာပြည့်ဝလာတယ်

တစ်ဝက်ခန့်နှလုံးသားကပိုပိုပြီးအထိတ်တလန့်ရှိလာတယ်

နောင်တတွေကတစ်ချက်တစ်ချက်ပေါ်လာတယ်

ခပ်ညံ့ညံ့သက်ပြင်းတစ်ချို့ကလည်းကျယ်လောင်လာတယ်

မာထန်သောမိစ္ဆာတစ်ကောင်ရဲ့သဘာဝတွေကို လူသားတစ်ယောက်က ကရောက်ကယက်ဖြစ်အောင်ပြောင်းလဲခဲ့တယ်တဲ့

ကျွန်တော် နာကျင်မှုတွေကိုတစ်စိုးတစ်စိခံစားလာရတယ် သို့သော် နှလုံးသားကတစ်ဝက်ပဲရှိသေးလို့လားမသိ။ တစ်စိုးတစ်စိပေမဲ့အလွန်နာကျင်ရတယ်

လက်ဖျံကသွေးကြောတွေဟာ ရောင်ကိုင်းစွာနဲ့ထောင်ထနေတယ် ကျွန်တော် ဖားတစ်ကောင်လိုမျိုးဖောင်းကြွလာလိုက် ပြန်ငြိမ်သွားလိုက်ဖြစ်နေတဲ့သွေးကြောတွေကိုလိုက်ဖိနေမိတယ်

လည်ပင်းသွေးကြောတွေဟာ အထဲကနေအသက်ရှူကျပ်နေလို့အပြင်ဘက်ကိုဖောက်ထွက်ချင်သလိုမျိုး တင်းမာလျက် အသားပေါ်မှာပေါ်လွင်နေတယ်

ကျွန်တော့်တစ်ကိုယ်လုံးကသွေးကြောတွေဟာ အသားပေါ်မှာအချောင်းလိုက်ပေါ်လွင်ထင်ရှားနေကြတယ်

ကျွန်တော့်ရဲ့သွေးလည်ပတ်မှုတွေကရောင်ချောက်ချားဖြစ်လို့နေတာကိုကျွန်တော်ခံစားနေရတယ်

ဒါဟာသိပ်ကိုခံစားရခက်တာပေါ့

ငတ်မွတ်နေတဲ့မိစ္ဆာတစ်ကောင်ရဲ့ဒုက္ခတွေဟာ လူတွေအပေါ်ကျရောက်တတ်ပေမဲ့ ကျွန်တော်ဘယ်လိုအခြေအနေရောက်ရောက် ကျွန်တော့်နဲ့အနီးဆုံးမှာရှိတဲ့ထိုလူသားကိုတော့ လက်ဖျားနဲ့တောင်မတို့ချင်ပါ

Ephemeral TouchWhere stories live. Discover now