Ephemeral Touch Ch-1

859 87 1
                                    

I prepared both in Unicode and Zawgyi because some of my readers are still using Zawgyi and some have changed into Unicode.

I do apologize if there are mistakes in this fics or it would make you dissatisfied.

Wish you guys Happy Full Moon Day of Thadingyut


Unicode
(zawgyi below)

Jungwoo's POV

"fly away with me baby...... "

တစ်ကားလုံး ၊ လူအယောက် ၂၀ လုံး သီချင်းကိုသံပြိုင်သီဆိုနေကြပေမယ့် ကျွန်တော်တစ်ယောက်တည်းလက်ခုပ်လိုက်တီးရင်းငြိမ်နေမိတယ်

ကျွန်တော်ဒီခရီးစဉ်ကိုနည်းနည်းလေးမှစိတ်မပါခဲ့ပါ

ကျွန်တော်တို့ရဲ့ စီးပွားရေးမေဂျာနောက်ဆုံးနှစ် အမှတ်တရ ခရီးတစ်ခုမှာကျွန်တော်အသက်မဲ့သူတစ်ယောက်လိုလိုက်ပါလာခဲ့ရတယ်

ကျွန်တော်က လူအယောက် ၂၀ ဆန့်တဲ့ Mini bus လေးရဲ့နောက်ဆုံးတန်းရဲ့ ဘယ်ဘက်ပြတင်းပေါက်နဲ့ကပ်လျက်ထိုင်တယ်

ကျွန်တော့်အရှေ့မှာတော့ အတန်းရဲ့အဓိကကျတဲ့သူတစ်ယောက်ဖြစ်တဲ့ HaeChan ကထိုင်ပြီး အတန်းခေါင်းဆောင် Mark ကတော့ကားရဲ့အလယ်လောက်မှာထိုင်တယ်

တစ်ကားလုံးအသံကြီးအသံငယ်တွေနဲ့သီချင်းဆိုနေတာကိုမကောင်းတတ်လို့လက်ခုပ်လိုက်တီးပေးရာကနေကျွန်တော်ရှောင်ထွက်လိုက်တယ်

ပြီးတော့ကျွန်တော့်ဘေးက ကားလိုက်ကာလေးကိုလက်နဲ့ဖယ်ပြီး ရှုခင်းတွေကိုငေးကြည့်မိတယ်

Highway လမ်းမကြီးကရှည်လျားလှတယ် ၃ ရက် ၂ ညအိပ်ခရီးမို့ နောက်ရက်အနည်းငယ်အတွင်းမှာဒီလမ်းမအရှည်ကြီးကိုထက်ပြီးဖြတ်သန်းရဦးမှာဖြစ်တယ် လမ်းမကြီးရဲ့ဘေးမှာတော့ အိမ်ငယ်တစ်ချို့က ကွက်ကြားမိုးလိုပဲ အကွာအဝေးအတော်ကျဲစွာနဲ့တည်ရှိနေတယ် ပြီးတော့ကျွန်တော်မမြင်ဖူးတဲ့လယ်ကွင်းတစ်ချို့ရယ်

ဖြတ်သန်းလာရတဲ့ဘဝကြီးက အခုရှည်လှပါတယ်ဆိုတဲ့လမ်းမကြီးထက်ကိုပိုရှည်လျားခဲ့တယ် ဒီလိုကြည့်ရင် လမ်းမကြီးဟာ ကောင်ကင်ပြာနဲ့ကျွန်တော်မမြင်ရတဲ့မျက်စိတဆုံးတစ်နေရာမှာသွယ်ဆက်သွားသလိုထင်ရပေမယ့် လက်တွေ့ဘဝဟာတော့ကျွန်တော့်ရဲ့စိတ်ကူးအိပ်မက်နဲ့ဘယ်တော့ကမှမသွယ်ဆက်ခဲ့။

Ephemeral TouchWhere stories live. Discover now