Ephemeral Touch Ch-8

429 52 0
                                    




Unicode

(zawgyi below)


Lucas' POV

နောက်နေ့မနက်မှာတော့ ကျွန်တော်ဟာသူနဲ့အတူတစ်အိပ်ရာထဲကနေမနိုးထဘဲ သူတစ်ယောက်တည်းလွတ်လွတ်လပ်လပ်နိုးထနိုင်စေဖို့ ကျွန်တော်သူမနိုးခင်ကတည်းကအခန်းထဲကအရင်ထွက်ပေးလိုက်တယ်

သူနိုးလာရင်ကျွန်တော်ဟာသူ့ဘေးမှာရှိနေတယ်ဆိုတာနဲ့တင်သူ မနေတတ် မထိုင်တတ်တွေဖြစ်မှာကိုကျွန်တော်ကြိုသိနေတယ်။ ပြီးတော့ကျွန်တော်ယူထားပြီးတဲ့အရသာတစ်ခုကို ထိုအချိန်ကယစ်မူးခဲ့ပြီး သူ့ကိုမညှာတာနိုင်ခဲ့တာကို ကျွန်တော်သူ့ရဲ့ရှေ့မှာဝန်မခံချင်ဘူးလေ သူမှမဟုတ် ကျွန်တော်ကိုယ်တိုင်လည်း သူ့ကိုစကားပြောရမှာ သူ့ရှေ့မှာရှိနေရမှာကို ညကအဖြစ်အပျက်တစ်ခုကြောင့် ရှိုးတို့ရှန်းတန့်ဖြစ်နေမိတာကြောင့်ဖြစ်တယ်

မနက်နိုးတော့ တစ်ဝက်လောက်ဖွံ့ဖြိုးပြီးနေတဲ့ကျွန်တော့်နှလုံးသားရဲ့အသံကိုပိုပြီးပီပီပြင်ပြင်ကြားနေရတယ်

ဒီနှလုံးသားသာအကုန်အပြီးအပိုင်ဖြစ်မြောက်သွားရင်ကျွန်တော်ပိုပြီးရင်ခုန်တတ်လာလိမ့်မယ် ရင်ခုန်သံတွေကိုလည်းဒီ့ထက်ပိုပြီးပီပီပြင်ပြင်ကြားရလိမ့်မယ် ဒါကိုကျွန်တော်သိနေတယ် ပြီးတော့ ကျွန်တော့်ရဲ့ကြိုးစားမှုတွေဟာအထမြောက်နိုင်လားဆိုတာကိုသံသယတွေတသီကြီးနဲ့ကျွန်တော်ရှေံဆက်နေမိတာကိုကျွန်တော်ကိုယ်တိုင်လည်းသိတယ်

ကျွန်တော်ချစ်ပါတယ်ဆိုပြီးရွေးချယ်မိတဲ့သူဟာကျွန်တော့်ဘေးမှာ ကျွန်တော်ကြိုးစားသလောက်အမြဲတမ်းရှိနေနိုင်မှာလားဆိုတာကိုကျွန်တော်မသိနိုင်ဘူး ဒါဟာကျွန်တော့်ရဲ့ချွင်းချက်သာဖြစ်တယ်

အခုတော့ငါ့ဘေးမှာလေ လို့ပြောနိုင်နေတဲ့ "သူ" ဟာနောင်တစ်ချိန်မှာ ဘယ်ရောက်နေလဲ ဆိုပြီးကျွန်တော်ကိုယ်တိုင်ရှာဖွေပြီး တစ်ယောက်တည်းပြန်မေးနေရမယ့် "သူ" ဖြစ်လာလိမ့်မှာကို ကျွန်တော်မယုံကြည်စွာနဲ့ အယုံသွင်းထားရတယ်

ဘယ်သူက ကိုယ်နှစ်သက်တဲ့အရာတွေ ကိုယ်ချစ်တဲ့လူတွေကို ကိုယ့်ဘေးကထွက်သွားခွင့်ပေးမှာလဲ ဒီအချက်ဟာ မိစ္ဆာတစ်ကောင်ကအမြဲတမ်းလူတွေကိုချောင်းမြောင်းစားသောက်နေသလို သဘာဝကျလွန်းပါတယ် ကျွန်တော်တို့အားလုံးမလွန်ဆန်နိုင်တဲ့သဘာဝတရားပေါ့

Ephemeral TouchWhere stories live. Discover now