Ephemeral Touch Ch-5

394 53 0
                                    




Unicode

(zawgyi below)


Jungwoo's POV

ချွေးတွေဟာကျွန်တော့်ကျောပြင်မှာအပြည့်

နှဖူးမှာလည်းစီးကျရင်းတွဲခိုနေကြတဲ့ချွေးစက်တွေများစွာရှိလိုနေတယ်

လူကတော့အိပ်ရာပေါ်မှာထိုင်လျက်

ကိုယ်ပေါ်မှာကပ်နေတဲ့အဖြူရောင်စောင်ကိုကျွန်တေယ်ဖယ်လိုက်တယ်

ရင်ထဲမှာတော့ လျင်မြန်စွာလှုပ်ရှားနေတဲ့နှလုံးခုန်သံတွေ

ကျွန်တော်လန့်နိုးလာတာဖြစ်မယ်

အိပ်မက်ဆိုးကြောင့်လန့်နိုးတတ်သူကအခုတော့ နေရင်းထိုင်ရင်း စိုးရိမ်စိတ်တွေများပြီးလန့်နိုးတတ်နေပြီတဲ့လား

ချွေးတွေနဲ့ရွှဲနစ်နေတဲ့ခန္ဓာကိုယ်ကိုကျွန်တော်သိပ်ဂရုမစိုက်အား

ကျွန်တော်လန့်နိုးနိုးပြီးချင်းကြည့်လိုက်မိတာက ခေါင်းရင်းကမှန်ပြတင်းပေါက်သာဖြစ်တယ်

ခြံဝင်းထဲမှာဘယ်သူမှမရှိပေမဲ့ပတ်ဝန်းကျင်ကအမှောင်ထုထဲမှာငြိမ်သက်နေပြီဖြစ်တယ် ကျွန်တော်တစ်ရေးအိပ်ပျော်သွားတာဖြစ်မယ်

တုန်လှုပ်နေတဲ့ရင်ဘတ်ကိုကျွန်တော်လက်နဲ့ဖိထားရင်း မျကိရည်စီးကြောင်းတစ်ချို့ကိုဖောက်ပေးလိုက်မိတယ်

ဘယ်လူသားကဒီလိုအခြေအနေမှာတည်ငြိမ်နိုင်မှာလဲ ဘယ်အချိန်လာစားမလဲ ဘယ်အချိန်မှာကျွန်တော့်ရဲ့နောက်ဆုံးထွက်သက်ဟာဒီမိစ္ဆာကောင်ရဲ့ပါးစပ်ထဲမှာပျောက်ကွယ်သွားရမလဲ အသည်းထိအောင်နာကျင်မှုတွေပေးနိုင်လွန်းတဲ့သူ့ရဲ့သွားစွယ်ဖျားအောက်မှာငြိမ်သက်စွာနေနေရတာတွေ။ ကျွန်တော်အမြဲရင်တထိတ်ထိတ်နဲ့စိုးရိမ်ပြီးနေနေရတာ။ လူသားတစ်ယောက်ရဲ့အကြောက်တရားရဲ့အဘိဓာန်ကစာရွက်တွေပိုထူလာစေတယ်

ပါးပြင်ပေါ်ကမျက်ရည်တွေကိုသုတ်လိုက်ပြီး ခေါင်းရင်းကမှန်ပြတင်းပေါက်ကိုကာထားတဲ့လိုက်ကာအဖြူတွေကိုဖြုတ်ချလိုက်တယ် ဆုပ်ကိုင်ထားမိတဲ့လိုက်ကာတွေကိုကြည့်ရင်းကျွန်တော်အသက်ဝဝရှူလိုက်တယ်

Ephemeral TouchWhere stories live. Discover now