Ephemeral Touch Ch-4

392 61 1
                                    




Unicode

(zawgyi below)


Lucas' POV

ခံတွင်းကတစ်ဆင့် ၊ လည်မျို ၊ လည်မျိုကတစ်ဆင့်တစ်ကိုယ်လုံးကိုဖြတ်သန်းစီးဆင်းသွားတဲ့ သွေးတစ်ချို့ဟာမထင်မှတ်လောက်အောင်ကိုအားပြည့်နေစေခဲ့တယ်

ကျွန်တော်စားဖူးခဲ့တဲ့ဝိညာဉ် ကျွန်တော်သောက်ဖူးခဲ့တဲ့သွေး ကျွန်တော်အနံ့ခံရင်းနမ်းရှိုက်ခဲ့ဖူးတဲ့လူသားကိုယ်သင်းနံ့တို့ဟာ ဒီကောင်လေးရဲ့အသွေးအသားနဲ့နည်းနည်းလေးမှတူမနေခဲ့။ ဗိုက်ဝရုံလောက်နဲ့အဆာပြေရုံလောက်ပဲဖောက်ပံ့ပေးနိုင်တဲ့ ကျွန်တော်စားသောက်ခဲ့ဖူးတဲ့သက်ရှိလူသားတွေရဲ့အသွေးအသားထက်ကိုသာလွန်နေတယ်။

ကျွန်တော့်ရဲ့အားအင်ကိုတိုးသွားစေနိုင်တဲ့အထိဖောက်ပံ့ပေးနိုင်တဲ့ ဒီကောင်လေးရဲ့သွေးကမိစ္ဆာတွေအတွက်နှစ်ပေါင်းများစွာရှာဖွေနေတဲ့ တစိမ့်စိမ့်နဲ့သောက်ရင်းယစ်မူးတဲ့အရသာကိုဇိမ်နဲ့ခံစားနိုင်စေတဲ့ဝိုင်တစ်ခွက်လိုပဲ...

ဒါဟာသွေးပဲရှိသေးတယ်

သိပ်ကိုချိုမြိန်လွန်းပါတယ်ဆိုတဲ့သွေးပိုင်ရှင်ဟာ ခပ်အေးအေးလူတစ်ယောက်ဖြစ်ဖို့များတယ် လောကမှာဖြစ်ပျက်နေသမျှအရာအားလုံးဟာသူ့ရဲ့ကိစ္စမဟူတ်သလိုမျိုးမှတ်ယူထားပြီးတစ်ယောက်တည်း ထီးထီးကြီးနေတတ်တဲ့လူတစ်ယောက်များလား

လူသားတွေက ကိတ်မုန့်ဖုတ်တဲ့ရနံ့ဟာမွှေးလွန်းတယ်လို့ပြောကြတယ် ခပ်သင်းသင်းလေးနဲ့ ခံစားချက်တွေကိုအီစိမ့်နေအောင် သံစဉ်အတိုင်းသွားစေနိုင်တဲ့ ကိုယ်သင်းနံ့ပိုင်ရှင်ဒီကောင်လေးကရော ကိတ်မုန့်ကိုမွှေးတယ်လို့များလာပြောဦးမလား

ကျွန်တော့်ရဲ့အိမ်တော်ထဲကိုသူ့သဘောနဲ့ရောက်လာတဲ့ကောင်လေးကအခုတော့ဖြင့်ကျွန်တော်သိပ်မက်မောရတဲ့အစာတစ်ခုဖြစ်နေလေရဲ့။ ဖမ်းစားစရာမလိုတဲ့အစာတွေဟာသိပ်ကိုပေါပြီးညံ့ဖျင်းလွန်းတယ်လို့စိတ်စွဲခဲ့လေသမျှဟာ အခုတော့ ကျွန်တော့်ရဲ့ခပ်နက်နက်တောင်ပံအောက်ကို အကာအကွယ်အနေနဲ့အမှတ်မှားပြီး အလိုလိုခိုဝင်လာတဲ့ကောင်လေးနဲ့တွေ့မှ အမှတ်ခြစ်ခဲ့ရလေတယ်

Ephemeral TouchWhere stories live. Discover now