Ephemeral Touch Ch-3

396 67 0
                                    




Unicode

(zawgyi below)


Jungwoo's POV

""ငါ့အိမ်တော်ထဲကိုအခွင့်မရှိဘဲဝင်လာတာဘယ်သူလဲ"

ခပ်ဩဩအသံတစ်သံက အိမ်ကြီးရဲ့ဘယ်နေရာ ၊ ဘယ်ထောင့်ကမှန်းမသိထွက်လာခဲ့တယ်

ကျွန်တော်ရဲ့ဘေးပတ်ပတ်လည်ကိုကြည့်ခဲ့ပေမဲ့အသံပိုင်ရှင်ကိုမတွေ့ရ။

ကျွန်တော့်ရဲ့အနောက်ဘက်ကိုထပ်လှည့်ကြည့်လိုက်တော့ ကြောင်လိမ်လှေကားရဲ့တစ်ဝက်မှာလူတစ်ယောက်ရပ်လျက်ကျွန်တော့်ကိုစိုက်ကြည့်နေတာကိုကျွန်တော်တွေ့လိုက်ရတယ်

စောနကတွေ့ခဲ့ရသော ပန်းချီကားချပ်ဘေးမှာရပ်နေတဲ့သူကကျွန်တော့်ကိုစူးရှလွန်းတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေဆဲဖြစ်တယ်

​လူမရှိပါဘူးလို့စိတ်စွဲမှတ်ထားပေမဲ့အခုတော့လူနေနေဆဲအိမ်ဟောင်းတစ်ခုဖြစ်နေခဲ့ပါလား

ကျွန်တော်ပြန်ဖြေဖို့ဆွံ့အနေခဲ့ပြီးမေးသူကိုတုန်လှုပ်စွာနဲ့ပြန်ကြည့်နေခဲ့တယ် ကျွန်တော်ငယ်ငယ်က ဖန်ခွက်ကျကွဲရင် "နင်ကတော်တော်ကောင်းကျိုးမပေးတဲ့မိစ္ဆာကောင်လေးပဲ ဘာလို့အဲ့လောက်တောင်ကောင်းကျိုးမပေးရတာလဲ" လို့ဆူပူပြီးမေးတတ်တဲ့အမေ့ကိုပြန်ကြည့်နေသလိုမျိုးပေါ့

ကြောင်လိမ်လှေကားရဲ့အလယ် ပန်းချီကားဘေးမှာရပ်နေတဲ့ထိုလူရဲ့မျက်နှာဟာ သူ့အထက်ကနေနောက်တစ်ရစ်လိမ်တက်နေတဲ့လှေကားထစ်အကွေ့ကြောင့်အရိပ်ကျနေတယ် သို့သော်သူ့ရဲ့မျက်နှာဟာ အခွင့်မရှိဘဲဝင်လာတဲ့ကျွန်တော့်ကိုဒေါသထွက်နေလို့မာန်ဖီနေတဲ့ကျားတစ်ကောင်ရဲ့မျက်နှာအနေအထားဖြစ်နေခဲ့တယ်

အနက်ရောင်တွေချည်းရှိတဲ့အဝတ်အစားတွေကိုသာဝတ်စုံပြည့်ဝတ်ဆင်ထားတယ် အပေါ်ရုံကုတ်အကျီအရှည်ကအစအနက်ရောင်ပဲဖြစ်တယ်

ကျွန်တော်သူ့ကိုပြန်ဖြေဖို့ခေါင်းထဲမှာအဖြေရှာနေရင်းနဲ့သူ့ကိုတုန်လှုပ်စွာငေးကြည့်နေတုန်းမှာပဲ ကြောင်လိမ်လှေကားတစ်ဝက်မှာရပ်နေတဲ့သူဟာကျွန်တော့်ရှေ့ကို လေတစ်ချက်ဝှေ့တိုက်လိုက်သလို ဖျတ်ခနဲရောက်လာတယ်

Ephemeral TouchWhere stories live. Discover now