Love on you -0

33.2K 1K 10
                                    

~Zawgyi~





"ကောင်းပြီ ထိုင်ပါဦး








~~~~~~~~~~~~~
~Uni~

"Dr.Xaio ဆေးရုံအုပ်ကdutyပြီးရင်ခဏလောက်လာတွေ့ပါဦးတဲ့"

"ဟုတ်ကဲ့ ကျွန်တော်လာခဲ့ပါ့မယ်"

သူနာပြုဆရာမလေးပြောပြီးထွက်သွားတော့မှလုပ်စရာရှိတာတွေလက်စသပ်ရင်းအနည်းငယ်သာကျန်တော့တဲ့dutyချိန်ကိုကုန်ဆုံးစေလိုက်ပြီးဆေးရုံအုပ်ဆီသို့သွားလိုက်သည်

"ကျွန်တော်ရောက်ပါပြီ ဆရာ"

"ကောင်းပြီ ထိုင်ပါဦး
Dr.Xiao ကိုဆရာတစ်ခုလောက်အကူအည်ီတောင်းချင်လို့"

"ဘာများလဲ ဆရာ ကျွန်တော်ကူညီနိုင်တာဆိုရင်ကူညီပေးပါ့မယ်''

"ဆရာ့ မိတ်ဆွေရဲ့ညီလေးတစ်ယောက်လွန်ခဲ့တဲ့တစ်လလောက်ကကားaccidentဖြစ်ပြီးအောက်ပိုင်းထိသွားတယ် အဲ့တာသူ့ကိုအနီးကပ်စောင့်ရှောက်ကုသပေးနိုင်တဲ့ယုံကြည်လို့ရမယ့်ဆရာဝန်တစ်ယောက်လောက်လိုချင်တယ်ဆိုပြီးဆရာ့ကိုအကူအညီလာတောင်းတာနဲ့ ဆရာလည်းDr.Xiaoကိုသတိရမိလို့ အကူအညီတောင်းချင်လို့ ဆရာ့ကိုကူညီပေးနိုင်မလား"

"ကူညီပေးလို့တော့ရပေမဲ့ အနီးကပ်ဆိုတော့ အဲ့မှာပဲအချိန်ပြည့်နေရမှာလားဆရာ အဲ့တာဆိုဆေးရုံကရော..''

"အနီးကပ်ဆိုပေမဲ့အချိန်ပြည့်တော့မဟုတ်ပါဘူး
အဲ့အိမ်မှာနေပြီးလိုအပ်ရင်လိုအပ်သလိုလူနာရဲ့ကျန်းမာရေးကိုဂရုစိုက်ပေးယုံပါဘဲ duty ချိန်တွေကိုတော့ ဆရာအားလုံးအဆင်ပြေအောင်ပြန်လုပ်ပေးမယ် အဲ့အတွက်တော့စိတ်မပူနဲ့"

ထိုမျှလောက်ဆိုလျှင်ငြင်းလို့ကောင်းမည်မဟုတ်တာကြောင့်

"ဟုတ်ကဲ့ ကျွန်တော်ကူညီပေးပါ့မယ်"

ကုန်လွန်ပြီးသောအတိတ်စာမျက်နှာအား ပြန်လည်တူးဆွရန်ကံကြမ္မာစေစားခဲ့သည့်လှပလွန်းသောလှည့်ကွက်ငယ်တစ်ခု

~~~~~~~~~~~~~

   

Love on youWhere stories live. Discover now