Part-16

333 35 12
                                    


ခြံဝန်းထဲ ခြေချမိသည်နှင့် အရင်ဆုံး ခံစားမိသည်က မွှေးပျံ့နေသော ပန်းရနံ့ ဖြစ်သည်။ စံပယ်ပန်း ရနံ့ ဖြစ်၏။ အနံ့လေးက လတ်ဆတ်လွန်းကာ ခြံထဲတွင် ဘယ်စံပယ်ပန်းကိုမှ မတွေ့ရတာတော့ ထူးဆန်းသည်။

အိမ်လေးက အနေတော်လေး ဖြစ်ပြီး ချစ်စရာ ကောင်းနေသည်။ ခြံထဲမှာလည်း အမှိုက် မရှိ၊ သစ်ရွက်ကြွေ မရှိ။ လှဲကျင်းထား၍ သန့်ရှင်းနေသည်။ အိမ်တံစက်မြိတ်အောက်၌ ဖော်ထားသော ရေမြောင်းကလည်း သပ်သပ်ရပ်ရပ်။

"ထိန်ထိန်ရေ ကိုယ်လာခဲ့မယ်နော်"

"မလာနဲ့!"

အိမ်ထဲမှ အသံလေးကြောင့် စိတ်မဆိုးနိုင်ဘဲ ရှိန်းဟန် ပြုံးမိသည်သာ။ အလိုလို ပျော်မိသည်။ ဒီအထိ ရောက်လာခဲ့ပါပြီ။ နောက်ပြန်လှည့်ဖို့လည်း စိတ်မကူးနိုင်။

"မလာနဲ့ဆိုလို့ ကိုယ်က ပိုလာချင်သွားပြီကွာ"

အသံကျယ်ကျယ် လှမ်းပြောရင်း အိမ်တံခါးဝမှ ဝင်ပြီးနောက် အိမ်ထဲတွင် တံမြက်စည်းရိုးကို ကိုင်ထားသော ထိန်လင်းကို တွေ့လိုက်ရသည်။ မျက်လုံးတွေက ပြူးကျယ်နေကာ မျက်မှောင်ကြုတ်ထားပုံက သူ့ကို အလိုမရှိနေပုံ။ တကယ်မလာစေချင်မှန်း သိသာလွန်းသည်။

"ကိုယ့်ကို ကြောက်နေတာလား"

"..."

"လက်ထဲက ဟာကြီး ချထားလိုက်ပါလားကွာ။ ကိုယ်က မင်းကို အန္တရာယ်ပြုမယ့် လူ မဟုတ်ရပါဘူးကွာ"

"ပြုလို့လည်း မရဘူး။ ပြုရဲရင် ပြုကြည့်လိုက်‌လေ။ သူသေ ကိုယ်သေပဲ။ ခင်ဗျားလောက်က စာမဖွဲ့ဘူး"

လက်ထဲက တံမြက်စည်းကို ဘုန်းခနဲ ပြစ်ချလိုက်သောကြောင့် ရှိန်းဟန်သည် ရိုးတွင်းခြင်ဆီထဲအထိ တုန်တက်သွားသည်။ ခန္ဓာကိုယ်အနှံ့ ကြက်သီးဖုများ ထလာသောကြောင့် ပြေးပေါက်ကိုသာ ရှာထားမိလေသည်။

"မင်းက လူပုစိတ်တိုပဲ"

ရှိန်းဟန် ကြောက်မိသော်လည်း ထိန်လင်းအနား တိုးသွားလိုက်သည်။ အသံက တုန်ရင်နေမှန်း ပြောပြီးမှပဲ သတိထားမိ၏။

"ခင်ဗျားက ဘယ်လောက် ရှည်နေလို့လဲ"

ရှိန်းဟန်၏ ထိန်လင်းကို ခြေ‌ဖျားမှ ခေါင်းအထိ တစ်ခေါင်အနည်းဆုံး စိစစ်ပြီး ကြည့်သည်။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now