Part-2

1K 70 12
                                    



"အစ်ကို.. ကျွန်တော့်ကို အရင်ဆုံး ကျောင်းအုပ်ဆရာကြီးရဲ့ အိမ် ပို့ပေးနော်။ ပြီးမှ တည်းရမယ့် အိမ်ကို သွားမယ်"

"တည်းရမယ့် အိမ်ကို သိလား ညီလေး"

"မသိဘူး အစ်ကို။ ကျောင်းအုပ်ဆရာကြီး လိုက်ပြပေးမှာ။ အိမ်သော့က ဆရာကြီးဆီမှာ ရှိတာ"

"ဒါဆို ကျောင်းအုပ်ဆရာကြီးရဲ့ အိမ်ကို လမ်းညွှန်ပေတော့ ညီလေးရေ"

"ဟုတ်ကဲ့ အစ်ကို။ အဲ့ဒိီလမ်းကို ဆက်မောင်းနော်။ ရှေ့မှာ အကွေ့ရှိတယ်။ ဘယ်ဘက်ကို ကွေ့။ လမ်းဆုံးက အိမ်က ဆရာကြီးရဲ့ အိမ်ပဲတဲ့"

"အေးအေး"

ရွာထဲသို့ ဝင်ဝင်ချင်းမှာ လိုက်ထရက်ကား မောင်းသော အစ်ကို့ကို သွားရမည့် ဆရာကြီးအိမ်အား ညွှန်ပြလိုက်သည်။ အိမ်အဝင်တွင် "အေးမြကန်ရွာမှ ကြိုဆိုပါသည်" ဟူသော ရွာဆိုင်းပုဒ်ကို ဖတ်ရှုလိုက်ရသည့်အခါတွင် ရင်ထဲ၌ အေးစိမ့်သွားသည်။ အရင်က တစ်ခါမှ မရောက်ဖူးသော်လည်း ဖုန်းထဲကနေတစ်ဆင့် ညွှန်ပြလာသော ဆရာကြီး၏ စကားအတိုင်း ကားကို ဆက်မောင်းခိုင်းခြင်းသာ ဖြစ်သည်။

လမ်းအကွေ့ကို ရောက်ပြီး လမ်းဆုံးသည့်အခါ ဘယ်အိမ်မှန်း မသိ၍ ထိန်လင်းသည် ဆရာကြီးကို ဖုန်းဆက်လိုက်သည်။ ဖုန်းက ပထမအကြိမ် ဝင်သွားပြီးနောက် ချက်ချင်းပင် တစ်ဖက်က ဖုန်းကို ကိုင်လာသည်။

"Hello ဆရာကြီးလား။ ကျွန်တော် ဇမ္ဗူထိန်လင်းမာန်ပါ"

"ဪ ရောက်ပြိီလား ဆရာလေး"

"ရောက်ပြီ ဆရာကြီး။ ဆရာကြီးအိမ် ဘယ်အိမ်မှန်း မသိလို့ ရွာလယ်လမ်းမှာ ကားရပ်ထားတယ်"

"လိုက်ထရက်ကား အဖြူလား ဆရာလေး"

"ဟုတ်ကဲ့ ဆရာကြီး"

"ဟုတ်ပြိီ ဆရာလေး။ ဆရာကြီး အခုပဲ လာခဲ့မယ်။ အိမ်ပေါ်က လှမ်းကြည့်တာ ကားကို လှမ်းမြင်နေရတယ်"

"ဟုတ်ကဲ့ ဆရာကြီး"

ထိန်လင်း ဟိုဟိုဒီဒီ လှည့်ကြည့်နေရင်း သိပ်မဝေးသော ခြံထဲမှ ဆိုင်ကယ်အနီရောင် တစ်စိီး မောင်းထွက်လာတာကို မြင်လိုက်ရပါသည်။ အနားရောက်လာမှ ဆိုင်ကယ်ပေါ်က လူဟာ ကျောင်းအုပ်ဆရာကြီး ဖြစ်နေမှန်း သိလိုက်ရပါသည်။

နှလုံးသားနယ်မြေ ကျူးကျော်ခွင့် ရှိသည်။Where stories live. Discover now